ဂရင်းဝုဒ် အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်းဆိုဈေး အပေါ် ဘာစီလိုနာ တုန့်ပြန်ပြီ

ဘာစီလိုနာ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူလိုနေပေမယ့် ယူနိုက်တက် သတ်မှတ်လိုက်တဲ့ ယူရို သန်း ၅ဝ (ပေါင် ၅၁.၃ သန်း) ကို မပေးနိုင်ဘူးလို့ တုန့်ပြန်လာပြီ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ မန်ချက်စတာ နေဖို့ အဆင်မပြေသေးတာကြောင့် နွေတုန်းက ဂီတာဖေး အသင်းထံ အငှား ပြောင်းရွှေ့ ကစားနေတာပါ။

အသက် ၂၂ နှစ် အရွယ် တိုက်စစ်သမားဟာ လူမှုရေး ပြသနာတွေကြောင့် အမျိုးသမီး ပရိသတ်တွေရဲ့ ခါးသီး ငြိုငြင်မှု ခံယူထားရပါတယ်။ အဲရစ် တန်ဟက်နဲ့ ယူနိုက်တက် တာဝန်ရှိသူတွေ ဘက်က ဂရင်းဝုဒ်ကို ခေါ်ထားချင်ပေမယ့် ပရိသတ်တွေ ဆန့်ကျင်မှုကြောင့်သာ အငှား စေလွှတ်ထားတာပါ။

ဒါပေမယ့် စပိန်မှာ အငှား ကစားရင်း ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းကြီးတွေ ရှိလာပြီး ဘာစီလိုနာ၊ အက်သလက်တီကို တို့လည်း ပါဝင်နေပါတယ်။

ဒီအပတ် အစောပိုင်းကပဲ ယူနိုက်တက် ဘောလုံး ဒါရိုက်တာ John Murtough နဲ့ ညှိနှိုင်းရေး ဒါရိုက်တာ Matt Hargreaves တို့ဟာ ဘာစီလိုနာ အားကစား ဒါရိုက်တာ Deco နဲ့ အေးဂျင့် နှစ်ယောက် အပါအဝင် ဘာစီလိုနာမှာ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

စပိန်အခြေစိုက် သတင်းတွေ အဆိုအရ ယူနိုက်တက်ဟာ ဂရင်းဝုဒ် အပြောင်းအရွှေ့ အတွက် ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘာစီလိုနာ ဘက်ကတော့ ယူနိုက်တက်ရဲ့ ဂရင်းဝုဒ် အတွက် သတ်မှတ်ဈေး မပေးနိုင်ဘူးလို့ တုန့်ပြန်ခဲ့ကြောင်း သိရပါတယ်။ ယူနိုက်တက်က ဂရင်းဝုဒ် အတွက် ယူရို သန်း ၄၀ – ၆၀ ကြား ရရှိချင်နေတာပါ။

ယူနိုက်တက် ဆိုဈေးဟာ ဘာစီလိုနာ ရဲ့ အသုံးစရိတ် မှန်းထားတာထက် များပြားနေပြီး ခေါ်ယူနိုင်ဖွယ် မရှိပါဘူး။ ဒါကြောင့် ကတ်တလန် ကလပ်ဟာ ဂရင်းဝုဒ် ကို ဆက်လက် စောင့်ကြည့်နေဖွယ်သာ ရှိပါတယ်။

ယူနိုက်တက် ပူးတွဲပိုင်ရှင်သစ် ဖြစ်လာတဲ့ ဆာဂျင် ရက်ကလစ်ဖ်ကတော့ ဂရင်းဝုဒ် မန်ချက်စတာ ပြန်လာမှာကို တံခါးဖွင့် ကြိုနေမယ် လို့ ဆုံးဖြတ်ထားပြီး အပြောင်းအလဲသစ်တွေလည်း ဖြစ်လာနိုင်ပါတယ်။