ဟယ်ရီကိန်း ပုံပြင်ကို မယုံတော့တဲ့ ဂန်းနားများ၊ အိုင်ဆက်၊ စပိန် ကွင်းလယ်ပစ်မှတ်နဲ့ နောက်ဆုံးရ အာဆင်နယ် ထူးခြား သတင်းများ

အာဆင်နယ် ကွင်းလယ် ကစားသမား သောမတ်စ် ပါတေးဟာ ဒီလထဲ ဂါနာအသင်းရဲ့ လူစာရင်း ရွေးချယ်မှု မှာ မထည့်ဖို့ ကိုယ်တိုင် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်က ဒီနွေမှာ နယူးကာဆယ် တိုက်စစ်ကြယ်ပွင့် အလက်ဇန်းဒါး အိုင်ဆက် ကို ခေါ်ယူဖို့ လှုပ်ရှားလာဖွယ် ရှိပါတယ်။ နယူးကာဆယ်ကလည်း ဘဏ္ဍာရေး စည်းမျဉ်း မငြိအောင် ထိန်းဖို့ အိုင်ဆက်ကို အရောင်းစာရင်းမှာ ထည့်သွင်းဖို့ ရှိနေပါတယ်။

နည်းပြ အာတီတာက သူ့အသင်းမှာ တိုက်စစ်မှုး တစ်ဦး ထပ်ဖြည့်လိုနေပြီး အိုင်ဆက် အပြင် ဘိုလော့နာမှ Joshua Zirkzee၊ ဘရန့်ဖို့ဒ်မှ တိုနေးနဲ့ နာပိုလီမှ အိုဆင်ဟမ် တို့ကို ချိန်ရွယ် စဉ်းစားနေကြောင်းလည်း သတင်းထွက်နေပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်ဆိုစီဒက်မှ စပိန်သား ကွင်းလယ် ကစားသမား Martin Zubimendi ကို နွေမှာ ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၆ဝ ရှိ နေပြီး ၎င်းကို ဘိုင်ယန်၊ အေစီနဲ့ ဂျူဗင်တပ်တို့ကလည်း အလိုရှိနေတာပါ။

ပရီးမီးယားလိဂ် လန်ဒန်အသင်းကြီးတွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့က လိုက်ပ်ဇစ် ကြယ်ပွင့် Benjamin Sesko ကို နွေမှာ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။ ကစားသမားရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၄၃ သန်း ရှိပြီး နှစ်သင်းလုံးက ထိုပမာဏကို ပေးလိုနေပါတယ်။

အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် ဟာ ဒဏ်ရာ ပြသနာ ရှိနေတာကြောင့် ဘရာဇီးအသင်း လူစာရင်းကနေ ဖယ်ထုတ်လိုက်ကြောင်း ဘရာဇီး ဘောလုံး အဖွဲ့ချုပ်က အတည်ပြုသွားပါတယ်။

အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲ မတိုင်ခင်မှာ တိုက်စစ်မှုး ဟယ်ရီကိန်းက ပါဝင် ကစားနိုင်ဖို့ fit ဖြစ်၊ မဖြစ် စစ်ဆေးရဦးမယ်လို့ ဘိုင်ယန်ဘက်က ဆိုပေမယ့် အာဆင်နယ် ပရိသတ်တွေကတော့ ကိန်းက ပွဲနီးရင် ပြန်လာတာပဲ ဖြစ်ကြောင်း မယုံကြည်စွာ ပြောဆိုနေကြပါတယ်။