ဒီရာသီ ချန်ပီယံ ဖြစ်မသွားစေချင်တဲ့ အသင်း ရှိကြောင်း ထုတ်ဖော် ပြောဆိုလာတဲ့ ဆာအဲလက်စ် ဖာဂူဆန်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ ဒီရာသီ သူ ချန်ပီယံ မဖြစ်စေချင်တဲ့ အသင်းအကြောင်း ထုတ်ပြောမှု လုပ်လာပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့ဟာ ပွဲစဉ် ၁၀ ပွဲပဲ ကျန်ရှိချိန်ထိ ချန်ပီယံ ဖြစ်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာပါ။

စပိန် လာလီဂါမှာတော့ ရီးရဲလ်မက်ဒရစ်က ဇယားထိပ်မှာရှိနေပြီး ပြင်သစ်မှာ ပီအက်စ်ဂျီက ဦးဆောင်နေကာ စီးရီးအေမှာတော့ အင်တာမီလန် ဖြစ်ပါတယ်။

ဘွန်ဒက်လီဂါမှာတော့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်ကို ၁၀ မှတ်ဖြတ်ပြီး လေဗာကူဆင်တို့ ဇယားထိပ်မှာ ရှိနေတာပါ။

ဂျာမာန်ကလပ် ဖရန့်ဖတ်အသင်းရဲ့ တစ်သက်တာ မန်ဘာအဖြစ် ချီးမြှင့်ခြင်း ခံခဲ့ရတဲ့ ဆာအဲလက်စ်ကတော့ သူဟာ underdog အသင်း ချန်ပီယံဖြစ်တဲ့ ဇာတ်လမ်းမျိုးကို ပိုသဘောကျတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

‘ ကျနော်ကတော့ အောက်အသင်းတွေကိုပဲ အမြဲတမ်း နိုင်စေချင်တာပါ။ ဒီလိုပြောတာကို ဘိုင်ယန် ပရိသတ်တွေကတော့ သဘောတူမယ် မထင်ဘူး။ ဒါပေမယ့် ဂျာမနီက ကြားနေပရိသတ်တွေ အားလုံးကလည်း ကျနော်လိုပဲ သဘောထားပါလိမ့်မယ်။

ဘိုင်ယန်မြူးနစ် မဟုတ်တဲ့ အသင်းတစ်သင်းက ချန်ပီယံ ဖြစ်သွားဖို့ ကျနော် တကယ်ကို မျှော်လင့်ပါတယ်။ ’ လို့ ဆာအဲလက်စ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။