ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (03-09-20)
ယူနိုက်တက် အနေနဲ့ နောက်ရာသီမှာ ဖလားစိန်ခေါ်နိုင်သူ ဖြစ်ချင်ရင် ချယ်ဆီး ကွင်းလယ်လူ ကန်တေကို ခေါ်ဖို့ စဉ်းစားသင့်တယ်လို့ ပဲလေ့စ်တောင်ပံကစားသမား အန်ဒရို တောင်းဆန်က တိုက်တွန်း ပြောဆိုပါတယ်။ ကန်တေဟာ ယူနိုက်တက် ကွင်းလယ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို ကန်တေက အကောင်းဆုံး ပံ့ပိုးနိုင်မယ်လို့ တောင်းဆန်က ထောက်ပြခဲ့ပါတယ်။
ချယ်ဆီး နောက်ခံလူငယ် ကစားသမား ရီစီဂျိမ်းစ်ဟာ လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တဲ့နောက် အင်္ဂလန်ရဲ့ ယူ ၂၁ လူစာရင်းကနေ ပြန်လည် ဖယ်ထုတ်ခံခဲ့ရပါတယ်။
အေစီမီလန်ဟာ ဘာကာယိုကို ကို ခေါ်ယူဖို့ အတွက် ချယ်ဆီး အသင်းနဲ့ ဆွေးနွေးနေပေမယ့် အခက်အခဲရှိလာရင် ပစ်မှတ်ပြောင်းဖို့ နောက်ထပ် အရန် ပစ်မှတ် နှစ်ယောက်ကိုလည်း စဉ်းစားထားပြီးသား ဖြစ်ပါတယ်။
ချယ်ဆီး အသင်း အနေနဲ့ ဂိုးသမားအသစ် မခေါ်ဘူးဆိုရင် လာမယ့် ရာသီမှာ လီဗာပူးနဲ့ မန်စီးတီးအသင်းတွေကို လိုက်မမီနိုင်ဘူးလို့ လီဗာပူးဂန္တဝင် စတိဗ်နီကိုးလ်က ပြောဆိုခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ချယ်ဆီးရဲ့ ၁၆နှစ်အရွယ် တောင်ပံကစားသမား ဆမ်မြူရယ် အိုင်လင်း ဂျူနီယာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။
ချယ်ဆီး နည်းပြ လမ်းပတ်ဟာ လာမယ့်ရာသီမှာ မန်စီးတီး၊ လီဗာပူးတို့ကို စိန်ခေါ်ပြီး ပရီးမီးယားလိဂ် ဖလားအတွက် တိုက်ပွဲဝင်ဖို့ ရည်မှန်းထားတယ်လို့ တိုက်စစ်မှူး တီမိုဗာနာက ဖော်ထုတ် ပြောဆိုခဲ့ပါတယ်။
ဒီနွေမှာ ချယ်ဆီး အတွက် တီမိုဗာနာနဲ့ ဟာကင်ဇီယက်တို့ ရောက်လာပေမယ့်လဲ ကွင်းလယ်သမား ကန်တေ ဟာ လမ်းပတ်ရဲ့ အရေးအကြီးဆုံး ကစားသမား ဖြစ်နေဆဲပါလို့ ဂျင်မီဖလွိုက် ဟက်ဆယ်ဘိုင့် က ယုံကြည်နေပါတယ်။
ရန်းနက်စ် အသင်းဟာ ဂိုးသမား အီဒူရတ် မန်ဒီ နေရာ အစားထိုးဖို့ ရရှိသွားခဲ့တဲ့နောက် ချယ်ဆီး အတွက် ဂိုးသမား မန်ဒီကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ပိုများလာခဲ့ပါတယ်။