ဂန်းနားတို့နဲ့ မတွေ့ခင် ပြန်လာတဲ့ ပြိုင်ဘက်များ၊ ကိုင်ဟာဗက်ဇ်၊ ပါတေး၊ ရိုက်စ်၊ အိုဇေးလ်နဲ့ အာဆင်နယ် ထူးခြား သတင်းများ စုစည်းမှု

အာဆင်နယ် တိုက်စစ်သမား ကိုင်ဟာဗက်ဇ်ဟာ ဂျာမနီနဲ့ ပြင်သစ်ပွဲမှာ တိုက်စစ်ပိုင်းက ဦးဆောင် ကစားခွင့်ရခဲ့ပါတယ်။ သူဟာ နောက်ဆုံး ကစားခဲ့တဲ့ ဂျာမနီပွဲမှာ ဘယ်အစွန်လူ နေရာက ပွဲထွက်ခဲ့ရတာပါ။

ဒီရာသီ အာဆင်နယ်အသင်းဟာ စွမ်းဆောင်ရည် သိပ်ကောင်းနေတာကြောင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်တယ်လို့ အားကစားဒါရိုက်တာ အီဒူးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒဏ်ရာရနေတဲ့ ဂိုးသမား နူအာဟာ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲ မတိုင်ခင် ဘိုင်ယန်မြူးနစ် လေ့ကျင့်ရေးမှာ ပြန်ပါလာမှာပါ။

ဒီနွေမှာတော့ ပါတေးဟာ အာဆင်နယ် တာဝန်ရှိသူတွေနဲ့ စကားပြောမှာဖြစ်ကာ လာလီဂါဘက်ကို ပြန်သွားဖို့ စိတ်အား ထက်သန်နေပါတယ်။

ဒဏ်ရာကြောင့် နော်ဝေ လူစာရင်းကနေ နှုတ်ထွက်ထားတဲ့ စီးတီး တိုက်စစ်မှုါ် ဟာလန်းဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲ မတိုင်ခင် ပြန်သက်သာလာမှာပါ။

လုပ်ခအများဆုံးရ အင်္ဂလန်သား ကစားသမားများစာရင်းမှာ ဒီကလန်ရိုက်စ်က အဆင့် ၅၊ ဆာကာက အဆင့် ၈ နေရာတွေက ပါဝင်လာပါတယ်။

အာဆင်နယ် ဟာ နွေတုန်းက မေဆန်မောင့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ကိုင်ဟာဗက်ဇ်ကို ပြောင်းလဲ ခေါ်ယူခဲ့တာလို့ ရိုမန်နိုက ဆိုပါတယ်။

ဂန်းနားဟောင်းကြီး အိုဇေးဟာ ကစားသမားဘဝက အနားယူပြီးတဲ့နောက် ရုပ်ပိုင်းဆိုင်ရာကို အသားပေး လေ့ကျင့်နေပြီး ဝိတ်တွေ တက်ကာ မမှတ်မိလောက်အောင် လူထွားကြီး ဖြစ်နေပါတယ်။