ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (03-09-20)

အာဆင်နယ်အသင်းဟာ အောက်တိုဘာ ၃ ရက်နေ့ ရှက်ဖီးယူနိုက်တက်နဲ့ အိမ်ကွင်းပွဲကျရင် အမ်းမရိတ်စ်ကွင်းထဲကို ပရိသတ် ၁သောင်းခွဲလောက်အထိ ဝင်ခွင့်ပေးဖို့ စီစဉ်ထားကြောင်း ကြေညာခဲ့ပါတယ်။

အာဆင်နယ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ လူးကပ်စ် တော်ရဲရားကို ဖီအိုရင်တီးနားက ၂နှစ် အငှားခေါ်ယူလိုနေပြီး အငှားသက်တမ်းကုန်ဆုံးသွားရင် အပြီးသတ်ဝယ်ယူခွင့်လဲ စာချုပ်မှာ ပါဝင်မှာဖြစ်ပါတယ်။

အာတီတာရဲ့ အာဆင်နယ် အသင်းမှာ ကစားချိန် ကောင်းစွာ မရခဲ့တဲ့ ကိုလာစီနက်ဟာ ဒီနွေမှာ ရောင်းထုတ်ခံရတော့မှာဖြစ်ပြီး ၎င်းကို ရှော်ကေးက အငှားခေါ်ယူဖို့ အလိုရှိနေပေမယ့် လေဗာကူဆင်ကလဲ စိတ်ဝင်စားလာနေပါတယ်။

အာဆင်နယ်ဟာ ဒုတိယမြောက် နွေအပြောင်းအရွှေ့အဖြစ် မက်ဂါးလက်စ်ကို ပေါင်၂၅သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် ဒန်နီဆီဘယ်လော့၊ သောမတ်စ်ပါတေး၊ ဟက်ဆန် အော်ရေး တို့ကို ထပ်မံခေါ်ဖို့ ချိတ်ဆက်နေပြီး တိုက်စစ်မှူး အူဘာမီးယန်းကိုလဲ သက်တမ်းတိုး စာချုပ်ချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ချိတ်ဆက်မှုရှိနေတဲ့ ဂွမ်ဒူဇီဟာ FA ဖလားရတုန်းကတောင် အင်စတာဂရမ်မှာ ပုံမတင်ခဲ့ပေမယ့် အခုအခါမှာတော့ ပြင်သစ်အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေတဲ့ပုံကို တင်ခဲ့ပြီး အပြောင်းအရွှေ့ ကောလာဟလတွေ ကို ပိုမိုဆူညံစေခဲ့ပါတယ်။

စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်လာတာကြောင့် သက်တမ်းတိုးဖို့ဆွေးနွေးနေတဲ့ အူဘာမီးယန်းကို အသင်းမှာ ဆက်ထိန်းထားတာက အာတီတာအတွက် ကစားသမားသစ် ခေါ်ယူတာထက် ပိုကြီးမားတဲ့ စာချုပ်ချုပ်မှု ဖြစ်လိမ့်မယ်လို့ အီယန်ရိုက် က ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ဒီရာသီမှာ ပထမဦးစားပေး ရွေးချယ်စရာအဖြစ် အာမခံချက် မပေးနိုင်ဘူးဆိုရင် နည်းပြဟောင်း အူနိုင်းအမ်မရီက မာတီနက်ဇ်ကို ဗီလာရီးရဲလ်ထံ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ေအာက္တိုဘာ ၃ ရက္ေန႔ ရွက္ဖီးယူနုိက္တက္နဲ႔ အိမ္ကြင္းပြဲက်ရင္ အမ္းမရိတ္စ္ကြင္းထဲကို ပရိသတ္ ၁ေသာင္းခြဲေလာက္အထိ ဝင္ခြင့္ေပးဖို႔ စီစဥ္ထားေၾကာင္း ေၾကညာခဲ့ပါတယ္။

အာဆင္နယ္မွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရတဲ့ လူးကပ္စ္ ေတာ္ရဲရားကို ဖီအိုရင္တီးနားက ၂ႏွစ္ အငွားေခၚယူလိုေနၿပီး အငွားသက္တမ္းကုန္ဆုံးသြားရင္ အၿပီးသတ္ဝယ္ယူခြင့္လဲ စာခ်ဳပ္မွာ ပါဝင္မွာျဖစ္ပါတယ္။

အာတီတာရဲ႕ အာဆင္နယ္ အသင္းမွာ ကစားခ်ိန္ ေကာင္းစြာ မရခဲ့တဲ့ ကိုလာစီနက္ဟာ ဒီေႏြမွာ ေရာင္းထုတ္ခံရေတာ့မွာျဖစ္ၿပီး ၄င္းကို ေရွာ္ေကးက အငွားေခၚယူဖို႔ အလိုရွိေနေပမယ့္ ေလဗာကူဆင္ကလဲ စိတ္ဝင္စားလာေနပါတယ္။

အာဆင္နယ္ဟာ ဒုတိယေျမာက္ ေႏြအေျပာင္းအေ႐ႊ႕အျဖစ္ မက္ဂါးလက္စ္ကို ေပါင္၂၅သန္းနဲ႔ ေခၚယူခဲ့ၿပီးေနာက္ ဒန္နီဆီဘယ္ေလာ့၊ ေသာမတ္စ္ပါေတး၊ ဟက္ဆန္ ေအာ္ေရး တို႔ကို ထပ္မံေခၚဖို႔ ခ်ိတ္ဆက္ေနၿပီး တိုက္စစ္မႉး အူဘာမီးယန္းကိုလဲ သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ ခ်ိတ္ဆက္မႈရွိေနတဲ့ ဂြမ္ဒူဇီဟာ FA ဖလားရတုန္းကေတာင္ အင္စတာဂရမ္မွာ ပုံမတင္ခဲ့ေပမယ့္ အခုအခါမွာေတာ့ ျပင္သစ္အသင္းနဲ႔အတူ ေလ့က်င့္ေရးဆင္းေနတဲ့ပုံကို တင္ခဲ့ၿပီး အေျပာင္းအေ႐ႊ႕ ေကာလာဟလေတြ ကို ပိုမိုဆူညံေစခဲ့ပါတယ္။

စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကို ေရာက္လာတာေၾကာင့္ သက္တမ္းတိုးဖို႔ေဆြးေႏြးေနတဲ့ အူဘာမီးယန္းကို အသင္းမွာ ဆက္ထိန္းထားတာက အာတီတာအတြက္ ကစားသမားသစ္ ေခၚယူတာထက္ ပိုႀကီးမားတဲ့ စာခ်ဳပ္ခ်ဳပ္မႈ ျဖစ္လိမ့္မယ္လို႔ အီယန္႐ိုက္ က ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အေနနဲ႔ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို ဒီရာသီမွာ ပထမဦးစားေပး ေ႐ြးခ်ယ္စရာအျဖစ္ အာမခံခ်က္ မေပးႏိုင္ဘူးဆိုရင္ နည္းျပေဟာင္း အူႏိုင္းအမ္မရီက မာတီနက္ဇ္ကို ဗီလာရီးရဲလ္ထံ ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။