Transfer: ချယ်ဆီး၊ အာဆင်နယ်တို့ ချိန်နေတဲ့ တိုက်စစ်မှုး အတွက် စပို့တင်းက အံ့ဖွယ် ရောင်းဈေး သတ်မှတ်

ပရီးမီးယားလိဂ်မှ လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်သမား Viktor Gyokeres အတွက် စပို့တင်း လစ္စဘွန်း အသ်းဘက်က တောင်းဆိုမယ့် ပြောင်းရွှေ့ကြေး ထွက်ပေါ်လာပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆွီဒင်သား တိုက်စစ်သမားကို ချယ်ဆီးဘက်က ကာလရှည် စိတ်ဝင်စားခဲ့ခြင်းဖြစ်ကာ ဒီနွေမှာ တိုက်စစ်မှူးသစ် အင်အားဖြည့်လိုနေတဲ့ ချယ်ဆီးကလည်း စိတ်ဝင်စားရိပ် ပြသလာနေတာပါ။

ဘရိုက်တန် အကယ်ဒမီထွက်ဟာ အင်္ဂလန်လိဂ်မှာ ၅ နှစ်ကျော်ကြာ ကျင်လည်ခဲ့ဖူးပြီး ၂၀၂၃ နွေကမှ စပို့တင်းကို ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။

လန်ဒန်ကလပ်တွေအပြင် ပီအက်စ်ဂျီနဲ့ အီတလီထိပ်သီးတွေကပါ Gyokeres ကို စိတ်ဝင်စားနေတာကြောင့် စပို့တင်းဘက်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ထိ တောင်းဆိုလိုနေပါတယ်။

ကိုဗင်ထရီမှာတည်းက ဂိုးသွင်းနှုန်းကောင်းတဲ့ Gyokeres ဟာ ဒီရာသီ ပေါ်တူဂီလိဂ်မှာ အမှတ်ပေးပွဲ ၂၄ ပွဲကစားပြီး ကိုယ်တိုင် ၂၂ ဂိုး သွင်းကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ်ထိ လုပ်လာနိုင်ပါတယ်။