မွဲနေပေမယ့် ဘာစီလိုနာ ဘယ်တော့ တိုက်စစ်မှုး ဟာလန်းကို ခေါ်ယူနိုင်မလဲ ထွက်ပေါ်လာ

ဘာစီလိုနာ အသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းတွေ ရှိနေပေမယ့် မန်စီးတီး တိုက်စစ်မှုး အာလင်း ဟာလန်းကို ၂၀၂၆ မှာ ခေါ်ယူဖို့ ပလန်ထားကြောင်း စပိန်သတင်းတွေက ဖော်ထုတ်လာပါတယ်။

ထို ၂၀၂၆ ခုနှစ်ဟာ အသင်း ဥက္ကဌ လာပေါ်တာရဲ့ ရာထူးသက်တမ်း ကုန်ဆုံးမယ့် နှစ် ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာ အကြီးအကဲ အနေနဲ့ ဆက်ရှိနေဖို့ လာပေါ်တာက ရေပန်းစား လူကြိုက်များမယ့် အပြောင်းအရွှေ့ တစ်ခု ရအောင် စီမံဖို့ စီစဉ်နေတာပါ။

၂၀၂၆ ဟာ နူးကမ့် ကွင်းသစ် လုံးဝ ပြီးစီးမယ့် နှစ်လည်း ဖြစ်ပြီး ဟာလန်းသာ ရောက်လာရင် ပြီးပြည့်စုံတဲ့ အခင်းအကျင်း ဖြစ်မယ်လို့ ဘာစီလိုနာက မျှော်လင့်ထားပါတယ်။

နော်ဝေသား တိုက်စစ်မှုးရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးမှု အရတော့ ဟာလန်းဟာ လာမယ့် ၂နှစ် အတွင်း ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခြေခိုင်သွားမယ် ဆိုရင် အသင်းပြောင်းလာဖို့ စဉ်းစားမယ်လို့ သိရပါတယ်။

ဟာလန်းရဲ့ စီးတီးနဲ့ လက်ရှိ စာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာပါ။ ဒါကြောင့် နေ်ာဝေသားကို ၂၀၂၅ နွေမှာ ခေါ်ယူရင် ယူရို သန်း ၂ဝဝ ဝန်းကျင် ကုန်ကျဖို့ ရှိနေပါတယ်။

အသက် ၂၃ နှစ် အရွယ် တိုက်စစ်မှုးဟာ ဒီရာသီ စီးတီး အတွက် ၃၄ ပွဲ ကစားပြီး ၂၉ ဂိုး သွင်း၊ ၆ ဂိုး ထောက်ပံ့မှု လုပ်ကာ ဆက်လက် အစွမ်းပြနေပါတယ်။