ယနေ့ နံနက်ခင်း ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (03-09-20)

ယူနိုက်တက်ဟာ ကူလီဘိုင်လေ ကို စိတ်ဝင်စားနေဆဲဖြစ်ကြောင်း အေးဂျင့် က နာပိုလီထံ သတင်းပေးခဲ့ပါတယ်။ ကူလီဘိုင်လေ တန်ကြေးက ပေါင် သန်း ၈၀ ဝန်းကျင်ရှိပေမယ့် နာပိုလီ က သန်း ၆၀ လောက်နဲ့ ရောင်းချဖို့ ပြင်ထားတာ ဖြစ်ပါတယ်။

အေဂျက်အသင်းထံမှ ကွင်းလယ်ကြယ်ပွင့် ဒွန်နီဗန်ဒီဘိခ်ကို မန်ချက်စတာ ယူနိုက်တက်က တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်တဲ့ ၅နှစ် စာချုပ် ချုပ်ဆို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

မော်ရင်ညိုက ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ ပင်နယ်တီတွေပဲ ကန်သွင်းခဲ့တယ်လို့ ဝေဖန်ပြောဆိုခဲ့ပေမယ့် ဖာနန်ဒက်စ်ကတော့ မော်ရင်ညိုရဲ့ လှောင်ပြောင်မှုကို ချီးကျူးတယ်လို့ပဲ သတ်မှတ်ထားကြောင်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်နဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်က သူဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာအတွက် ဒီဂီယာကို ဖိအားတွေပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒင်းဟန်ဒါဆန်က သူဟာ ဒေးဗစ်ဒီဂီယာရဲ့ နံပါတ်၂ ဂိုးသမားပဲ ဖြစ်မယ်ဆိုရင် အသင်းကနေ ထွက်ခွာသွားမှာဖြစ်ကြောင်း ယူနိုက်တက်ကို သတိပေးစကားဆိုခဲ့ပါတယ်။

ယူနိုက်တက် နောက်ခံလူ တူရန်ဇီဘီဟာ လိဒ်ယူနိုက်တက်ရဲ့ အလားအလာရှိတဲ့ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်ပါတယ်။ ၎င်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ အထင်ကြီးစရာ လုပ်ပြခဲ့ပေမယ့်လဲ ဆိုးလ်ရှားက ဗဟိုခံစစ်အတွက် လူသစ်ခေါ်ဖို့ ပြင်ဆင်နေတာပါ။

အက်စ်တွန်ဗီလာဟာ ယူနိုက်တက် ဂိုးသမား ရိုမီယိုကို ခေါ်ယူလိုနေပြီး ယူနိုက်တက်ကတော့ ရိုမီယို ကို အငှားချမယ့်အစား ပေါင် ၈ သန်း ဝန်းကျင်နဲ့ ရောင်းချလိုနေတာကြောင့် ညှိနှိုင်းမရသေးဘဲ ရှိနေပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးက ကြိုးပမ်းနေတဲ့ သီယာဂို အယ်ကန်တာရာကို ကြားဖြတ်ခေါ်ယူဖို့ အေးဂျင့်နဲ့ ဆက်သွယ်ပြောဆိုခဲ့ပေမယ့် ဘိုင်ယန် ကွင်းလယ်လူက အန်ဖီးကိုသာ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ကူလီဘိုင္ေလ ကို စိတ္ဝင္စားေနဆဲျဖစ္ေၾကာင္း ေအးဂ်င့္ က နာပိုလီထံ သတင္းေပးခဲ့ပါတယ္။ ကူလီဘိုင္ေလ တန္ေၾကးက ေပါင္ သန္း ၈၀ ဝန္းက်င္ရွိေပမယ့္ နာပိုလီ က သန္း ၆၀ ေလာက္နဲ႔ ေရာင္းခ်ဖို႔ ျပင္ထားတာ ျဖစ္ပါတယ္။

ေအဂ်က္အသင္းထံမွ ကြင္းလယ္ၾကယ္ပြင့္ ဒြန္နီဗန္ဒီဘိခ္ကို မန္ခ်က္စတာ ယူနိုက္တက္က တစ္ႏွစ္ သက္တမ္းတိုးခြင့္ ပါဝင္တဲ့ ၅ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆို ေခၚယူနုိင္ခဲ့ၿပီျဖစ္​ေၾကာင္း တရားဝင္ သတင္းထုတ္ျပန္ ေၾကညာခဲ့ပါတယ္။

ေမာ္ရင္ညိဳက ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္မွာ ပင္နယ္တီေတြပဲ ကန္သြင္းခဲ့တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ေပမယ့္ ဖာနန္ဒက္စ္ကေတာ့ ေမာ္ရင္ညိဳရဲ႕ ေလွာင္ေျပာင္မႈကို ခ်ီးက်ဴးတယ္လို႔ပဲ သတ္မွတ္ထားေၾကာင္း တုံ႔ျပန္ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ယူႏိုက္တက္နဲ႔ ၂၀၂၅ အထိ စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ဂိုးသမား ဒင္း ဟန္ဒါဆန္က သူဟာ အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမားေနရာအတြက္ ဒီဂီယာကို ဖိအားေတြေပးသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ဒင္းဟန္ဒါဆန္က သူဟာ ေဒးဗစ္ဒီဂီယာရဲ႕ နံပါတ္၂ ဂိုးသမားပဲ ျဖစ္မယ္ဆိုရင္ အသင္းကေန ထြက္ခြာသြားမွာျဖစ္​ေၾကာင္း ယူႏိုက္တက္ကို သတိေပးစကားဆိုခဲ့ပါတယ္။

ယူႏိုက္တက္ ေနာက္ခံလူ တူရန္ဇီဘီဟာ လိဒ္ယူႏိုက္တက္ရဲ႕ အလားအလာရွိတဲ့ အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္ပါတယ္။ ၎ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ အထင္ႀကီးစရာ လုပ္ျပခဲ့ေပမယ့္လဲ ဆိုးလ္ရွားက ဗဟိုခံစစ္အတြက္ လူသစ္ေခၚဖို႔ ျပင္ဆင္ေနတာပါ။

အက္စ္တြန္ဗီလာဟာ ယူႏိုက္တက္ ဂိုးသမား ႐ိုမီယိုကို ေခၚယူလိုေနၿပီး ယူႏိုက္တက္ကေတာ့ ႐ိုမီယို ကို အငွားခ်မယ့္အစား ေပါင္ ၈ သန္း ဝန္းက်င္နဲ႔ ေရာင္းခ်လိုေနတာေၾကာင့္ ညွိနိႈင္းမရေသးဘဲ ရွိေနပါတယ္။

ယူႏိုက္တက္ဟာ လီဗာပူးက ႀကိဳးပမ္းေနတဲ့ သီယာဂို အယ္ကန္တာရာကို ၾကားျဖတ္ေခၚယူဖို႔ ေအးဂ်င့္နဲ႔ ဆက္သြယ္ေျပာဆိုခဲ့ေပမယ့္ ဘိုင္ယန္ ကြင္းလယ္လူက အန္ဖီးကိုသာ ေျပာင္းေ႐ႊ႕လိုေနတယ္လို႔ သိရပါတယ္။