အာဆင်နယ်နဲ့ ပွဲမတိုင်ခင်မှာမှ ဒဏ်ရာ ပြသနာတွေ တိုးပြီးရင်း တိုးလာနေတဲ့ မန်စီးတီး အသင်း

မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန် ၂-၂ ဘယ်ဂျီယံပွဲမှာ အင်္ဂလန်နဲ့ စီးတီး နောက်ခံလူ ဂျွန်စတုန်းဟာ ဒဏ်ရာကြောင့် ပွဲအစ ၁၀ မိနစ်မှာတင် ကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။

ပွဲအစမိနစ်မှာတင် ညာဘက်ခြေထောက် မသက်မသာခံစားနေရတဲ့ ဂျွန်စတုန်းဟာ လူစားလဲခံခဲ့ရပြီး တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီး vs အာဆင်နယ်ပွဲကို လွဲသွားဖွယ် ရှိနေပါတယ်။

ဘရာဇီးကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ ပွဲတုန်းကလည်း ခံစစ်သမား ဝေါ်ကာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။ ဝေါ်ကာရဲ့ ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်ရပေမယ့် နိုင်ငံတကာသီတင်းပတ်မှာ ဒီဘရိုင်း၊ ဂရီလစ်တို့လည်း ပါဝင်နိုင်ခြင်း မရှိပါဘူး။

နောက်ထပ် ခံစစ်သမား အခန်ဂျီကလည်း ဆွစ်ဇာလန်လူစာရင်းကနေ ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ရကာ မန်စီးတီးမှာ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေ တိုးပွားနေပြီ ဖြစ်ပါတယ်။

ဒီအပတ်ထဲမှာ မန်စီးတီးကစားသမားတွေ ကလပ်ကို ပြန်လည် သတင်းပို့ရမှာဖြစ်ကာ ဂိုးသမား အီဒါဆန်ကလည်း အာဆင်နယ်ပွဲကို လွဲချော်နိုင်ချေ ရှိနေတာပဲ ဖြစ်ပါတယ်။