အယ်ကန်တာရာနဲ့ သတင်းတွေ ထွက်လာတာကြောင့် ဖရက် အတွက် ယူနိုက်တက် ပရိသတ်များ တောင်းဆိုနေကြ

ယူနိုက်တက် အတွက် ကွင်းလယ်အင်အားဖြည့်မှု အဖြစ် ဗန်ဒီဘိခ် ရောက်ရှိလာတဲ့ အပြင် ဘိုင်ယန်မြူးနစ်မှာ သီယေဂို အယ်ကန်တာရာကိုလည်း ချိတ်ဆက်မှုတွေ ရှိလာပြီးနောက် လက်ရှိ ကွင်းလယ်သမား ဖရက်ဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာရဖို့ အခြေအနေ များလာနေပါတယ်။ ဖရက်ကို တူရကီကလပ် ဂါလာတာစာရေးက အလိုရှိနေပေမယ့် အငှား ခေါ်ယူလိုတာသာ ဖြစ်တာကြောင့် ညှိနှိုင်းမှု မအောင်မြင်သေးပါဘူး။

ဘရာဇီးသားဟာ အိုးထရက်ဖို့ဒ် ရောက်စ ပထမနှစ်မှာ ခက်ခဲတဲ့ အခြေအနေတွေ ကြုံခဲ့ရပေမယ့် နည်းပြ ဆိုးရှားရဲ့ အသင်းမှာ တစတစ အသားကျလာကာ ပွဲကစားချိန် အနည်းပါးသာ ရတဲ့ကြားက အခွင့်အရေး ရတိုင်း ကောင်းစွာ ကစားပြနိုင်သူ ဖြစ်ပါတယ်။ ပေါ့ဘာ ပြန်ကစားနိုင်ပြီ ဖြစ်တာကြောင့် ဖရက် ပွဲထွက်ခွင့် ပိုနည်းသွားမယ့် အနေအထား ရှိနေတဲ့ကြား ဗန်ဒီဘိခ် ရောက်ရှိလာပြီး သီယေဂို ကို ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် ဖရက် အတွက် ခက်ခဲတဲ့ အခြေအနေ ရင်ဆိုင်နေရပါတယ်။

အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ ဖရက်က ယူနိုက်တက်နဲ့ ၂၀၂၃ မှ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး တစ်နှစ် ထပ်တိုးခွင့်လည်း ရှိပါသေးတယ်။ ဒါပေမယ့် လောလောဆယ် လူများလာတဲ့ ကွင်းလယ်ကနေ ရောင်းထုတ်ခံရဖွယ် ရှိလာတဲ့ ဖရက်ဘက်က ယူနိုက်တက် ပရိသတ်တွေက ရပ်တည် ထောက်ခံမှုတွေ ရှိနေပါတယ်။

ကစားသမား ကိုယ်တိုင်ကလည်း အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုခြင်း မရှိဘဲ အသင်းမှာ ပျော်ရွှင်နေကြောင်း ဆိုထားပါတယ်။ အသင်း ပရိသတ်တွေကလည်း ဖရက်ကို လက်လွှတ်မယ့် အစား ဘရာဇီးသားထက် အရင် ရှင်းထုတ်သင့်တဲ့ အခြား ကစားသမားတွေ ရှိနေကြောင်း ယုံကြည်နေကြပြီး တွစ်တာကနေ ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။

ဖရက်ကို နောက်ရာသီမှာ ဆက်ထိန်းထားပြီး အသင်းမှာ တိုက်ပွဲဝင်ခွင့် ပေးသင့်ကြောင်း အသင်း ပရိသတ်များက ယုံကြည်နေကြပါတယ်။ ဖရက် ကိုယ်တိုင်ကလည်း တိုးတက်ရိပ် ပြနေတဲ့ ကစားသမား ဖြစ်တာကြောင့် လက်မလွှတ်သင့်ကြောင်း ထောက်ပြ ပြောဆိုနေကြပါတယ်။

Zawgyi – ယူနိုက္တက္ အတြက္ ကြင္းလယ္အင္အားျဖည့္မႈ အျဖစ္ ဗန္ဒီဘိခ္ ေရာက္ရွိလာတဲ့ အျပင္ ဘိုင္ယန္ျမဴးနစ္မွာ သီေယဂို အယ္ကန္တာရာကိုလည္း ခ်ိတ္ဆက္မႈေတြ ရွိလာျပီးေနာက္ လက္ရွိ ကြင္းလယ္သမား ဖရက္ဟာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာရဖို႔ အေျခအေန မ်ားလာေနပါတယ္။ ဖရက္ကို တူရကီကလပ္ ဂါလာတာစာေရးက အလိုရွိေနေပမယ့္ အငွား ေခၚယူလိုတာသာ ျဖစ္တာေၾကာင့္ ညွိနိႈင္းမႈ မေအာင္ျမင္ေသးပါဘူး။

ဘရာဇီးသားဟာ အိုးထရက္ဖို႔ဒ္ ေရာက္စ ပထမနွစ္မွာ ခက္ခဲတဲ့ အေျခအေနေတြ ၾကံဳခဲ့ရေပမယ့္ နည္းျပ ဆိုးရွားရဲ႕ အသင္းမွာ တစတစ အသားက်လာကာ ပြဲကစားခ်ိန္ အနည္းပါးသာ ရတဲ့ၾကားက အခြင့္အေရး ရတိုင္း ေကာင္းစြာ ကစားျပနိုင္သူ ျဖစ္ပါတယ္။ ေပါ့ဘာ ျပန္ကစားနိုင္ျပီ ျဖစ္တာေၾကာင့္ ဖရက္ ပြဲထြက္ခြင့္ ပိုနည္းသြားမယ့္ အေနအထား ရွိေနတဲ့ၾကား ဗန္ဒီဘိခ္ ေရာက္ရွိလာျပီး သီေယဂို ကို ခ်ိတ္ဆက္မႈေတြ ရွိေနတာေၾကာင့္ ဖရက္ အတြက္ ခက္ခဲတဲ့ အေျခအေန ရင္ဆိုင္ေနရပါတယ္။

အသက္ ၂၇ နွစ္ ရွိျပီ ျဖစ္တဲ့ ဖရက္က ယူနိုက္တက္နဲ႕ ၂၀၂၃ မွ စာခ်ဳပ္ကုန္ဆံုးမွာ ျဖစ္ျပီး တစ္နွစ္ ထပ္တိုးခြင့္လည္း ရွိပါေသးတယ္။ ဒါေပမယ့္ ေလာေလာဆယ္ လူမ်ားလာတဲ့ ကြင္းလယ္ကေန ေရာင္းထုတ္ခံရဖြယ္ ရွိလာတဲ့ ဖရက္ဘက္က ယူနိုက္တက္ ပရိသတ္ေတြက ရပ္တည္ ေထာက္ခံမႈေတြ ရွိေနပါတယ္။

ကစားသမား ကိုယ္တိုင္ကလည္း အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာလိုျခင္း မရွိဘဲ အသင္းမွာ ေပ်ာ္ရႊင္ေနေၾကာင္း ဆိုထားပါတယ္။ အသင္း ပရိသတ္ေတြကလည္း ဖရက္ကို လက္လႊတ္မယ့္ အစား ဘရာဇီးသားထက္ အရင္ ရွင္းထုတ္သင့္တဲ့ အျခား ကစားသမားေတြ ရွိေနေၾကာင္း ယံုၾကည္ေနၾကျပီး တြစ္တာကေန ထုတ္ေဖာ္ ေျပာဆိုမႈေတြ ျပဳလုပ္ေနပါတယ္။

ဖရက္ကို ေနာက္ရာသီမွာ ဆက္ထိန္းထားျပီး အသင္းမွာ တိုက္ပြဲ၀င္ခြင့္ ေပးသင့္ေၾကာင္း အသင္း ပရိသတ္မ်ားက ယံုၾကည္ေနၾကပါတယ္။ ဖရက္ ကိုယ္တိုင္ကလည္း တိုးတက္ရိပ္ ျပေနတဲ့ ကစားသမား ျဖစ္တာေၾကာင့္ လက္မလႊတ္သင့္ေၾကာင္း ေထာက္ျပ ေျပာဆိုေနၾကပါတယ္။