မက်ဆီ၊ ရော်နယ်ဒိုတို့ကို ဥပမာပေးပြီး ဂျေးဆုကို တောင်းဆိုမှု ပြုလုပ်ခဲ့တဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါး

အာဆင်ဝင်းဂါးကတော့ တိုက်စစ်မှူး ဂျေးဆုကို တောင်းဆိုမှု ၂ ခု ပြုလုပ်ခဲ့ပါတယ်။

ဂျေးဆုဟာ အာဆင်နယ်အသင်း မျှော်လင့်ချက်ဖြစ်တဲ့ သွင်းဂိုး ရယူနိုင်စွမ်းအတွက် ရုန်းကန်နေရသူဖြစ်ကာ မကြာခဏလည်း ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ထားရသူပါ။

‘ လက်ရှိ အာဆင်နယ်အသင်းနဲ့ ကျနော် အသင်းဟောင်းကြား တူညီမှုတွေ အများကြီး ရှိပါတယ်။ အိုဒီဂတ်နဲ့ ဘားကမ့်တို့လို တူညီတဲ့ အရည်အချင်းမျိုးတွေပေါ့။

လက်ရှိအသင်းမှာ အွန်နရီတော့ မရှိဘူး။ ဂျေးဆုက အတော်လေး ဒဏ်ရာ ပြဿနာ များပါတယ်။ မျှော်လင့်ထားသလို ဂိုးလည်း သိပ်မသွင်းနိုင်ဘူးဖြစ်နေတယ်။

ထိပ်တန်းကစားသမားတွေဆိုတာ အဲ့လို မဟုတ်ပါဘူး။ သမိုင်းထဲက ထိပ်တန်း ကစားသမားတွေက အမြဲတမ်း ပွဲကစားနိုင်ပါတယ်။ ရော်နယ်ဒို၊ မက်ဆီတို့ဆိုရင် တစ်နှစ်ကို ပွဲ ၅၀-၆၀ လောက် ကစားနိုင်ကြတာပါ ” လို့ သတိပေးခဲ့ပါတယ်။

ဂျေးဆုဟာ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းလာပြီးတဲ့နောက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ ဂိုးပဲ ရထားကာ ဒဏ်ရာကြောင့် အနားယူနေရချိန်က ၁၈၄ ရက်ထိ ရှိနေပြီဖြစ်ပါတယ်။