ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (03/09/20)

မိုနာကိုအသင်း နည်းပြ ကိုဗက်ကတော့ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ၎င်းတို့ ခံစစ်မှူး Benoît Badiashile ကို ရောင်းချဖို့ လုံး၀ အစီအစဉ် မရှိကြောင်း ထုတ်ဖော် ပြောလိုက်ပြီး နောက်ရာသီ မိုနာကိုနဲ့ အတူ ဆက်ရှိမယ်လို့ အတည်ပြု ပြောဆိုလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသည်းအသန် ကြိုးစားနေတဲ့ ဆန်ချိုထက် ဟယ်ရီကိန်း လို တိုက်စစ်မှူးကိုသာ ပိုမို လိုအပ်တာ ဖြစ်ကြောင်း ဂယ်ရီနဗီးလ်က ထောက်ပြ တိုက်တွန်းလိုက်ပါတယ်။

ဆီဗီလာမှာ အငှားထွက် ကစားနေတဲ့ ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ရက်ဂွီလန်ကို ခေါ်ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်က ရေပန်းအစားဆုံး ဖြစ်လာနေပါတယ်။ စပိန် လူငယ်လက်ရွေးစင် ကစားသမား အတွက် ရီးရဲလ်ဘက်က ပေါင် ၂၅ သန်း လောက် ပြောင်းရွှေ့ကြေး ရရင် လက်လွှတ်ဖို့ ရှိနေပါတယ်။

ဟော်လန်သား ကွင်းလယ်သမား ဗန်ဒီဘိခ် ကို ခေါ်ယူပြီးတဲ့ အပြင် ယူနိုက်တက်က ဘိုင်ယန်မြူးနစ်မှ သီယေဂို အယ်ကန်တာရာ ကို ချိတ်ဆက်နေတဲ့ သတင်းများ ထွက်လာတဲ့နောက် ယူနိုက်တက် ကွင်းလယ်သမား ဖရက်က အသင်းက ထွက်ခွာရဖို့ ပိုမို ရေပန်းစားလာပါတယ်။ မန်ချက်စတာ အခြေစိုက် သတင်းဌာန ဖော်ထုတ်မှု အရတော့ အသင်း ပရိသတ်တွေက ဖရက်ကို အသင်းမှာ ဆက်ထိန်းထားစေလိုပြီး အငှား လွှတ်လိုပါက တော်မီနေးကို လွှတ်သင့်ကြောင်း ထောက်ပြနေကြပါတယ်။

နောက်ရာသီ အပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှုကို နဗီးလ်က ကြိုတင် ခန့်မှန်းလိုက်ရာ ချန်ပီယံ အဖြစ် ပထမနေရာမှာ မန်စီးတီး ရှိနေပြီး အဆင့် ၂ မှာ ယူနိုက်တက်၊ ၃ မှာ လီဗာပူးနဲ့ ၄ မှာ ချယ်ဆီးတို့ အသီးသီး ရှိနိုင်ကြောင်း ခန့်မှန်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာဖို့ သူ့ရဲ့ ယောက္ခမ ဖြစ်သူ ဒင်းနစ် ဘားကမ့်မ်ကိုလည်း မေးမြန်း အကြံတောင်းခဲ့ကြောင်း ဗန်ဒီဘိခ်က ဖွင့်ဟခဲ့ပါတယ်။ ဘားကမ့်ဟာ အာဆင်နယ်မှာ ကစားသွားတဲ့ ဂန္တဝင် တစ်ဦး ဖြစ်ပါတယ်။

Zawgyi – မိုနာကိုအသင္း နည္းျပ ကိုဗက္ကေတာ့ ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ ၄င္းတို႔ ခံစစ္မွဴး Benoît Badiashile ကို ေရာင္းခ်ဖို႔ လံုး၀ အစီအစဥ္ မရွိေၾကာင္း ထုတ္ေဖာ္ ေျပာလိုက္ျပီး ေနာက္ရာသီ မိုနာကိုနဲ႕ အတူ ဆက္ရွိမယ္လို႔ အတည္ျပဳ ေျပာဆိုလာပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ အသည္းအသန္ ၾကိဳးစားေနတဲ့ ဆန္ခ်ိဳထက္ ဟယ္ရီကိန္း လို တိုက္စစ္မွဴးကိုသာ ပိုမို လိုအပ္တာ ျဖစ္ေၾကာင္း ဂယ္ရီနဗီးလ္က ေထာက္ျပ တိုက္တြန္းလိုက္ပါတယ္။

ဆီဗီလာမွာ အငွားထြက္ ကစားေနတဲ့ ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ရက္ဂြီလန္ကို ေခၚယူနုိင္ဖို႔ မန္ခ်က္စတာ ယူနိုက္တက္က ေရပန္းအစားဆံုး ျဖစ္လာေနပါတယ္။ စပိန္ လူငယ္လက္ေရြးစင္ ကစားသမား အတြက္ ရီးရဲလ္ဘက္က ေပါင္ ၂၅ သန္း ေလာက္ ေျပာင္းေရႊ႕ေၾကး ရရင္ လက္လႊတ္ဖို႔ ရွိေနပါတယ္။

ေဟာ္လန္သား ကြင္းလယ္သမား ဗန္ဒီဘိခ္ ကို ေခၚယူျပီးတဲ့ အျပင္ ယူနိုက္တက္က ဘိုင္ယန္ျမဴးနစ္မွ သီေယဂို အယ္ကန္တာရာ ကို ခ်ိတ္ဆက္ေနတဲ့ သတင္းမ်ား ထြက္လာတဲ့ေနာက္ ယူနိုက္တက္ ကြင္းလယ္သမား ဖရက္က အသင္းက ထြက္ခြာရဖို႔ ပိုမို ေရပန္းစားလာပါတယ္။ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာန ေဖာ္ထုတ္မႈ အရေတာ့ အသင္း ပရိသတ္ေတြက ဖရက္ကို အသင္းမွာ ဆက္ထိန္းထားေစလိုျပီး အငွား လႊတ္လိုပါက ေတာ္မီေနးကို လႊတ္သင့္ေၾကာင္း ေထာက္ျပေနၾကပါတယ္။

ေနာက္ရာသီ အျပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ရပ္တည္မႈကို နဗီးလ္က ၾကိဳတင္ ခန္႔မွန္းလိုက္ရာ ခ်န္ပီယံ အျဖစ္ ပထမေနရာမွာ မန္စီးတီး ရွိေနျပီး အဆင့္ ၂ မွာ ယူနိုက္တက္၊ ၃ မွာ လီဗာပူးနဲ႕ ၄ မွာ ခ်ယ္ဆီးတို႔ အသီးသီး ရွိနုိင္ေၾကာင္း ခန္႔မွန္း ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာဖို႔ သူ႔ရဲ႕ ေယာကၡမ ျဖစ္သူ ဒင္းနစ္ ဘားကမ့္မ္ကိုလည္း ေမးျမန္း အၾကံေတာင္းခဲ့ေၾကာင္း ဗန္ဒီဘိခ္က ဖြင့္ဟခဲ့ပါတယ္။ ဘားကမ့္ဟာ အာဆင္နယ္မွာ ကစားသြားတဲ့ ဂႏၱ၀င္ တစ္ဦး ျဖစ္ပါတယ္။