ပြိုင်ဘက်အသင်းတွေမှာ မရှိဘဲ စီးတီးမှာမှ ပိုင်ဆိုင်ထားတဲ့ ထူးရှယ်ကစားသမား တစ်ဦးအား ပက် ဖော်ထုတ်

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ပြိုင်ဘက်အသင်းတွေမှာ မရှိဘဲ စီးတီးမှာမှ ပိုင်ဆိုင်ထားတဲ့ ထူးရှယ်ကစားသမား တစ်ဦး ရှိကြောင်း ထုတ်ဖော် ပြောဆိုပြီး သူ့တပည့်ကျော်အား ချီးကျူးလိုက်ပါတယ်။

ဂွာဒီယိုလာ အမွှန်းတင်လိုက်တာက ရိုဒရီ ဖြစ်ပြီး ဗီလာကို ၄-၁ နဲ့ နိုင်တဲ့ ပွဲမှာ ၎င်းက စီးတီး အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။

ရိုဒရီရဲ့ ဘောလုံးနဲ့ အတူရော၊ ဘောလုံး မပါဘဲ ရွေ့လျားမှုကပါ ထူးရှယ် ဖြစ်နေပြီး စီးတီးအတွက် အရေးပါတဲ့ နေရာကနေ ပါဝင် ကစားသွားခဲ့ပါတယ်။

ဗီလာနဲ့ ပွဲ အပြီးမှာ ဂွာဒီယိုလာက ” ရိုဒရီကတော့ အကောင်းဆုံးပဲ။ သူ့ position မှာဆိုရင် သူက အကောင်းဆုံးပဲ။ အားလုံးကို သူက လုပ်ဆောင်နိုင်ပါတယ်။ ပွဲကို ဖတ်နိုင်တဲ့ ကွာလတီ၊ စိတ်ဓာတ်ပိုင်းနဲ့ အမြဲ ရယ်ဒီ ဖြစ်နေတာတွေ.. ရိုဒရီက တကယ့် ထိပ်တန်း၊ ထိပ်ဆုံး အဆင့်ပါပဲ။ ဒိထက်တောင် ဘယ်လို ချီးကျူးရဦးမလဲ။

တခြားအသင်းတွေမှာက သူ့လို ကစားသမား မရှိကြဘူး။ သူက သိပ်တော်တဲ့ နေရာတွေ အများကြီး အများကြီးကို ရှိတယ်။ ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာတွေလည်း ရှိပါတယ်။

ဒါပေမယ့် သူ့ရဲ့ ပါဝင်မှု၊ ပြိုင်ဆိုင်နိုင်မှုက အံ့မခန်းပဲ။ မန်ချက်စတာ စီးတီး အတွက် မယုံနိုင်အောင်ကို ကောင်းလွန်းတဲ့ ခေါ်ယူမှု ဖြစ်ခဲ့တယ်။ ” လို့ ပြောဆို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။