ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (04-09-20)

မနှစ်ကရာသီ ချယ်ဆီး တိုက်စစ်မှာ အေဗရာဟမ် ဒဏ်ရာရနေတာကြောင့် ဂျီရူးက အစွမ်းပြခွင့်ရခဲ့ပြီး ၆ဂိုး သွင်းယူပေးခဲ့ပါတယ်။ ယခု တီမိုဗာနာ ရောက်လာတဲ့နောက် ဂျီရူး အနေနဲ့ နေရာပျောက်ဖို့ ရှိနေပေမယ့်လဲ လမ်းပတ် လက်အောက်မှာကစားဖို့ နေရာတစ်ခုတော့ ရလိမ့်မယ်လို့ ဂျီရူးက ယုံကြည်နေပါတယ်။

ပူလီဆစ်အနေနဲ့ ချယ်ဆီး မှာ လက်ရှိ သူ့ရဲ့အဆင့်အတန်းကို ဆက်ထိန်းထားနိုင်ရင် ဘိုင်ယန်၊ ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးရနိုင်ခြေရှိတယ်လို့ အမေရိကန် အသင်းနည်းပြ ဘာဟတ်တာက ပြောဆိုခဲ့ပါတယ်။

လိဒ်ယူနိုက်တက်ဟာ လီဗာပူးလူငယ်ကြယ်ပွင့် ဘရူးစတာကို လက်လွှတ်ခဲ့ရတဲ့နောက် ဘရန့်ဖို့ဒ် တိုက်စစ်မှူး ဝက်ကင်စ်ကိုလဲ မခေါ်ယူနိုင်ခဲ့ရင် ချယ်ဆီး ရဲ့ ဘတ်ရှူဝါရီထံ ပစ်မှတ်ပြောင်းဖို့ စဉ်းစားထားတယ် လို့ သိရပါတယ်။

အင်တာမီလန်ဟာ ချယ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေကို ခေါ်ယူလိုနေတာကြောင့် လိုအပ်တဲ့ အသုံးစရိတ် ရရှိဖို့အတွက် အိုင်ဗန် ပါရီဆစ်၊ ဂျွာအို မာရီယိုနဲ့ ဟင်းနရစ်တို့ကို ရောင်းချဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဂျူဗင်တပ်ဟာ ဆာရီလက်ထက်မှာ ဂျော်ဂျင်ဟိုကို အလိုရှိခဲ့တာကြောင့် ပီယာနစ်ကိုပေးပြီး ချယ်ဆီး ထံ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ အေးဂျင့်ဖြစ်သူက ပြောဆိုခဲ့ပါတယ်။

သီယာဂို ဆေးဗားရဲ့ ခေါင်းဆောင်နိူင်စွမ်းဟာ ချယ်ဆီး ရဲ့ ငယ်ရွယ်တဲ့အသင်းအပေါ် ချက်ချင်း အကျိုးသက်ရောက်မှု ရှိစေမှာဖြစ်ကြောင်း ဂျီရူးက ထောက်ခံခဲ့ပြီး သူဟာ အသင်းကို ဖလားစိန်ခေါ်နိုင်အောင် တွန်းတင်ပေးနိူင်တယ်လို့ ယုံကြည်နေပါတယ်။

အသက်၂၂နှစ်အရွယ် ချယ်ဆီး နောက်ခံလူ ကလက်ဆယ်တာက မနှစ်က ဘာမင်ဂမ်မှာ အငှားကစားခဲ့ပြီးနောက် နောက်ထပ်အပြောင်းအရွှေ့လုပ်ဖို့ စဉ်းစားနေပြီး ပရီးမီးယားလိဂ် ရာသီသစ်မစခင် ဝက်စ်ဘရွန်းထံ အငှားနဲ့ ရောက်ရှိနိူင်ဖွယ် ရှိပါတယ်။

ကိုင်ဟားဗတ်ဟာ ချယ်ဆီး ထံ ယူရို သန်း ၈၀နဲ့ မပြောင်းရွှေ့ခင် ရီးရဲလ်မက်ဒရစ်ထံ သွားကစားဖို့ ဆန္ဒရှိခဲ့တာကြောင့် ဘိုင်ယန်ကိုတောင် ငြင်းပယ်ခဲ့တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြခဲ့ပါတယ်။ ဂျာမန်သားရဲ့ အပြောင်းအရွှေ့က ပြီးစီး ပြီ ဖြစ်ပေမယ့် အစောဆုံး အနေနဲ့ တနင်္ဂနွေနေ့လောက်မှသာ တရားဝင် ကြေငြာနိုင်ဖို့ ရှိပါတယ်။

Zawgyi – မႏွစ္ကရာသီ ခ်ယ္ဆီး တိုက္စစ္မွာ ေအဗရာဟမ္ ဒဏ္ရာရေနတာေၾကာင့္ ဂ်ီ႐ူးက အစြမ္းျပခြင့္ရခဲ့ၿပီး ၆ဂိုး သြင္းယူေပးခဲ့ပါတယ္။ ယခု တီမိုဗာနာ ေရာက္လာတဲ့ေနာက္ ဂ်ီရူး အေနနဲ႔ ေနရာေပ်ာက္ဖို႔ ရွိေနေပမယ့္လဲ လမ္းပတ္ လက္ေအာက္မွာကစားဖို႔ ေနရာတစ္ခုေတာ့ ရလိမ့္မယ္လို႔ ဂ်ီ႐ူးက ယုံၾကည္ေနပါတယ္။

ပူလီဆစ္အေနနဲ႔ ခ်ယ္ဆီး မွာ လက္ရွိ သူ႔ရဲ႕အဆင့္အတန္းကို ဆက္ထိန္းထားႏိုင္ရင္ ဘိုင္ယန္၊ ဘာစီလိုနာ ဒါမွမဟုတ္ ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးရႏိုင္ေျခရွိတယ္လို႔ အေမရိကန္ အသင္းနည္းျပ ဘာဟတ္တာက ေျပာဆိုခဲ့ပါတယ္။

လိဒ္ယူႏိုက္တက္ဟာ လီဗာပူးလူငယ္ၾကယ္ပြင့္ ဘ႐ူးစတာကို လက္လႊတ္ခဲ့ရတဲ့ေနာက္ ဘရန္႔ဖို႔ဒ္ တိုက္စစ္မႉး ဝက္ကင္စ္ကိုလဲ မေခၚယူႏိုင္ခဲ့ရင္ ခ်ယ္ဆီး ရဲ႕ ဘတ္ရႉဝါရီထံ ပစ္မွတ္ေျပာင္းဖို႔ စဥ္းစားထားတယ္ လို႔ သိရပါတယ္။

အင္တာမီလန္ဟာ ခ်ယ္ဆီး ကြင္းလယ္လူ အန္ဂိုလို ကန္ေတကို ေခၚယူလိုေနတာ​​ေၾကာင့္ လိုအပ္တဲ့ အသုံးစရိတ္ ရရွိဖို႔အတြက္ အိုင္ဗန္ ပါရီဆစ္၊ ဂြၽာအို မာရီယိုနဲ႔ ဟင္းနရစ္တို႔ကို ေရာင္းခ်ဖို႔ အဆင္သင့္ ျဖစ္ေနပါတယ္။

ဂ်ဴဗင္တပ္ဟာ ဆာရီလက္ထက္မွာ ေဂ်ာ္ဂ်င္ဟိုကို အလိုရွိခဲ့တာ​​ေၾကာင့္ ပီယာနစ္ကိုေပးၿပီး ခ်ယ္ဆီး ထံ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရတယ္လို႔ ေအးဂ်င့္ျဖစ္သူက ေျပာဆိုခဲ့ပါတယ္။

သီယာဂို ေဆးဗားရဲ႕ ေခါင္းေဆာင္ႏိူင္စြမ္းဟာ ခ်ယ္ဆီး ရဲ႕ ငယ္႐ြယ္တဲ့အသင္းအေပၚ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ရွိေစမွာျဖစ္ေၾကာင္း ဂ်ီ႐ူးက ေထာက္ခံခဲ့ၿပီး သူဟာ အသင္းကို ဖလားစိန္ေခၚႏိုင္ေအာင္ တ​ြန္းတင္ေပးႏိူင္တယ္လို႔ ယုံၾကည္ေနပါတယ္။

အသက္၂၂ႏွစ္အ႐ြယ္ ခ်ယ္ဆီး ေနာက္ခံလူ ကလက္ဆယ္တာက မႏွစ္က ဘာမင္ဂမ္မွာ အငွားကစားခဲ့ၿပီးေနာက္ ေနာက္ထပ္အ​​ေျပာင္းအေ႐ႊ႕လုပ္ဖို႔ စဥ္းစားေနၿပီး ပရီးမီးယားလိဂ္ ရာသီသစ္မစခင္ ဝက္စ္ဘ႐ြန္းထံ အငွားနဲ႔ ေရာက္ရွိႏိူင္ဖြယ္ ရွိပါတယ္။

ကိုင္ဟားဗတ္ဟာ ခ်ယ္ဆီး ထံ ယူ႐ို သန္း ၈၀နဲ႔ မေျပာင္းေ႐ႊ႕ခင္ ရီးရဲလ္မက္ဒရစ္ထံ သြားကစားဖို႔ ဆႏၵရွိခဲ့တာ​ေၾကာင့္ ဘိုင္ယန္ကိုေတာင္ ျငင္းပယ္ခဲ့တယ္လို႔ စပိန္သတင္းစာ မာကာက ေဖာ္ျပခဲ့ပါတယ္။ ဂ်ာမန္သားရဲ႕ အေျပာင္းအေရႊ႕က ျပီးစီး ျပီ ျဖစ္ေပမယ့္ အေစာဆံုး အေနနဲ႕ တနဂၤေႏြေန႔ေလာက္မွသာ တရား၀င္ ေၾကျငာနုိင္ဖို႔ ရွိပါတယ္။