ချာတူးလန်နေတဲ့ ချယ်ဆီးက ဒီည ရှက်ဖီးကို နိုင်ပါ့မလား သုံးသပ် ခန့်မှန်းချက် ထုတ်လာတဲ့ ခရစ်ဆက်တန်

ချယ်ဆီးအသင်းကတော့ ဒီညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်မှာပါ။ ပွဲကတော့ တနင်္ဂနွေနေ့ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ရှက်ဖီး – ချယ်ဆီးတို့ ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ယူနိုက်တက်ကို အနိုင်ရပြီးချိန်မှာ ပိုချက်တီနိုက အတော်လေး အောင်ပွဲခံနေခဲ့တယ်။ သူ့အတွက် ကိုယ်ချင်းစာပါတယ်။ ပွဲကို ၂-၀ နဲ့ ဦးဆောင်ထားခဲ့ပြီးမှ ကိုင်ဆီဒိုရဲ့ လက်ဆောင်ပေးမှုကနေ ယူနိုက်တက်က ပွဲထဲ ပြန်ဝင်လာခဲ့တယ်။ နောက် ၂-၂ ဖြစ်သွားတယ်။ ပိုချက်တီနို အတော်လေး စိတ်ပျက်ခဲ့မှာပါ။

ချယ်ဆီးက တကယ်ကို ချာတူးလန်နေတာပါ၊ ခံစစ်ကလည်း ဆိုးရွားပါတယ်။ ဒါပေမယ့် သူတို့ အနိုင်ရမယ့် နည်းလမ်းကို ရှာနိုင်နေဆဲပါ။ ဥရောပဝင်ခွင့် တစ်နေရာနဲ့ ဘောလုံးရာသီ သိမ်းနိုင်နေဆဲဖြစ်ပါတယ်။

လက်ရှိ ချယ်ဆီးအသင်းဟာ သင်ယူနေဆဲဖြစ်ပါတယ်။ ပိုချက်တီနိုက သူ့ကစားသမားတွေ လိုအပ်တဲ့ ဘောလုံးပိုင်ဆိုင်မှုအတွင်း အားထုတ်ဖို့နဲ့ ပြိုင်ဘက်က ဘယ်အသင်းဖြစ်ဖြစ် ဘောလုံးနဲ့အတူ ဘယ်လိုလုပ်ရမယ် ဆိုတာတွေအတွက် ချယ်ဆီးကို လမ်းညွှန်ပေးနိုင်ဖို့ ကြိုးစားနေတယ်။

ဇယားအောက်ခြေက ရှက်ဖီးကို အနိုင်ရသင့်ပေမယ့် သူတို့ရဲ့ စိတ်ဓါတ်ပိုင်း ပြင်းပြမှုကိုလည်း ဆက်လက် အာရုံစိုက်ထားရပါမယ်။ ရှက်ဖီးက တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ မကြာခင်မှာပဲ တန်းဆင်းရတော့မှာပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ ရှက်ဖီး 1-3 ချယ်ဆီး ပဲ ဖြစ်ပါတယ်။