ယနေ့ နံနက်ခင်း ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (04-09-20)

ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်အတွက် ကြီးမားတဲ့ အမှားတွေလုပ်ခဲ့တဲ့နောက် လက်စွမ်းကျဆင်းမှုအပေါ် ဝေဖန်မှုများစွာ ခံခဲ့ရပေမယ့် စပိန်နိုင်ငံအသင်းမှာတော့ အထင်ကြီးစရာ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့တာကြောင့် သူဟာ ပိုပြီးချီးကျူးခံရသင့်တယ်လို့ စပိန်နည်းပြ အင်းနရစ်က ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်အတွက် ပေါင်၂၆.၈သန်းနဲ့ အဖွင့်ကမ်းလှမ်းမှု လုပ်ခဲ့ပြီးနောက် ၎င်းကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်ဟာ ရက်ဂီလွန်ကိုလဲ ပစ်မှတ်ထားနေခဲ့စဉ်အတွင်း ဒွန်နီဗန်ဒီဘိခ်ကို ခေါ်ယူခဲ့ပါတယ်။ ထပ်မံပြီး ဆန်ချိုနဲ့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့်လဲ ယူနိုက်တက် အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ ကလပ်ဂန္တဝင် ဂယ်ရီနဗီးက အကြံပေးပြောဆိုခဲ့ပါတယ်။

ရိုးမားဟာ ဗဟိုနောက်ခံလူ စမောလင်း အတွက် အပိုဆုကြေး + ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက်က ကနဦးမှာ ပေါင်သန်း၂၀ သတ်မှတ်ခဲ့ပေမယ့် ဒီနွေမှာ အသုံးစရိတ် မြှင့်တင်နိုင်ဖို့ ၎င်းတို့ရဲ့ ခေါ်ဈေးကို လျှော့ချပေးနိူင်ဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးဟာ ဆီးဗီးလား ဗဟိုနောက်ခံလူ ဒီယေဂို ကားလို့စ်ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားနေပါတယ်။ ဆီးဗီးလားနဲ့ အထင်ကြီးစရာ ရာသီအပြီး ဥရောပထိပ်သီး ကလပ်များစွာက သူ့ကို ချိတ်ဆက်ခဲ့တာဖြစ်သလို ၎င်းရဲ့အနာဂတ်အပေါ် ထင်ကြေးပေးမှုတွေ များစွာရှိနေခဲ့တာပါ။

ဆိုးလ်ရှားက သူ့ရဲ့ နံပါတ်တစ် ပစ်မှတ်အဖြစ် ဆန်ချိုကို အလိုရှိနေဆဲဖြစ်တာကြောင့် ယူနိုက်တက်ဟာ ဆန်ချိုအတွက် ဒေါ့မွန်ထံ တရားဝင် ကမ်းလှမ်းမှု မလုပ်ခင် လစာ၊ ပြောင်းရွှေ့ကြေးတွေကို အေးဂျင့်နဲ့ သဘောတူညီမှု ယူထားဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက် ဆယ်ကျော်သက် ကစားသမား ဒိုင်လန် လီဗစ်ဟာ နေးရှင်းလိဂ်မှာ ဖင်လန်ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဝေးလ် လက်ရွေးစင်အသင်းအတွက် စီနီယာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး နည်းပြရိုင်ယန်ဂစ် ပွဲဦးထွက်ခွင့် ပေးခဲ့တဲ့ ၁၆ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဂျက်ဂရီးလစ်ရှ်နဲ့ အချိန်အတော်ကြာ ချိတ်ဆက်မှု ရှိခဲ့ပေမယ့် အက်စ်တွန်ဗီလာရဲ့ မြင့်မားတဲ့ခေါ်ဈေးကြောင့် သူတို့ရဲ့စိတ်ဝင်စားမှုကို အဆုံးသတ်ခဲ့ပြီး ဒီနွေမှာ သူ့ကို ခေါ်ယူဖို့ စဉ်းစားတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

Zawgyi – ဂိုးသမား ဒီဂီယာဟာ ယူႏိုက္တက္အတြက္ ႀကီးမားတဲ့ အမွားေတြလုပ္ခဲ့တဲ့ေနာက္ လက္စြမ္းက်ဆင္းမႈအေပၚ ေဝဖန္မႈမ်ားစြာ ခံခဲ့ရေပမယ့္ စပိန္ႏိုင္ငံအသင္းမွာေတာ့ အထင္ႀကီးစရာ ကာကြယ္မႈေတြ လုပ္ႏိုင္ခဲ့တာေၾကာင့္ သူဟာ ပိုၿပီးခ်ီးက်ဴးခံရသင့္တယ္လို႔ စပိန္နည္းျပ အင္းနရစ္က ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ဟာ ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္အတြက္ ေပါင္၂၆.၈သန္းနဲ႔ အဖြင့္ကမ္းလွမ္းမႈ လုပ္ခဲ့ၿပီးေနာက္ ၎ကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ယူႏိုက္တက္ဟာ ရက္ဂီလြန္ကိုလဲ ပစ္မွတ္ထားေနခဲ့စဥ္အတြင္း ဒြန္နီဗန္ဒီဘိခ္ကို ေခၚယူခဲ့ပါတယ္။ ထပ္မံၿပီး ဆန္ခ်ိဳနဲ႔ ခ်ိတ္ဆက္မႈ ရွိခဲ့ေပမယ့္လဲ ယူႏိုက္တက္ အေနနဲ႔ ဟယ္ရီကိန္းကို ေခၚယူဖို႔ ႀကိဳးစားသင့္တယ္လို႔ ကလပ္ဂႏၲဝင္ ဂယ္ရီနဗီးက အႀကံေပးေျပာဆိုခဲ့ပါတယ္။

႐ိုးမားဟာ ဗဟိုေနာက္ခံလူ စေမာလင္း အတြက္ အပိုဆုေၾကး + ေပါင္ ၁၈ သန္းနဲ႔ ကမ္းလွမ္းခဲ့ၿပီး ယူႏိုက္တက္က ကနဦးမွာ ေပါင္သန္း၂၀ သတ္မွတ္ခဲ့ေပမယ့္ ဒီေႏြမွာ အသုံးစရိတ္ ျမႇင့္တင္ႏိုင္ဖို႔ ၎တို႔ရဲ႕ ေခၚေဈးကို ေလွ်ာ့ခ်ေပးႏိူင္ဖြယ္ ရွိပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ လီဗာပူးဟာ ဆီးဗီးလား ဗဟိုေနာက္ခံလူ ဒီေယဂို ကားလို႔စ္ကို ေခၚယူႏိုင္ဖို႔ အၿပိဳင္ႀကိဳးစားေနပါတယ္။ ဆီးဗီးလားနဲ႔ အထင္ႀကီးစရာ ရာသီအၿပီး ဥေရာပထိပ္သီး ကလပ္မ်ားစြာက သူ႔ကို ခ်ိတ္ဆက္ခဲ့တာျဖစ္သလို ၎ရဲ႕အနာဂတ္အေပၚ ထင္ေၾကးေပးမႈေတြ မ်ားစြာရွိေနခဲ့တာပါ။

ဆိုးလ္ရွားက သူ႔ရဲ႕ နံပါတ္တစ္ ပစ္မွတ္အျဖစ္ ဆန္ခ်ိဳကို အလိုရွိေနဆဲျဖစ္တာ​ေၾကာင့္ ယူႏိုက္တက္ဟာ ဆန္ခ်ိဳအတြက္ ေဒါ့မြန္ထံ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ခင္ လစာ၊ ေျပာင္းေ႐ႊ႕​ေၾကးေတြကို ေအးဂ်င့္နဲ႔ သေဘာတူညီမႈ ယူထားဖို႔ ျပင္ဆင္ေနပါတယ္။

ယူႏိုက္တက္ ဆယ္ေက်ာ္သက္ ကစားသမား ဒိုင္လန္ လီဗစ္ဟာ ေနးရွင္းလိဂ္မွာ ဖင္လန္ကို ၁-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ေဝးလ္ လက္ေ႐ြးစင္အသင္းအတြက္ စီနီယာ ပြဲထြက္ခြင့္ ရရွိခဲ့ၿပီး နည္းျပ႐ိုင္ယန္ဂစ္ ပြဲဦးထြက္ခြင့္ ေပးခဲ့တဲ့ ၁၆ေယာက္ေျမာက္ ကစားသမား ျဖစ္လာခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဂ်က္ဂရီးလစ္ရွ္နဲ႔ အခ်ိန္အေတာ္ၾကာ ခ်ိတ္ဆက္မႈ ရွိခဲ့ေပမယ့္ အက္စ္တြန္ဗီလာရဲ႕ ျမင့္မားတဲ့ေခၚေဈး​ေၾကာင့္ သူတို႔ရဲ႕စိတ္ဝင္စားမႈကို အဆုံးသတ္ခဲ့ၿပီး ဒီေႏြမွာ သူ႔ကို ေခၚယူဖို႔ စဥ္းစားေတာ့မွာမဟုတ္ဘူးလို႔ သိရပါတယ္။