အူဘာမီးယန်းကို အာဆင်နယ် ရောင်းဖို့ နောက်ဆုံးရက် သတ်မှတ်ပေးလိုက်တဲ့ ရီးရဲလ်

စပိန်အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ကတော့ အာဆင်နယ် အသင်း အနေနဲ့ အူဘာမီးယန်းကို ရောင်းချမယ်ဆို ဇွန် ၁၅ နောက်ဆုံးထား ဆုံးဖြတ်ချက် ချပေးဖို့ အသိပေးလိုက်ပါတယ်။

အူဘာမီးယန်းဟာ မြောက်လန်ဒန်ကလပ်နဲ့ စာချုပ် ၁၃လသာ ကျန်ရှိတော့သာ ဖြစ်ပြီး နောက်နှစ်မှ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရမှာထက် ဒီနွေမှာ ပြောင်းရွှေ့ကြေး များများနဲ့ ရောင်းချဖို့ အာဆင်နယ်က ပိုမို လိုလားနေပါတယ်။ ကစားသမားကလည်း သက်တမ်းတိုး စာချုပ် အတွက် သဘောတူခြင်း မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်က အူဘာမီးယန်းကို အလိုရှိပေမယ့် ဂန်းနားတွေနဲ့ အချိန်ဆွဲ ညှိနှိုင်းနေတာမျိုး မလိုလားဘဲ နောက်လလယ်လောက်မှာ သေချာ ရေရာမှု ရရှိချင်နေပါတယ်။ ရီးရဲလ် အနေနဲ့ အာဆင်နယ်မှာ အငှားစေလွှတ်ထားရာကနေ ပြန်ခေါ်တော့မယ့် ကွင်းလယ်ကစားသမား ဆီးဘယ်လော့ကိုလည်း အူဘာမီးယန်း အပြောင်းအရွှေ့ထဲမှာ ထည့်သွင်း ကမ်းလှမ်းလိုနေပါတယ်။

ကိုရိုနာရိုက်ခတ်မှုကြောင့် ဘောလုံးကလပ်အသင်းတွေ ဘဏ္ဍာရေး ထိခိုက်မှု ကိုယ်စီ ရှိနေတာကြောင့် ကစားသမား အလိုက်ပေး၊ အလဲအထပ် အပြောင်းအရွှေ့တွေက ဒီနွေမှာ ပိုမို အလုပ် ဖြစ်လာဖွယ် ရှိနေပါတယ်။

ဆီးဘယ်လော့ကို ရီးရဲလ်မက်ဒရစ်မှာ ချက်ချင်း နေရာ မပေးပေမယ့် အနာဂတ် အစီအစဉ်တွေထဲ ပါဝင်မယ်လို့ ရီးရဲလ် နည်းပြ ဇီဒန်းက ပြောဆိုဖူးပါတယ်။ ဒါကြောင့် အာဆင်နယ်က အလဲအထပ်ကို လက်မခံရင်လည်း ရီးရဲလ်ကတော့ စပိန်သားကို ပြန်ခေါ်သွားဖို့ ရှိနေတာပါ။

အာဆင်နယ် အနေနဲ့ ကစားသမား ဝယ်ယူဖို့ အသုံးစရိတ် နည်းပါးနေတဲ့ အပြင် အသင်းကြယ်ပွင့် တိုက်စစ်မူှးကို ဆက်လက် ထိန်းထားဖို့ အခက်တွေ့နေတာကြောင့် ရီးရဲလ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရင်တော့ ဂါဘွန်သား ကို လက်လွှတ်ဖို့ များနေပါတယ်။

Zawgyi – စပိန္အင္အားၾကီးကလပ္ ရီးရဲလ္မက္ဒရစ္ကေတာ့ အာဆင္နယ္ အသင္း အေနနဲ႕ အူဘာမီးယန္းကို ေရာင္းခ်မယ္ဆို ဇြန္ ၁၅ ေနာက္ဆံုးထား ဆံုးျဖတ္ခ်က္ ခ်ေပးဖို႔ အသိေပးလိုက္ပါတယ္။

အူဘာမီးယန္းဟာ ေျမာက္လန္ဒန္ကလပ္နဲ႕ စာခ်ဳပ္ ၁၃လသာ က်န္ရွိေတာ့သာ ျဖစ္ျပီး ေနာက္နွစ္မွ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္လႊတ္ရမွာထက္ ဒီေႏြမွာ ေျပာင္းေရႊ႕ေၾကး မ်ားမ်ားနဲ႕ ေရာင္းခ်ဖို႔ အာဆင္နယ္က ပိုမို လိိုလားေနပါတယ္။ ကစားသမားကလည္း သက္တမ္းတိုး စာခ်ဳပ္ အတြက္ သေဘာတူျခင္း မရွိပါဘူး။

ရီးရဲလ္မက္ဒရစ္က အူဘာမီးယန္းကို အလိုရွိေပမယ့္ ဂန္းနားေတြနဲ႕ အခ်ိန္ဆြဲ ညွိနိႈင္းေနတာမ်ိဳး မလိုလားဘဲ ေနာက္လလယ္ေလာက္မွာ ေသခ်ာ ေရရာမႈ ရရွိခ်င္ေနပါတယ္။ ရီးရဲလ္ အေနနဲ႕ အာဆင္နယ္မွာ အငွားေစလႊတ္ထားရာကေန ျပန္ေခၚေတာ့မယ့္ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့ကိုလည္း အူဘာမီးယန္း အေျပာင္းအေရႊ႕ထဲမွာ ထည့္သြင္း ကမ္းလွမ္းလိုေနပါတယ္။

ကိုရိုနာရိုက္ခတ္မႈေၾကာင့္ ေဘာလံုးကလပ္အသင္းေတြ ဘ႑ာေရး ထိခိုက္မႈ ကုိယ္စီ ရွိေနတာေၾကာင့္ ကစားသမား အလိုက္ေပး၊ အလဲအထပ္ အေျပာင္းအေရႊ႕ေတြက ဒီေႏြမွာ ပိုမို အလုပ္ ျဖစ္လာဖြယ္ ရွိေနပါတယ္။

ဆီးဘယ္ေလာ့ကို ရီးရဲလ္မက္ဒရစ္မွာ ခ်က္ခ်င္း ေနရာ မေပးေပမယ့္ အနာဂတ္ အစီအစဥ္ေတြထဲ ပါ၀င္မယ္လို႔ ရီးရဲလ္ နည္းျပ ဇီဒန္းက ေျပာဆိုဖူးပါတယ္။ ဒါေၾကာင့္ အာဆင္နယ္က အလဲအထပ္ကို လက္မခံရင္လည္း ရီးရဲလ္ကေတာ့ စပိန္သားကို ျပန္ေခၚသြားဖို႔ ရွိေနတာပါ။

အာဆင္နယ္ အေနနဲ႕ ကစားသမား ၀ယ္ယူဖို႔ အသံုးစရိတ္ နည္းပါးေနတဲ့ အျပင္ အသင္းၾကယ္ပြင့္ တိုက္စစ္မဴွးကို ဆက္လက္ ထိန္းထားဖို႔ အခက္ေတြ႔ေနတာေၾကာင့္ ရီးရဲလ္နဲ႕ ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈ ရရင္ေတာ့ ဂါဘြန္သား ကို လက္လႊတ္ဖို႔ မ်ားေနပါတယ္။