ရက်ရွှေ့သွားတဲ့ ယူနိုက်တက်နဲ့ ပွဲ၊ ပြောင်းလာချင်နေတဲ့ စပို့တင်း တိုက်စစ်၊ ကလေးဆန်တဲ့ ဆာကာနဲ့ နောက်ဆုံးရ အာဆင်နယ် ထူးခြား သတင်းများ

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ကို မေလ ၁၂ ရက်နေ့ထံ ရွှေပြောင်းလိုက်ပြီဖြစ်ပါတယ်။ လီဗာပူး၊ မန်စီးတီးတို့ရဲ့ ပွဲစဉ်တွေကိုလည်း ရက်ရွှေ့သွားတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ သရေကျထားတဲ့ အာဆင်နယ်ဟာ အဝေးကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ကြောင်း လီဗာပူး နောက်ခံလူဟောင်းကြီး ကာရေဂါက ခန့်မှန်းလိုက်ပါတယ်။

စပို့တင်း လစ္စဘွန်း တိုက်စစ်သမား ခရိုကီရက်စ်ဟာ ဒီနွေမှာ အသင်းပြောင်းချင်နေကာ အာဆင်နယ်ထံ ပြောင်းလာဖို့ကို ဦးစားပေးအဖြစ် ရွေးချယ်လိုနေပါတယ်။

အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှုး တိုနေးအပေါ် စိတ်ဝင်စားမှု လုံးဝ လျော့ကျသွားတာ မဟုတ်ဘဲ အင်္ဂလန်သား ကို ပေါင် သန်း ၃၀ ဝန်းကျင်ဖြင့် ခေါ်ယူခွင့် ရှိနေဆဲလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ လူစားဝင်လာပြီး ခြေစွမ်းကောင်းခဲ့တဲ့ ဇင်ချန်ကို၊ ထရော့ဇတ်နဲ့ ဂျေးဆုတို့ရဲ့ သက်ရောက်မှုတွေအား နည်းပြအာတီတာက ချီးကျူးစကား ပြောဆိုပါတယ်။

လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်း ကစားသမားဟောင်း ဒီကာနီယိုက ဘိုင်ယန်မြူးနစ်နဲ့ ၂-၂ သရေကျတဲ့ပွဲမှာ နူအာထံ ဝင်တိုးပြီး ပင်နယ်တီတောင်းခဲ့တဲ့ တိုက်စစ်မှူး ဆာကာရဲ့ အပြုအမှုဟာ ကလေးဆန်လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။