ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (04-09-20)

အိုဇေးဟာ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားမဖြစ်တာကြောင့် အသင်းမှာ အခွင့်မရေးမရခဲ့ပဲ နည်းပြနဲ့ ပြေလည်တဲ့ဆက်ဆံရေး မရှိခဲ့ပေမယ့် ၎င်းတို့အနေနဲ့ အာဆင်နယ်ရဲ့ အကျိုးအတွက် သူတို့ရဲ့ သဘောထားမတိုက်ဆိုင်မှုတွေကို ဖြေရှင်းဖို့လိုတယ်လို့ ကမ့်ဘဲလ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လာကာဇက်ဟာ အက်သလက်တီကိုထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် အာတီတာ အနေနဲ့ ဒီနွေမှာ သူ့ကိုဆက်ထိန်းထားတာပိုကောင်းလိမ့်မယ်လို့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင် ကမ့်ဘဲလ်က တိုက်တွန်းခဲ့ပါတယ်။

ဂန်းနားတွေဟာ သောမတ်စ်ပါတေးကို ခေါ်ယူနိုင်ရေးအတွက် အသုံးစရိတ်ရရှိဖို့ ဂွမ်ဒူဇီကို ရောင်းချဖို့ကြိုးစားနေသလို ပီအက်စ်ဂျီဟာ အာဆင်နယ်နဲ့ ဆွေးနွေးမှုလုပ်ခဲ့ပေမယ့် ဂွမ်ဒူဇီကို စိတ်မဝင်စားဘူး ဆိုပြီး ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က ကလပ်ဟာ အာဆင်နယ်ရဲ့ အသက်၃၂နှစ်အရွယ် နောက်ခံလူ ဆိုကရေးတစ်ကို ခေါ်ယူလိုနေကြောင်း အတည်ပြုခဲ့ပြီး ဂရိနောက်ခံလူဟာ စီးတီးကိုပြောင်းရွှေ့ဖွယ်ရှိတဲ့ ကူလီဘာလီအတွက် လမ်းဖွင့်ပေးဖို့ဖြစ်နိုင်ပါတယ်။

အာဆင်နယ်ဟာ ဆီဘယ်လော့ရဲ့ အပြောင်းအရွှေ့ ပြီးမြောက်သွားရင် ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ဖီအိုရင်တီးနားထံ ပေါင်၂၄သန်းနဲ့ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဝက်စ်ဟမ်း တောင်ပံကစားသမား ဖီးလစ် အန်ဒါဆန်ကို ပစ်မှတ်ထားနေတာဖြစ်သလို ဝက်စ်ဟမ်းကတော့ သူ့ကို ခေါ်ခဲ့တုန်းက ပေါင် ၄၂သန်း ပေးခဲ့ရတာကြောင့် အခု ရောင်းချရမယ်ဆိုရင် အဲ့ဒီ့ထက် ပိုပြီးများပြားတဲ့ ပမာဏကို ရရှိလိုနေတာဖြစ်ပါတယ်။

အလက်ဆစ်ဆန်းချက်က သူဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိပြီး ကာရင်တန် လေ့ကျင့်ရေးမှာ တစ်ကြိမ်ပဲ လေ့ကျင့်ပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ကို ဆုတ်ဖြဲပစ်ပြီး အာဆင်နယ်ဆီ ပြန်ပြေးချင်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

လူငယ်တိုက်စစ်မှူး အန်ကတ်တီရာက အာတီတာဟာ သူ့ကိုအများကြီး သင်ကြားပေးခဲ့တယ်လို့ဆိုပြီး သိပ်တော်တဲ့ အာဆင်နယ် နည်းပြလက်အောက်မှာ လူငယ်ကစားသမားတွေဟာ သေချာပေါက် တိုးတက်လာနိုင်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Zawgyi – အိုေဇးဟာ အာတီတာရဲ႕ စိတ္ႀကိဳက္ကစားသမားမျဖစ္တာေၾကာင့္ အသင္းမွာ အခြင့္မေရးမရခဲ့ပဲ နည္းျပနဲ႔ ေျပလည္တဲ့ဆက္ဆံေရး မရွိခဲ့ေပမယ့္ ၎တို႔အေနနဲ႔ အာဆင္နယ္ရဲ႕ အက်ိဳးအတြက္ သူတို႔ရဲ႕ သေဘာထားမတိုက္ဆိုင္မႈေတြကို ေျဖရွင္းဖို႔လိုတယ္လို႔ ကမ့္ဘဲလ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

လာကာဇက္ဟာ အက္သလက္တီကိုထံ ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ အာတီတာ အေနနဲ႔ ဒီေႏြမွာ သူ႔ကိုဆက္ထိန္းထားတာပိုေကာင္းလိမ့္မယ္လို႔ အာဆင္နယ္ တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ့္ဘဲလ္က တိုက္တြန္းခဲ့ပါတယ္။

ဂန္းနားေတြဟာ ေသာမတ္စ္ပါေတးကို ေခၚယူႏိုင္ေရးအတြက္ အသုံးစရိတ္ရရွိဖို႔ ဂြမ္ဒူဇီကို ေရာင္းခ်ဖို႔ႀကိဳးစားေနသလို ပီအက္စ္ဂ်ီဟာ အာဆင္နယ္နဲ႔ ေဆြးေႏြးမႈလုပ္ခဲ့ေပမယ့္ ဂြမ္ဒူဇီကို စိတ္မဝင္စားဘူး ဆိုၿပီး ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။ >

နာပိုလီဥကၠဌ ဒီေလာ္ရန္းတစ္က ကလပ္ဟာ အာဆင္နယ္ရဲ႕ အသက္၃၂ႏွစ္အ႐ြယ္ ေနာက္ခံလူ ဆိုကေရးတစ္ကို ေခၚယူလိုေနေၾကာင္း အတည္ျပဳခဲ့ၿပီး ဂရိေနာက္ခံလူဟာ စီးတီးကိုေျပာင္းေ႐ႊ႕ဖြယ္ရွိတဲ့ ကူလီဘာလီအတြက္ လမ္းဖြင့္ေပးဖို႔ျဖစ္ႏိုင္ပါတယ္။

အာဆင္နယ္ဟာ ဆီဘယ္ေလာ့ရဲ႕ အေျပာင္းအေ႐ႊ႕ ၿပီးေျမာက္သြားရင္ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ဖီအိုရင္တီးနားထံ ေပါင္၂၄သန္းနဲ႔ ေရာင္းခ်ဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။

အာဆင္နယ္ဟာ ဝက္စ္ဟမ္း ေတာင္ပံကစားသမား ဖီးလစ္ အန္ဒါဆန္ကို ပစ္မွတ္ထားေနတာျဖစ္သလို ဝက္စ္ဟမ္းကေတာ့ သူ႔ကို ေခၚခဲ့တုန္းက ေပါင္ ၄၂သန္း ေပးခဲ့ရတာေၾကာင့္ အခု ေရာင္းခ်ရမယ္ဆိုရင္ အဲ့ဒီ့ထက္ ပိုၿပီးမ်ားျပားတဲ့ ပမာဏကို ရရွိလိုေနတာျဖစ္ပါတယ္။

အလက္ဆစ္ဆန္းခ်က္က သူဟာ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္ရွိၿပီး ကာရင္တန္ ေလ့က်င့္ေရးမွာ တစ္ႀကိမ္ပဲ ေလ့က်င့္ၿပီးတဲ့ေနာက္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္ကို ဆုတ္ၿဖဲပစ္ၿပီး အာဆင္နယ္ဆီ ျပန္ေျပးခ်င္ခဲ့ေၾကာင္း ဝန္ခံေျပာဆိုခဲ့ပါတယ္။

လူငယ္တိုက္စစ္မႉး အန္ကတ္တီရာက အာတီတာဟာ သူ႔ကိုအမ်ားႀကီး သင္ၾကားေပးခဲ့တယ္လို႔ဆိုၿပီး သိပ္ေတာ္တဲ့ အာဆင္နယ္ နည္းျပလက္ေအာက္မွာ လူငယ္ကစားသမားေတြဟာ ေသခ်ာေပါက္ တိုးတက္လာႏိုင္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။