မန်ချက်စတာ ယူနိုက်တက် ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက် အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ဘုန်းမောက် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ဘရန့်ဖိုဒ့်၊ ချယ်ဆီး၊ လီဗာပူးပွဲတွေမှာ သူတို့အသင်း အနိုင်ရသင့်တာလို့ ယူနိုက်တက် နည်းပြ တန်ဟက်က ထုတ်ပြောထားပါတယ်။ အဲ့ပွဲတွေမှာ ယူနိုက်တက်က ဦးဆောင်နိင်ခဲ့ပေမယ့်လို့ အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့ပါဘူး။ သူ ဘယ်ပွဲတွေကို ကြည့်ပြီး ပြောနေတာများလဲလို့ ကျနော် အံ့အားသင့်မိပါတယ်။
ဘုန်းမောက်ဟာ ဒီဇင်ဘာတုန်းက အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီတော့ သူတို့ နှစ်ကျော့လုံး အနိုင်ရအောင် ကြိုးစားနိုင်မလား။ ကျနော်ကတော့ လုပ်နိုင်မယ် ထင်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်တို့ ဂိုးရနိုင်ပါတယ်။ သူတို့မှာ ပြိုင်ဘက်ကို ဒုက္ခပေးပြီး ဂိုးသွင်းဖို့ရာ တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေ ရှိထားပါတယ်။ ဒါပေမယ့် ပွဲတိုင်းတော့ အဲ့လို တစ်ဦးကောင်းတွေကို မှီခိုနေလို့ မရပါဘူး။
နောက်ရာသီ ယူနိုက်တက် မန်နေဂျာ အဖြစ် နည်းပြတန်ဟက် ဆက်ရှိနေမလားဆိုရင်တော့ မသေချာဘူးထင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဘုန်းမောက် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။