အသင်းဟောင်းကို အမ်မရီ ဒုက္ခပေးနိုင်မလား ဆိုတဲ့ အာဆင်နယ် – ဗီလာ ပွဲ အတွက် ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်

အာဆင်နယ်အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီခွဲ အချိန် ဖြစ်ပါတယ်။

ဒီ အာဆင်နယ် – အက်စတွန်ဗီလာ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းချက် က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

” ဘိုင်ယန်မြူးနစ်နဲ့ပွဲအတွင်း အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကို အနည်းငယ် ဝေဖန်ကြတာတွေ ရှိပေမယ့်လို့ အရမ်း မဆိုးလှဘူး ကျနော် ထင်မိတာပဲ။

နူအာနဲ့ ဆာကာ ဖြစ်ရပ်မှာ ဆာကာက ခပ်လွယ်လွယ် လဲချတာ မလုပ်ဘဲ ကြိးစားခဲ့မယ်ဆိုရင် အာဆင်နယ်ကတောင် နိုင်ခဲ့နိုင်ပါတယ်။ ဆာကာ ဘာတွေးနေသလဲ ကျနော် မသိပါဘူး။

ဂန်းနားနည်းပြဟောင်း အူနိုင်း အမ်မရီကို အမ်းမရိတ်မှာ ပြန်ဧည့်ခံရမှာဖြစ်တာကြောင့် ဂန်းနားတို့အတွက် အပြောင်းအလဲ များမယ့် ပွဲစဉ်ပါပဲ။ ခရစ္စမတ်တုန်းက ဗီလာဟာ အာဆင်နယ်ကို အနိုင်ယူခဲ့သလို သူတို့ရဲ့ တိုက်စစ်က အန္တရာယ် ကြီးမားပါတယ်။

ဒီပွဲမှာ ဗီလာက သွင်းဂိုး ၁ ဂိုးတော့ သေချာပေါက် ရမှာပါ။ ဒါပေမယ့် သူတို့ အာဆင်နယ်ကို အနိုင်ရမယ်တော့ မထင်ပါဘူး။ ပရီးမီးယားလိဂ် ဦးဆောင်သူတွေက ဒီပွဲမှာ ရှုံးလို့ မရပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၃-၁ အက်စတွန်ဗီလာ ဖြစ်ပါတယ်။