မနေ့က စနေနေ့ ပရီးမီးယားလိဂ် အစောပွဲကို အနိုင်ရခဲ့တာကြောင့် မန်စီးတီးက ဇယားထိပ်ကို ယာယီ တက်လှမ်း သွားပေမယ့် ကြိုးစားမှုကို အားမလျော့ကြဖို့ ဂန်းနားတွေအား ကွင်းလယ်ဟောင်းကြီး ဖာဘရီဂတ်စ်က သတိပေးပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာကော ပရီးမီးယားလိဂ်မှာပါ လမ်းကြောင်းမှန်ပေါ်က သွားနေဆဲ အသင်းဖြစ်ကြောင်းနဲ့ ထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းရဲ့ အရည်အချင်းကို ထုတ်ပြကြဖို့ ဖာဘရီဂတ်စ်က တိုက်တွန်းခဲ့ပါတယ်။
ဖာဘရီဂတ်စ်က ” ဒီလို ဖလား စိန်ခေါ်မှုထဲ ပါနိုင်အောင် မင်းတို့တွေ ၈ လ ၉ လ ကြိုးစားလာရတာ၊ အကောင်းဆုံးဖြစ်အောင် ဆက်လုပ်ကြပါ။ ဘာတွေပဲဖြစ်ဖြစ်လာလာ ကြိုးစားမှုတွေကို မပြောင်းလဲပဲ ဆက်လက် အားထုတ်ကြပါ။
အာဆင်နယ်က လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်။ အခုချိန်မှာ အာဆင်နယ်က ၁၀၀% လမ်းကြောင်းမှန်ပေါ်မှာပဲ ရှိနေပါတယ်။ ဥရောပမှာလည်း နည်းပြကောင်းတွေ၊ အသင်းကောင်းတွေကို သွားရောက် ရင်ဆိုင်နေရတယ်။
အရာအားလုံးက အာဆင်နယ်ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်တယ်၊ အကောင်ဆုံးတွေကို ယှဉ်ပြိုင်နိုင်တယ် ဆိုတာကို ပြသနေပါတယ်။
စီးတီးက ပိုကောင်းတဲ့ ပွဲစဉ်ဇယား ပိုင်ကောင်းပိုင်လိမ့်မယ်။ ဒါပေမယ့် အခုလို အာဆင်နယ် ဖလားစိန်ခေါ်လာနိုင်တာ မြင်ရတာ သိပ်ကောင်းတာပါပဲ ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ကျန် ပွဲစဉ်တွေထဲမှာ အက်စတွန်ဗီလာ၊ ချယ်ဆီး၊ စပါး၊ မန်ယူနိုက်တက်တို့နဲ့ ထိပ်တိုက်တွေ့ဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။