ပဲလေစ့်ပွဲအပြီး လီဗာပူး ရလဒ်တွေ ဆက်တိုက် ထိခိုက်နေတာ ဘာကြောင့်လဲ ရော်ဘတ်ဆန် ရှင်းပြလာ

ပဲလေစ့်ကို အိမ်ကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ မန်စီးတီး၊ အာဆင်နယ်အသင်းတို့ နောက်ကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ကြားရက်ကပဲ ယူရိုပါလိဂ်မှာ အတ္တလန်တာကို ၃-၀ နဲ့ ရှုံးထားသေးတာကြောင့် တစ်ပတ်တည်းမှာတင် ဖလားပြိုင်ပွဲ ၂ ရပ်ကနေ လီဗာပူးအသင်း ထွက်ခွာရတာ ဖြစ်လာနိုင်ပါတယ်။

အခုလို ရလဒ်တွေ မကောင်းဖြစ်ရခြင်းဟာ တိုက်စစ်က ဂိုးတွေ မသွင်းနိုင်လို့ဖြစ်ကြောင်း လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က မှတ်ချက်ပေးခဲ့ပါတယ်။

ရော်ဘတ်ဆန်က “ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ကျနော်တို့ ဂိုးရယူနိုင်စွမ်း မကောင်းမွန်ဘူးဖြစ်နေပါတယ်။ ဆုဖလားတွေကို စိန်ခေါ်ဖို့ ကြိုးစားနေချိန်မှာ ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

ဒီနေ့ပွဲက ပြီးသွားပါပြီ။ ရလဒ်ကတော့ ဆိုးရွားခဲ့ပါတယ်။ အဝတ်လဲခန်းထဲမှာလည်း ပွဲအစကတည်းက ကိုယ့်ရဲ့ အခွင့်အရေးကို အရမယူနိုင်ခြင်းအတွက် ကျနော်တို့ နောင်တရနေကြပါတယ်။ ကျနော်တို့ ရှေ့ဆက်သွားဖို့ လိုပါတယ်။

ကိုယ့်ရဲ့ အခွင့်အရေးတွေကို အရယူနိုင်ဖို့ လိုပါတယ်။ ကောင်လေးတွေ သွင်းဂိုးတွေအတွက် ပိုကောင်းကောင်း ကစားနိုင်ရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။