ချယ်ဆီးရဲ့ ဂိုးသမား ရှာပုံတော်က မန်ချက်စတာ ယူနိုက်တက်ဘက် ဦးတည်လာ

ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာ ဂိုးသမား တစ်ဦး ရှာပုံတော် ဖွင့်နေရာ မန်ချက်စတာ ယူနိုက်တက် အရန် ဂိုးသမား ဆာဂျီယို ရိုမဲရိုး ကို ခေါ်ယူဖို့ ဦးလှည့်လာပါတယ်။ ယူနိုက်တက်ကလည်း ဒင်း ဟန်ဒါဆန်ကို အငှားက ပြန်ခေါ်ထားတာကြောင့် ရိုမဲရိုးကို ဒီလထဲမှာ ထွက်ခွာခွင့် ပြုဖွယ် ရှိပါတယ်။

ချယ်ဆီး အနေနဲ့လည်း စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားတဲ့ ဂိုးသမား ကီပါကို စိတ်ချ အားထားလို့ မရတဲ့ အပြင် ရောင်းထုတ်ဖို့လည်း ခက်တာကြောင့် လက်စွမ်းကောင်းပြီး ပြောင်းရွှေ့ကြေး အများကြီး မသုံးရမယ့် ဂိုးသမားမျိုး ရှာဖွေနေပါတယ်။ ရိုမဲရိုးဟာ လက်စွမ်းကောင်းတဲ့ ဂိုးသမား ဖြစ်ပြီး ယူနိုက်တက်မှာ ဒီဂီယာကို မကျော်နိုင်တာကြောင့်သာ မှေးမှိန် နေရခြင်း ဖြစ်ပါတယ်။

The Athletic သတင်း ဌာန ဖော်ထုတ်ချက် အရတော့ ချယ်ဆီးဟာ ယူနိုက်တက် ဂိုးသမား ရိုမဲရိုးကို ခေါ်ယူဖို့ ထည့်သွင်းစဉ်းစားနေတယ်လို့ သိရပါတယ်။ အခြား ဂိုးသမားတွေ ဖြစ်တဲ့ မန်ဒီ၊ အော့ဘလက်တို့ကို လမ်းပတ် အလိုရှိသော်လည်း ပြောင်းရွှေ့ကြေးကို ထိုက်သင့်တဲ့ ပမာဏနဲ့ ရဖို့ ညှိနှိုင်းမရဘဲ ဖြစ်နေပါတယ်။

ဒီ အပြောင်းအရွှေ့မှာ ချယ်ဆီးက ခပ်သွက်သွက် လှုပ်ရှားနေတဲ့ အသင်း ဖြစ်ပြီး ကစားသမား ငါးဦးထိ ခေါ်ယူပြီး ဖြစ်ကာ ၆ ယောက်မြောက် ကိုင်းဟာဗက်ဇ် ခေါ်ယူမှုကလည်း အတည်ပြု ကြေငြာဖို့သာ ကျန်ရှိတာ ဖြစ်ပါတယ်။

ချယ်ဆီး အနေနဲ့ ဂိုးသမား နေရာအတွက် ဘယ်လို အကွက်ရွှေ့ဦးမလဲ ဆိုတာက စိတ်ဝင်စားဖွယ် ဖြစ်ပြီး ရိုမဲရိုးကတော့ စိတ်ချရတဲ့ ဝါရင့် ဂိုးသမား တစ်ဦး ဖြစ်တာကြောင့် ပစ်မှတ်စာရင်း ဝင်နေပြီ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ေစ်းကြက္ထဲမွာ ဂိုးသမား တစ္ဦး ရွာပံုေတာ္ ဖြင့္ေနရာ မန္ခ်က္စတာ ယူနိုက္တက္ အရန္ ဂိုးသမား ဆာဂ်ီယို ရိုမဲရိုး ကို ေခၚယူဖို႔ ဦးလွည့္လာပါတယ္။ ယူနိုက္တက္ကလည္း ဒင္း ဟန္ဒါဆန္ကို အငွားက ျပန္ေခၚထားတာေၾကာင့္ ရိုမဲရိုးကို ဒီလထဲမွာ ထြက္ခြာခြင့္ ျပဳဖြယ္ ရွိပါတယ္။

ခ်ယ္ဆီး အေနနဲ႕လည္း စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႕ ေခၚထားတဲ့ ဂိုးသမား ကီပါကို စိတ္ခ် အားထားလို႔ မရတဲ့ အျပင္ ေရာင္းထုတ္ဖို႔လည္း ခက္တာေၾကာင့္ လက္စြမ္းေကာင္းျပီး ေျပာင္းေရႊ႕ေၾကး အမ်ားၾကီး မသံုးရမယ့္ ဂိုးသမားမ်ိဳး ရွာေဖြေနပါတယ္။ ရိုမဲရိုးဟာ လက္စြမ္းေကာင္းတဲ့ ဂိုးသမား ျဖစ္ျပီး ယူနိုက္တက္မွာ ဒီဂီယာကို မေက်ာ္နုိင္တာေၾကာင့္သာ ေမွးမွိန္ ေနရျခင္း ျဖစ္ပါတယ္။

The Athletic သတင္း ဌာန ေဖာ္ထုတ္ခ်က္ အရေတာ့ ခ်ယ္ဆီးဟာ ယူနိုက္တက္ ဂိုးသမား ရိုမဲရိုးကို ေခၚယူဖို႔ ထည့္သြင္းစဥ္းစားေနတယ္လို႔ သိရပါတယ္။ အျခား ဂိုးသမားေတြ ျဖစ္တဲ့ မန္ဒီ၊ ေအာ့ဘလက္တို႔ကို လမ္းပတ္ အလိုရွိေသာ္လည္း ေျပာင္းေရႊ႕ေၾကးကို ထိုက္သင့္တဲ့ ပမာဏနဲ႕ ရဖို႔ ညွိနိႈင္းမရဘဲ ျဖစ္ေနပါတယ္။

ဒီ အေျပာင္းအေရႊ႕မွာ ခ်ယ္ဆီးက ခပ္သြက္သြက္ လႈပ္ရွားေနတဲ့ အသင္း ျဖစ္ျပီး ကစားသမား ငါးဦးထိ ေခၚယူျပီး ျဖစ္ကာ ၆ ေယာက္ေျမာက္ ကိုင္းဟာဗက္ဇ္ ေခၚယူမႈကလည္း အတည္ျပဳ ေၾကျငာဖို႔သာ က်န္ရွိတာ ျဖစ္ပါတယ္။

ခ်ယ္ဆီး အေနနဲ႕ ဂိုးသမား ေနရာအတြက္ ဘယ္လို အကြက္ေရႊ႕ဦးမလဲ ဆိုတာက စိတ္၀င္စားဖြယ္ ျဖစ္ျပီး ရိုမဲရိုးကေတာ့ စိတ္ခ်ရတဲ့ ၀ါရင့္ ဂုိးသမား တစ္ဦး ျဖစ္တာေၾကာင့္ ပစ္မွတ္စာရင္း ၀င္ေနျပီ ျဖစ္ပါတယ္။