ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (04/09/20)

ယူနိုက်တက် လူငယ်တိုက်စစ်ကြယ်ပွင့် မေဆန်ဂရင်းဝုဒ်ဟာ လာမယ့် ဘောလုံးရာသီက စလို့ ကျောနံပါတ် ၁၁ ကို ပြောင်းလဲ ဝတ်ဆင် ကစားတော့မှာ ဖြစ်ပါတယ်။ နံပါတ် ၁၁ ကို ယခင်က မာရှယ် ဝင်ဆင်ထားပြီး ပြီးခဲ့တဲ့ ရာသီက မာရှယ် နံပါတ် ၉ ပြောင်းခဲ့တာကြောင့် ၁၁ က လစ်လပ်နေခဲ့တာပါ။

ပီအက်ဖ်အေ လူငယ် ကစားသမား ဆု အတွက် ဆန်ကာတင် စာရင်းများကို ဒီနေ့ ကြေငြာလိုက်ရာ ယူနိုက်တက်မှာ ရက်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ နှစ်ဦး ပါဝင်နေပါတယ်။ အခြား ဆန်ကာတင်များကတော့ ချယ်ဆီးမှ အေဗရာဟမ်နဲ့ မေဆန်မောင့်၊ အာဆင်နယ်မှ ဆာကာ၊ လီဗာပူးမှ ထရန့်အလက်ဇန်းဒါး အာနိုးတို့ ဖြစ်ပါတယ်။

အင်တာမီလန်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ အဲလစ်ဆစ် ဆန်းချက်က မန်ချက်စတာမှာ ပထမရက် ထရိန်နင် စဆင်းတည်းက မပျော်ဘဲ အာဆင်နယ် ပြန်ချင်ခဲ့ကြောင်း ဖွင့်ဟခဲ့တဲ့ အပေါ် ယူနိုက်တက် ခံစစ်မှူးဟောင်း ရာဖေးကတော့ ဆန်းချက် တစ်ယောက် သရဲတွေ့ခဲ့လို့ ကြောက်လန့်ပြီး ပွဲတိုင်းလည်း ခြေစွမ်းမပြတာ ဖြစ်မယ်လို့ ပြန်လည် လှောင်ပြောင်ခဲ့ပါတယ်။

ဈေးကွက်ထဲမှာ ဂိုးသမား တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေတဲ့ ချယ်ဆီးဟာ ယူနိုက်တက် အရန် ဂိုးသမား ရိုမဲရိုးကို ခေါ်ယူဖို့ ပစ်မှတ် စာရင်းသွင်းထားပါတယ်။ ယူနိုက်တက်ကလည်း ရိုမဲရိုးကို ဒီနွေမှာ ထွက်ခွာခွင့် ပြုဖို့ ရှိပါတယ်။

ဒီလထဲ နေးရှင်းလိဂ်ပွဲစဉ်တွေ အတွက် အင်္ဂလန်လက်ရွေးစင် အသင်းမှာ ခေါ်ယူခံခဲ့ရပြီးမှ ပြန် ဖယ်ထုတ်ခံခဲ့ရတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာ နောက်လ ထဲမှာတော့ ထပ်မံ ရွေးချယ်ခံရဖို့ ရှိနေပါတယ်။

ယူနိုက်တက် စောင့်ကြည့်နေတယ် သတင်းထွက်ထားတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် သီယေဂို အယ်ကန်တာရာကတော့ လက်ရှိကလပ်မှာပဲ ပျော်ရွှင်နေပြီး ကိုယ့်အိမ် လို ဖြစ်နေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ လူငယ္တိုက္စစ္ၾကယ္ပြင့္ ေမဆန္ဂရင္း၀ုဒ္ဟာ လာမယ့္ ေဘာလံုးရာသီက စလို႔ ေက်ာနံပါတ္ ၁၁ ကို ေျပာင္းလဲ ၀တ္ဆင္ ကစားေတာ့မွာ ျဖစ္ပါတယ္။ နံပါတ္ ၁၁ ကို ယခင္က မာရွယ္ ၀င္ဆင္ထားျပီး ျပီးခဲ့တဲ့ ရာသီက မာရွယ္ နံပါတ္ ၉ ေျပာင္းခဲ့တာေၾကာင့္ ၁၁ က လစ္လပ္ေနခဲ့တာပါ။

ပီအက္ဖ္ေအ လူငယ္ ကစားသမား ဆု အတြက္ ဆန္ကာတင္ စာရင္းမ်ားကို ဒီေန႔ ေၾကျငာလိုက္ရာ ယူနိုက္တက္မွာ ရက္ဖို႕ဒ္နဲ႕ ဂရင္း၀ုဒ္တို႔ နွစ္ဦး ပါ၀င္ေနပါတယ္။ အျခား ဆန္ကာတင္မ်ားကေတာ့ ခ်ယ္ဆီးမွ ေအဗရာဟမ္နဲ႕ ေမဆန္ေမာင့္၊ အာဆင္နယ္မွ ဆာကာ၊ လီဗာပူးမွ ထရန္႔အလက္ဇန္းဒါး အာနိုးတို႔ ျဖစ္ပါတယ္။

အင္တာမီလန္သို႔ ေျပာင္းေရႊ႕သြားျပီ ျဖစ္တဲ့ အဲလစ္ဆစ္ ဆန္းခ်က္က မန္ခ်က္စတာမွာ ပထမရက္ ထရိန္နင္ စဆင္းတည္းက မေပ်ာ္ဘဲ အာဆင္နယ္ ျပန္ခ်င္ခဲ့ေၾကာင္း ဖြင့္ဟခဲ့တဲ့ အေပၚ ယူနိုက္တက္ ခံစစ္မွဴးေဟာင္း ရာေဖးကေတာ့ ဆန္းခ်က္ တစ္ေယာက္ သရဲေတြ႔ခဲ့လို႔ ေၾကာက္လန္႔ျပီး ပြဲတိုင္းလည္း ေျခစြမ္းမျပတာ ျဖစ္မယ္လုိ႔ ျပန္လည္ ေလွာင္ေျပာင္ခဲ့ပါတယ္။

ေစ်းကြက္ထဲမွာ ဂိုးသမား တစ္ဦး ေခၚယူဖို႔ ရွာေဖြေနတဲ့ ခ်ယ္ဆီးဟာ ယူနိုက္တက္ အရန္ ဂိုးသမား ရိုမဲရိုးကို ေခၚယူဖို႕ ပစ္မွတ္ စာရင္းသြင္းထားပါတယ္။ ယူနိုက္တက္ကလည္း ရိုမဲရိုးကို ဒီေႏြမွာ ထြက္ခြာခြင့္ ျပဳဖို႔ ရွိပါတယ္။

ဒီလထဲ ေနးရွင္းလိဂ္ပြဲစဥ္ေတြ အတြက္ အဂၤလန္လက္ေရြးစင္ အသင္းမွာ ေခၚယူခံခဲ့ရျပီးမွ ျပန္ ဖယ္ထုတ္ခံခဲ့ရတဲ့ ယူနုိက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ေနာက္လ ထဲမွာေတာ့ ထပ္မံ ေရြးခ်ယ္ခံရဖို႔ ရွိေနပါတယ္။

ယူနိုက္တက္ ေစာင့္ၾကည့္ေနတယ္ သတင္းထြက္ထားတဲ့ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ သီေယဂို အယ္ကန္တာရာကေတာ့ လက္ရွိကလပ္မွာပဲ ေပ်ာ္ရႊင္ေနျပီး ကိုယ့္အိမ္ လို ျဖစ္ေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။