ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (05-09-20)

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အတွက် စာချုပ်ချုပ်ပြီးနောက်ပိုင်းပထမဆုံးပွဲအဖြစ် ပိုလန်ကို ၁-ဝနဲ့ နိုင်ခဲ့တဲ့ နယ်သာလန်ရဲ့ နေးရှင်းလိဂ်ပွဲမှာ ပါဝင်ကစားခဲ့ရပါတယ်။ အေဂျက်ကနေ ကွင်းလယ်လူရဲ့ အပြောင်းအရွှေ့ကို ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့တာဖြစ်ပြီး သူ့အနေနဲ့ စက်တင်ဘာ၁၉မှာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ရာသီ စတင်တဲ့အခါ ပွဲဦးထွက် ကစားခွင့် ရနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဆာဂျီယို ရက်ဂွီလွန်ကို ဒီနွေမှာ အငှားချထားဖို့ပဲ ပြင်ဆင်ထားတာကြောင့် ယူနိုက်တက်အတွက် နောက်ခံလူကို အပြီးသတ်ခေါ်ယူနိုင်ရေးမှာ အခက် ကြုံနေရပါတယ်။ စပိန်သားဟာ အခု မက်ဒရစ်ကို ပြန်ရောက်နေပေမယ့် အသင်းရဲ့ဘယ်နောက်တန်းမှာ ဖာလန်မန်ဒီနဲ့ မာဆယ်လိုတို့ရှိပြီးဖြစ်တာကြောင့် သူ့အနေနဲ့ ဒီနွေမှာ အသင်းပြောင်းရွှေ့ဖို့ကြိုးစားနိုင်ဖွယ်ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေမှာ အူပါမီကာနိုကို ခေါ်ယူဦးမှာမဟုတ်ပေမယ့် အနာဂတ်မှာတော့ ရက်ဘူးလိုက်ပ်ဇစ် နောက်ခံလူဟာ သရဲနီတွေအတွက် ပစ်မှတ်ဖြစ်နေနိုင်ဖွယ် ရှိကြောင်း ဂျိမ်းစ်ကူးပါးက ပြောဆိုခဲ့ပါတယ်။

ဒွန်နီဗန်ဒီဘိခ်က သူ့ရဲ့အနာဂတ် မရေရာမှုတွေကို အဆုံးသတ်နိုင်ခဲ့လို့ စိတ်သက်သာရာရခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဆိုးလ်ရှားနဲ့စကားပြောပြီးနောက်မှာ ယူနိုက်တက်အတွက် သူ ဘာတွေ ယူဆောင်လာပေးနိုင်တယ်ဆိုတာကို ဆိုးလ်ရှား နားလည်သွားပြီလို့ ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ စမောလင်း၊ ရိုဂျိုနဲ့ ဖီးဂျုံးတို့ကို ထွက်ခွာခွင့်ပေးမှာဖြစ်ပြီး ခံစစ်အတွက် လူသစ်ခေါ်ယူမှုတွေလုပ်ဖို့ မျှော်လင့်နေသလို ဘာစီလိုနာနောက်ခံလူ ဆမ်မြူရယ် အမ်တီတီကို ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် အခွင့်အရေး ရရှိနိုင်တယ်လို့ သိရပါတယ်။

လာဇီယိုဟာ ယူနိုက်တက်နဲ့စာချုပ်တစ်နှစ်သာကျန်တော့တဲ့ မားကို့စ် ရိုဂျိုအတွက် ချဉ်းကပ်မှုလုပ်ခဲ့ပြီး ယူနိုက်တက်ကတော့ နောက်နွေရာသီမှာ ဖရီးအေးဂျင့် ဖြစ်တော့မယ့် အသက် ၃၀ အရွယ် ကစားသမားအတွက် ယူရို ၈သန်းဝ န်းကျင်သာ တန်ကြေး သတ်မှတ်ထားတယ်လို့သိရပါတယ်။

နောက်ရာသီ ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးကို အဓိက စိန်ခေါ်မယ့် အသင်းအဖြစ် ယူနိုက်တက်ကို ရော်ဘီဆားဗေ့ခ်ျက ထောက်ခံခဲ့ပြီး ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဗန်ဒီဘိခ်တို့ ကွင်းလယ်ရဲ့ ပံ့ပိုးမှုနဲ့ အတူ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်တို့ တိုက်စစ်ဟာ တကယ်ကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ၎င်းက ယုံကြည်နေတာဖြစ်ပါတယ်။

Zawgyi – ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္အတြက္ စာခ်ဳပ္ခ်ဳပ္ၿပီးေနာက္ပိုင္း ပထမဆုံးပြဲအျဖစ္ ပိုလန္ကို ၁-၀နဲ႔ ႏိုင္ခဲ့တဲ့ နယ္သာလန္ရဲ႕ ေနးရွင္းလိဂ္ပြဲမွာ ပါဝင္ကစားခဲ့ရပါတယ္။ ေအဂ်က္ကေန ကြင္းလယ္လူရဲ႕ အေျပာင္းအေ႐ႊ႕ကို ဗုဒၶဟူးေန႔က အတည္ျပဳခဲ့တာျဖစ္ၿပီး သူ႔အေနနဲ႔ စက္တင္ဘာ၁၉မွာ ယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ရာသီ စတင္တဲ့အခါ ပြဲဦးထြက္ ကစားခြင့္ ရႏိုင္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ဆာဂ်ီယို ရက္ဂြီလြန္ကို ဒီေႏြမွာ အငွားခ်ထားဖို႔ပဲ ျပင္ဆင္ထားတာေၾကာင့္ ယူႏိုက္တက္အတြက္ ေနာက္ခံလူကို အၿပီးသတ္ေခၚယူႏိုင္ေရးမွာ အခက္ ႀကဳံေနရပါတယ္။ စပိန္သားဟာ အခု မက္ဒရစ္ကို ျပန္ေရာက္ေနေပမယ့္ အသင္းရဲ႕ဘယ္ေနာက္တန္းမွာ ဖာလန္မန္ဒီနဲ႔ မာဆယ္လိုတို႔ရွိၿပီးျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ ဒီေႏြမွာ အသင္းေျပာင္းေ႐ႊ႕ဖို႔ႀကိဳးစားႏိုင္ဖြယ္ရွိပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီေႏြမွာ အူပါမီကာႏိုကို ေခၚယူဦးမွာမဟုတ္ေပမယ့္ အနာဂတ္မွာေတာ့ ရက္ဘူးလိုက္ပ္ဇစ္ ေနာက္ခံလူဟာ သရဲနီေတြအတြက္ ပစ္မွတ္ျဖစ္ေနႏိုင္ဖြယ္ ရွိေၾကာင္း ဂ်ိမ္းစ္ကူးပါးက ေျပာဆိုခဲ့ပါတယ္။

ဒြန္နီဗန္ဒီဘိခ္က သူ႔ရဲ႕အနာဂတ္ မေရရာမႈေတြကို အဆုံးသတ္ႏိုင္ခဲ့လို႔ စိတ္သက္သာရာရခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီး ဆိုးလ္ရွားနဲ႔စကားေျပာၿပီးေနာက္မွာ ယူႏိုက္တက္အတြက္ သူ ဘာေတြ ယူေဆာင္လာေပးႏိုင္တယ္ဆိုတာကို ဆိုးလ္ရွား နားလည္သြားၿပီလို႔ ယုံၾကည္ေၾကာင္းေျပာဆိုခဲ့ပါတယ္။

ဆိုးလ္ရွားဟာ စေမာလင္း၊ ႐ိုဂ်ိဳနဲ႔ ဖီးဂ်ဳံးတို႔ကို ထြက္ခြာခြင့္ေပးမွာျဖစ္ၿပီး ခံစစ္အတြက္ လူသစ္ေခၚယူမႈေတြလုပ္ဖို႔ ေမွ်ာ္လင့္ေနသလို ဘာစီလိုနာေနာက္ခံလူ ဆမ္ျမဴရယ္ အမ္တီတီကို ဒီေႏြမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔အတြက္ အခြင့္အေရး ရရွိႏိုင္တယ္လို႔ သိရပါတယ္။

လာဇီယိုဟာ ယူႏိုက္တက္နဲ႔စာခ်ဳပ္တစ္ႏွစ္သာက်န္ေတာ့တဲ့ မားကို႔စ္ ႐ိုဂ်ိဳအတြက္ ခ်ဥ္းကပ္မႈလုပ္ခဲ့ၿပီး ယူႏိုက္တက္ကေတာ့ ေနာက္ေႏြရာသီမွာ ဖရီးေအးဂ်င့္ ျဖစ္ေတာ့မယ့္ အသက္ ၃၀ အ႐ြယ္ ကစားသမားအတြက္ ယူ႐ို ၈သန္းဝ န္းက်င္သာ တန္ေၾကး သတ္မွတ္ထားတယ္လို႔သိရပါတယ္။

ေနာက္ရာသီ ပရီးမီးယားလိဂ္ဖလားအတြက္ လီဗာပူးကို အဓိက စိန္ေခၚမယ့္ အသင္းအျဖစ္ ယူႏိုက္တက္ကို ေရာ္ဘီဆားေဗ့ခ္်က ေထာက္ခံခဲ့ၿပီး ေပါ့ဘာ၊ ဖာနန္ဒက္စ္၊ ဗန္ဒီဘိခ္တို႔ ကြင္းလယ္ရဲ႕ ပံ့ပိုးမႈနဲ႔ အတူ ရက္ရွ္ဖို႔ဒ္၊ မာရွယ္၊ ဂရင္းဝုဒ္တို႔ တိုက္စစ္ဟာ တကယ္ကို ၿခိမ္းေျခာက္ႏိုင္လိမ့္မယ္လို႔ ၎က ယုံၾကည္ေနတာျဖစ္ပါတယ္။