ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (05-09-20)

ချယ်ဆီး လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ အိုဒွိုင်း၊ ဂယ်လာဂါနဲ့ ဂူဟီတို့ဟာ သောကြာနေ့က ကိုဆိုဗိုကို အဝေးကွင်းမှာအနိုင်ရခဲ့တဲ့ အင်္ဂလန်ရဲ့ ယူ၂၁ အသင်းမှာ ပါဝင်ခဲ့ကြပါတယ်။ ၆ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲမှာ ဂယ်လာဂါနဲ့ ဂူဟီတို့က ပွဲထွက်ကစားခွင့်ရခဲ့ကြပြီး အိုဒွိုင်းကတော့ ၃ဂိုးမြောက်အပြီးမှာ လူစားဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

ချယ်ဆီးကစားသမားသစ် ကိုင်ဟားဗတ်က စတန်းဖို့ဒ်ဘရစ်ခ်ျထံလာဖို့ သူ့ရဲ့ဆုံးဖြတ်ချက်မှာ နည်းပြလမ်းပတ်ဆီကနေ သင်ယူခွင့်ရရေးက အဓိက အချက်ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဟားဗတ်ဟာ အပိုဆုကြေးတွေအပါအဝင် ပေါင် သန်း ၇၀ တန် စာချုပ်နဲ့ မနေ့ကပဲ လေဗာကူဆင်ထံကနေ တရားဝင်ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပါတယ်။

ဟားဗတ်ဟာ ချယ်ဆီး ထံ တရားဝင်ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် လေဗာကူဆင်ကစားသမားဘဝအတွင်း သူ့ကိုတိုးတက်အောင်ကူညီပေးခဲ့တဲ့ အသင်းဖော်တွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပြီး နှုတ်ဆက်ခဲ့ပါတယ်။

ဟားဗတ် ရောက်လာတဲ့နောက် အသင်းကနေ ထွက်ခွာရဖို့ရှိနေတဲ့ ဘာကာယိုကိုဟာ လွန်ခဲ့တဲ့၂နှစ်က မီလန်မှာ တစ်ရာသီ အငှား ကစားခဲ့တာကြောင့်သူ့နဲ့ ရင်းနှီးတဲ့ ပတ်ဝန်းကျင် ကိုပဲ ပြန်သွားလိုနေပြီး အီတလီကလပ်က နောက်နွေရာသီမှာ သူ့ကို အပြီးသတ်ဝယ်ယူဖို့ဆုံးဖြတ်ခဲ့ရင် ချယ်ဆီးအနေနဲ့ ယူရို သန်း ၃၀လောက် ရရှိနိုင်ဖွယ် ရှိပါတယ်။

ကော်နာ ဂယ်လာဂါဟာ ခရစ္စတယ်ပဲလေ့စ်ထံ တစ်ရာသီအငှားနဲ့ပြောင်းရွှေ့တော့မှာဖြစ်ပေမယ့် အဲ့ဒီ့မတိုင်ခင် ချယ်ဆီး နဲ့ အနာဂတ်အတွက် လက်မှတ်ထိုးထားချင်နေပါတယ်။ ဒါကြောင့် ကွင်းလယ်လူဟာ ပဲလေ့စ်နဲ့ ဆေးစစ်မှု ပြီးဆုံးခဲ့ပေမယ့်လဲချဲလ်ဆီးနဲ့စာချုပ်သစ် သဘောတူညီမှု မရခင်အထိ အပြောင်းအရွှေ့ကို အပြီးသတ်ဦးမှာ မဟုတ်ပါဘူး။

ချယ်ဆီး ကြယ်ပွင့်တွေဖြစ်တဲ့ မေဆန်မောင့်နဲ့ တန်မီအေဗရာဟမ်တို့ဟာ တစ်နှစ်တာအကောင်းဆုံး PFA လူငယ်ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပြီး ယူနိုက်တက်ရဲ့ မေဆန်ဂရင်းဝုဒ်၊ မားကပ်ရက်ရှ်ဖို့ဒ်၊ လီဗာပူးရဲ့ အလက်ဇန်းဒါးအာနိုးတို့နဲ့ အပြိုင်ဖြစ်နေပါတယ်။

တီမိုဗာနာဟာ လိုက်ပ်ဇစ်မှာ ၄၅ပွဲအတွင်း ၃၄ဂိုး သွင်းယူပေးခဲ့တဲ့နောက် ဥရောပ ထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ရာ ချယ်ဆီး ထံ ပေါင်၄၇.၅သန်းနဲ့ မပြောင်းရွှေ့ခင် မန်ချက်စတာစီးတီးရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi – ခ်ယ္ဆီး လူငယ္ၾကယ္ပြင့္ေတြ ျဖစ္တဲ့ အိုဒြိဳင္း၊ ဂယ္လာဂါနဲ႔ ဂူဟီတို႔ဟာ ေသာၾကာေန႔က ကိုဆိုဗိုကို အေဝးကြင္းမွာအႏိုင္ရခဲ့တဲ့ အဂၤလန္ရဲ႕ ယူ၂၁ အသင္းမွာ ပါဝင္ခဲ့ၾကပါတယ္။ ၆ဂိုးျပတ္ နိုင္ခဲ့တဲ့ပြဲမွာ ဂယ္လာဂါနဲ႔ ဂူဟီတို႔က ပြဲထြက္ကစားခြင့္ရခဲ့ၾကၿပီး အိုဒြိဳင္းကေတာ့ ၃ဂိုးေျမာက္အၿပီးမွာ လူစားဝင္ကစားခဲ့ရတာျဖစ္ပါတယ္။

ခ်ယ္ဆီးကစားသမားသစ္ ကိုင္ဟားဗတ္က စတန္းဖို႔ဒ္ဘရစ္ခ္်ထံလာဖို႔ သူ႔ရဲ႕ဆုံးျဖတ္ခ်က္မွာ နည္းျပလမ္းပတ္ဆီကေန သင္ယူခြင့္ရေရးက အဓိက အခ်က္ျဖစ္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ ဟားဗတ္ဟာ အပိုဆုေၾကးေတြအပါအဝင္ ေပါင္ သန္း ၇၀ တန္ စာခ်ဳပ္နဲ႔ မေန႔ကပဲ ေလဗာကူဆင္ထံကေန တရားဝင္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟားဗတ္ဟာ ခ်ယ္ဆီး ထံ တရားဝင္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ၿပီးေနာက္ ေလဗာကူဆင္ကစားသမားဘဝအတြင္း သူ႔ကိုတိုးတက္ေအာင္ကူညီေပးခဲ့တဲ့ အသင္းေဖာ္ေတြ၊ နည္းျပေတြ၊ ဝန္ထမ္းေတြနဲ႔ပရိသတ္ေတြကိုေက်းဇူးတင္ေၾကာင္းေျပာဆိုခဲ့ၿပီး ႏႈတ္ဆက္ခဲ့ပါတယ္။

ဟားဗတ္ ေရာက္လာတဲ့ေနာက္ အသင္းကေန ထြက္ခြာရဖို႔ရွိေနတဲ့ ဘာကာယိုကိုဟာ လြန္ခဲ့တဲ့၂ႏွစ္က မီလန္မွာ တစ္ရာသီ အငွား ကစားခဲ့တာေၾကာင့္သူ႔နဲ႔ ရင္းႏွီးတဲ့ ပတ္ဝန္းက်င္ ကိုပဲ ျပန္သြားလိုေနၿပီး အီတလီကလပ္က ေနာက္ေႏြရာသီမွာ သူ႔ကို အၿပီးသတ္ဝယ္ယူဖို႔ဆုံးျဖတ္ခဲ့ရင္ ခ်ယ္ဆီးအေနနဲ႔ ယူ႐ို သန္း ၃၀ေလာက္ ရရွိႏိုင္ဖြယ္ ရွိပါတယ္။

ေကာ္နာ ဂယ္လာဂါဟာ ခရစၥတယ္ပဲေလ့စ္ထံ တစ္ရာသီအငွားနဲ႔ေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္ေပမယ့္ အဲ့ဒီ့မတိုင္ခင္ ခ်ယ္ဆီး နဲ႔ အနာဂတ္အတြက္ လက္မွတ္ထိုးထားခ်င္ေနပါတယ္။ ဒါေၾကာင့္ ကြင္းလယ္လူဟာ ပဲေလ့စ္နဲ႔ ေဆးစစ္မႈ ၿပီးဆုံးခဲ့ေပမယ့္လဲခ်ဲလ္ဆီးနဲ႔စာခ်ဳပ္သစ္ သေဘာတူညီမႈ မရခင္အထိ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ဦးမွာ မဟုတ္ပါဘူး။

ခ်ယ္ဆီး ၾကယ္ပြင့္ေတြျဖစ္တဲ့ ေမဆန္ေမာင့္နဲ႔ တန္မီေအဗရာဟမ္တို႔ဟာ တစ္ႏွစ္တာအေကာင္းဆုံး PFA လူငယ္ကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းမွာ ပါဝင္ခဲ့ၿပီး ယူႏိုက္တက္ရဲ႕ ေမဆန္ဂရင္းဝုဒ္၊ မားကပ္ရက္ရွ္ဖို႔ဒ္၊ လီဗာပူးရဲ႕ အလက္ဇန္းဒါးအာႏိုးတို႔နဲ႔ အၿပိဳင္ျဖစ္ေနပါတယ္။

တီမိုဗာနာဟာ လိုက္ပ္ဇစ္မွာ ၄၅ပြဲအတြင္း ၃၄ဂိုး သြင္းယူေပးခဲ့တဲ့ေနာက္ ဥေရာပ ထိပ္သီးကလပ္ေတြရဲ႕ စိတ္ဝင္စားမႈကိုရရွိခဲ့ရာ ခ်ယ္ဆီး ထံ ေပါင္၄၇.၅သန္းနဲ႔ မေျပာင္းေ႐ႊ႕ခင္ မန္ခ်က္စတာစီးတီးရဲ႕ ခ်ဥ္းကပ္မႈကို ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။