မန်ချက်စတာ ယူနိုက်တက် အသင်းက မနေ့ညက ဝင်ဘာလေမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ကိုဗန်ထရီကို အနိုင်ရခဲ့ပေမယ့် အောင်ပွဲခံရမှာတောင် ရှက်မိတယ်လို့ သရဲနီဟောင်းကြီး ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ ၃-၀ နဲ့ ပွဲကို ဦးဆောင်ထားပေမယ့် မိနစ် ၉၀ မပြည့်ခင်လေးမှာတော့ ၃-၃ ရလဒ် ဖြစ်သွားခဲ့တာပါ။ အချိန်ပို မိနစ် ၃၀ နောက်ဆုံး မိနစ်ရောက်ချိန်မှာ ကိုဗန်ထရီက အနိုင်ဂိုး သွင်းပေမယ့် VAR က မပေးလို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ပါတယ်။
ရွိုင်ကိန်းက ” ဖိုင်နယ်တက်အပြီး အချို့ ယူနိုက်တက် ကစားသမားတွေနဲ့ ပရိသတ်တွေ အောင်ပွဲခံခဲ့ကြခြင်း မရှိပါဘူး။ ပွဲကို အနိုင်နဲ့ သိမ်းလိုက်ပေမယ့် သူတို့ အတော်လေး အရှက်ရခဲ့ပါတယ်။
ဒီယူနိုက်တက် အသင်းကို ကျွန်တော်တော့ သဘောကို မကျတာပါ။ ခေါင်းဆောင်မှုကော စရိုက်တွေကောက ယူနိုက်တက်အသင်းလို့ကို မထင်ရဘူး။ ဒီနေ့လည်း ကံကောင်းလို့ နိုင်သွားတာပါ။
အပတ်တိုင်း မန်ချက်စတာ ယူနိုက်တက် အသင်းအကြောင်း ပြောနေပေမယ့် ဘယ်အချိန်မှ ကောင်းလာမလဲ မသိပါဘူး ” လို့ ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ အကျင့်စရိုက်တွေဟာ ကြည့်ရှုသူတွေကို သဘောမကျစေဘူးကြောင်း သရဲနီ အသင်းခေါင်းဆောင်ဟောင်းက ထောက်ပြခဲ့ကာ ချန်ပီယံရှစ်အဆင့် အသင်းအဖြစ် ပြင်းပြင်းထန်ထန် ချိုးနှိပ်ခဲ့ပါတယ်။
” ကျနော်ကတော့ ယူနိုက်တက်ကို ကြည့်လို့ကို မရတာပါ။ အချိန်ပိုမှာဆိုရင် ကိုဗန်ထရီက ပရီးမီးယားလိဂ်အသင်း၊ ယူနိုက်တက်က ချန်ပီယံရှစ်အသင်းကျနေတာပဲ။ ယူနိုက်တက်မှာ ပြဿနာတွေ အများကြီး ရှိပေမယ့် သူတို့ အနိုင်တော့ ရခဲ့ပါတယ် ” လို့လည်း ရွိုင်ကိန်းက လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အက်ဖ်အေဖလား ဖိုင်နယ်မှာတော့ မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ကြပြီ ဖြစ်ပါတယ်။