ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (05-09-20)

အာဆင်နယ် ဗဟိုနောက်ခံလူ ဒန်နီရယ် ဘောလက်ဟာ ရိုမေးနီးယားရဲ့၁ဂိုးစီ သရေကျခဲ့တဲ့ မြောက်အိုင်ယာလန်ရဲ့ နေးရှင်းလိဂ်ပွဲမှာ ၎င်းရဲ့ လက်ရွေးစင် စီနီယာ ပွဲဦးထွက်ခွင့် ရခဲ့ပါတယ်။ မကြာသေးမီက အမ်ကေဒွန်းနဲ့ပွဲမှာ အာဆင်နယ်အတွက် ပါဝင်ပေးခဲ့တဲ့ ဗဟိုနောက်ခံလူဟာ ဒီညမှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့တဲ့အတွက် ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

အန်ကတ်တီရာကတော့ ကိုဆိုဗိုကို ၆ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ အင်္ဂလန် ယူ၂၁ အသင်းအတွက် အသင်းခေါင်းဆောင်အဖြစ်ပါဝင်ကစားပေးခဲ့ပြီး ဟက်ထရစ် သွင်းယူပေးခဲ့ပါတယ်။ သူဟာ ယူ၂၁အတွက် သွင်းဂိုး၁၁ဂိုး ရှိခဲ့ပြီဖြစ်ပြီး အလန်ရှီးယားနဲ့ဖရန်စစ် ဂျက်ဖာတို့ရဲ့ လူငယ်ဘဝ သွင်းဂိုးစံချိန်ကို လိုက်မီဖို့ ၂ဂိုးသာ လိုတော့တာလဲ ဖြစ်ပါတယ်။

ဒန်နီဆီဘယ်လော့ဟာ လာမယ့်ရာသီအတွက် စပိန်မှာဆက်နေဖို့ ရီးရဲလ်မက်ဒရစ်နဲ့ တခြားလာလီဂါ ကလပ်တွေဆီကနေ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် အာဆင်နယ်ဆီ ပြန်လာချင်တာနဲ့ ပတ်သက်လို့ သူ့စိတ်ထဲမှာ ဘယ်တော့မှ သံသယမဖြစ်ခဲ့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဆီဘယ်လော့ဟာ အာဆင်နယ်မှာ နောက်ထပ် တစ်ရာသီ အငှား ကစားဖို့ ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

အာတီတာကတော့ ဆီဘယ်လော့ကိုဒုတိယအကြိမ် အငှားခေါ်ယူနိုင်ခဲ့လို့ ကျေနပ်နေပြီး ကွင်းလယ်လူရဲ့စိတ်အားထက်သက်မှုနဲ့ စကေးပြည့်ဝမှုကို သဘောကျကြောင်း၊ သူ့ကို ပြန်ကြိုဆိုရလို့ ဝမ်းသာကြောင်းနဲ့ သူနဲ့အတူ ရှေ့ဆက်မယ့်အနာဂတ်အတွက် မျှော်လင့်နေကြာင်းပြောဆိုခဲ့ပါတယ်။ ဆီဘယ်လော့ဟာ မနှစ်က အာဆင်နယ်မှာ သူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၈ ကိုပဲ ဆက်လက် ဝတ်ဆင်မှာဖြစ်ကြောင်း အာဆင်နယ်က အတည်ပြုခဲ့ပါတယ်။

ဂွမ်ဒူဇီဟာ ဇွန်လနောက်ပိုင်း ပထမဆုံးပွဲအဖြစ် ပြင်သစ် ယူ၂၁ အသင်းနဲ့အတူ ကစားခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့ကာ ဂျော်ဂျီယာကို အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဝီလီယံ ဆလီဘာကတော့ ပြင်သစ် ယူ၂၀ အသင်းရဲ့ခေါ်ယူခြင်းခံခဲ့ရပေမယ့် အာဆင်နယ်နဲ့ပဲ လေ့ကျင့်ရေး ဆင်းနေခဲ့တာ ဖြစ်ပါတယ်။

PFA ရဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု ဆန်ကာတင်စာရင်းမှာ အာဆင်နယ် လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာ ပါဝင်လာခဲ့ပါတယ်။ ဆာကာဟာ ပုံမှန်အားဖြင့် ဘယ်နောက်တန်းမှာ ကစားရပေမယ့်လဲ မနှစ်ကရာသီမှာ ၄ဂိုးသွင်း၊ ၁၂ဂိုး ဖန်တီးပေးခဲ့တာပါ။ အာဆင်နယ်ရဲ့ FA ဖလားအောင်မြင်မှုမှာလဲ သူက အရေးပါခဲ့ပြီး ပရီးမီးယားလိဂ် ထိပ်သီး၇သင်းထဲက ၄သင်းနဲ့ရင်ဆိုင်ရာမှာ ဂိုးနဲ့ဖန်တီးမှုတွေ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုကရေးတစ်ဟာ နာပိုလီနဲ့အတူ တစ်ပတ်လုပ်ခ ပေါင်၄သောင်းခွဲ နဲ့ စာချုပ် ချုပ်ဆိဖို့ သဘောတူညီမှုရခဲ့ပြီးနောက် အာဆင်နယ်ကို စွန့်ခွာဖို့နီးစပ်နေပြီ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရပြီးရင် ကူလီဘာလီကို လက်လွှတ်တော့မယ့် နာပိုလီဟာ ဆီနီဂေါကြယ်ပွင့်ရဲ့နေရာကိုအစားထိုးဖို့ ဆိုကရေးတစ်ကို ရည်မှန်းထားတာဖြစ်ပြီး စီးရီးအေမှာ လစာဖြတ်ခံဖို့ ဆန္ဒရှိနေတဲ့ အာဆင်နယ်ကစားသမားက တစ်ပတ် ပေါင် ၄သောင်းခွဲနဲ့ စာချုပ်သဘောတူညီမှုယူခဲ့တာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ လာမယ့်ရက်တွေအတွင်း ဟက်တာဘယ်လာရင် အတွက် တရားဝင် ကမ်းလှမ်းမှုလုပ်မှာဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။ ပြင်သစ်ကလပ်ရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုကလဲ အာဆင်နယ်နဲ့အတူ ဘယ်လာရင်ရဲ့အေးဂျင့်နဲ့ပြောဆိုဆွေးနွေးနေပြီး ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က စပိန်နောက်ခံလူကို အတော်လေး နှစ်သက် သဘောကျနေတာဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ ဗဟိုေနာက္ခံလူ ဒန္နီရယ္ ေဘာလက္ဟာ ႐ိုေမးနီးယားရဲ႕၁ဂိုးစီ သေရက်ခဲ့တဲ့ ေျမာက္အိုင္ယာလန္ရဲ႕ ေနးရွင္းလိဂ္ပြဲမွာ ၎ရဲ႕ လက္ေ႐ြးစင္ စီနီယာ ပြဲဦးထြက္ခြင့္ ရခဲ့ပါတယ္။ မၾကာေသးမီက အမ္ေကဒြန္းနဲ႔ပြဲမွာ အာဆင္နယ္အတြက္ ပါဝင္ေပးခဲ့တဲ့ ဗဟိုေနာက္ခံလူဟာ ဒီညမွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြ ျပသခဲ့တဲ့အတြက္ ခ်ီးက်ဴးမႈေတြ ရရွိခဲ့ပါတယ္။

အန္ကတ္တီရာကေတာ့ ကိုဆိုဗိုကို ၆ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ပြဲမွာ အဂၤလန္ ယူ၂၁ အသင္းအတြက္ အသင္းေခါင္းေဆာင္အျဖစ္ပါဝင္ကစားေပးခဲ့ၿပီး ဟက္ထရစ္ သြင္းယူေပးခဲ့ပါတယ္။ သူဟာ ယူ၂၁အတြက္ သြင္းဂိုး၁၁ဂိုး ရွိခဲ့ၿပီျဖစ္ၿပီး အလန္ရွီးယားနဲ႔ဖရန္စစ္ ဂ်က္ဖာတို႔ရဲ႕ လူငယ္ဘဝ သြင္းဂိုးစံခ်ိန္ကို လိုက္မီဖို႔ ၂ဂိုးသာ လိုေတာ့တာလဲ ျဖစ္ပါတယ္။

ဒန္နီဆီဘယ္ေလာ့ဟာ လာမယ့္ရာသီအတြက္ စပိန္မွာဆက္ေနဖို႔ ရီးရဲလ္မက္ဒရစ္နဲ႔ တျခားလာလီဂါ ကလပ္ေတြဆီကေန ကမ္းလွမ္းမႈေတြ ရရွိခဲ့ေပမယ့္ အာဆင္နယ္ဆီ ျပန္လာခ်င္တာနဲ႔ ပတ္သက္လို႔ သူ႔စိတ္ထဲမွာ ဘယ္ေတာ့မွ သံသယမျဖစ္ခဲ့ဘူးလို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ ဆီဘယ္ေလာ့ဟာ အာဆင္နယ္မွာ ေနာက္ထပ္ တစ္ရာသီ အငွား ကစားဖို႔ ျပန္ေရာက္ေနျပီ ျဖစ္ပါတယ္။

အာတီတာကေတာ့ ဆီဘယ္ေလာ့ကိုဒုတိယအႀကိမ္ အငွားေခၚယူႏိုင္ခဲ့လို႔ ေက်နပ္ေနၿပီး ကြင္းလယ္လူရဲ႕စိတ္အားထက္သက္မႈနဲ႔ စေကးျပည့္ဝမႈကို သေဘာက်ေၾကာင္း၊ သူ႔ကို ျပန္ႀကိဳဆိုရလို႔ ဝမ္းသာေၾကာင္းနဲ႔ သူနဲ႔အတူ ေရွ႕ဆက္မယ့္အနာဂတ္အတြက္ ေမွ်ာ္လင့္ေနၾကာင္းေျပာဆိုခဲ့ပါတယ္။ ဆီဘယ္ေလာ့ဟာ မႏွစ္က အာဆင္နယ္မွာ သူ ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၈ ကိုပဲ ဆက္လက္ ဝတ္ဆင္မွာျဖစ္ေၾကာင္း အာဆင္နယ္က အတည္ျပဳခဲ့ပါတယ္။

ဂြမ္ဒူဇီဟာ ဇြန္လေနာက္ပိုင္း ပထမဆုံးပြဲအျဖစ္ ျပင္သစ္ ယူ၂၁ အသင္းနဲ႔အတူ ကစားခြင့္ရခဲ့ၿပီး အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ခဲ့ကာ ေဂ်ာ္ဂ်ီယာကို အႏိုင္ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။ ဝီလီယံ ဆလီဘာကေတာ့ ျပင္သစ္ ယူ၂၀ အသင္းရဲ႕ေခၚယူျခင္းခံခဲ့ရေပမယ့္ အာဆင္နယ္နဲ႔ပဲ ေလ့က်င့္ေရး ဆင္းေနခဲ့တာ ျဖစ္ပါတယ္။

PFA ရဲ႕တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆု ဆန္ကာတင္စာရင္းမွာ အာဆင္နယ္ လူငယ္ၾကယ္ပြင့္ ဘူကာယို ဆာကာ ပါဝင္လာခဲ့ပါတယ္။ ဆာကာဟာ ပုံမွန္အားျဖင့္ ဘယ္ေနာက္တန္းမွာ ကစားရေပမယ့္လဲ မႏွစ္ကရာသီမွာ ၄ဂိုးသြင္း၊ ၁၂ဂိုး ဖန္တီးေပးခဲ့တာပါ။ အာဆင္နယ္ရဲ႕ FA ဖလားေအာင္ျမင္မႈမွာလဲ သူက အေရးပါခဲ့ၿပီး ပရီးမီးယားလိဂ္ ထိပ္သီး၇သင္းထဲက ၄သင္းနဲ႔ရင္ဆိုင္ရာမွာ ဂိုးနဲ႔ဖန္တီးမႈေတြ လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆိုကေရးတစ္ဟာ နာပိုလီနဲ႔အတူ တစ္ပတ္လုပ္ခ ေပါင္၄ေသာင္းခြဲ နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရခဲ့ၿပီးေနာက္ အာဆင္နယ္ကို စြန္႔ခြာဖို႔နီးစပ္ေနၿပီ ျဖစ္ပါတယ္။ မန္စီးတီးနဲ႔ ေျပာင္းေ႐ႊ႕ေၾကးသေဘာတူညီမႈရၿပီးရင္ ကူလီဘာလီကို လက္လႊတ္ေတာ့မယ့္ နာပိုလီဟာ ဆီနီေဂါၾကယ္ပြင့္ရဲ႕ေနရာကိုအစားထိုးဖို႔ ဆိုကေရးတစ္ကို ရည္မွန္းထားတာျဖစ္ၿပီး စီးရီးေအမွာ လစာျဖတ္ခံဖို႔ ဆႏၵရွိေနတဲ့ အာဆင္နယ္ကစားသမားက တစ္ပတ္ ေပါင္ ၄ေသာင္းခြဲနဲ႔ စာခ်ဳပ္သေဘာတူညီမႈယူခဲ့တာပဲ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ လာမယ့္ရက္ေတြအတြင္း ဟက္တာဘယ္လာရင္ အတြက္ တရားဝင္ ကမ္းလွမ္းမႈလုပ္မွာျဖစ္ေၾကာင္း ဖာဘရီဇီယို ႐ိုမာႏိုက ဆိုပါတယ္။ ျပင္သစ္ကလပ္ရဲ႕ အားကစား ဒါ႐ိုက္တာ လီယိုနာဒိုကလဲ အာဆင္နယ္နဲ႔အတူ ဘယ္လာရင္ရဲ႕ေအးဂ်င့္နဲ႔ေျပာဆိုေဆြးေႏြးေနၿပီး ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္တူခ်ယ္က စပိန္ေနာက္ခံလူကို အေတာ္ေလး ႏွစ္သက္ သေဘာက်ေနတာျဖစ္ပါတယ္။