ချယ်ဆီး ကစားသမားသစ် ကိုင်ဟာဗက်ဇ် ရဲ့ ကွင်းပြင်က ထူးခြားအရည်အချင်းနဲ့ ဝါသနာများ

ချယ်ဆီးအသင်းထံ ရောက်ရှိလာတဲ့ ကွင်းလယ်ကြယ်ပွင့်သစ် ကိုင်ဟာဗက်ဇ် ဟာ ကွင်းတွင်းက ခြေစွမ်းကောင်း အရည်အချင်းတွေ အပြင် ကွင်းပြင်မှာလည်း ထူးခြားတဲ့ အရည်အချင်းနဲ့ ဝါသနာတွေ ရှိနေသူ ဖြစ်ပါတယ်။

ကိုင်ဟာဗက်ဇ်ရဲ့ ထူးခြားတဲ့ ဝါသနာနဲ့ အရည်အချင်းတွေကို Tribuna က အခုလို ဖော်ထုတ်သွားပါတယ်။

ပီယာနို ကစားသမားလေး

ကွင်းထဲမှာ ပြိုင်ဘက်ခံစစ်သမားတွေကို အာရုံစိုက် ထိုးဖောက်လှုပ်ရှားလေ့ ရှိတဲ့ ကိုင်ဟာဗက်ဇ်ဟာ ကွင်းပြင်မှာတော့ ထူးထူးခြားခြား ထိုင်ပြီး ပီယာနို တီးနေတတ်သူ ဖြစ်ပါတယ်။ ဘောလုံးပွဲနားချိန်မှာ ပီယာနို တီးရတာက သူ့အတွက် စိတ်သက်သာ ရာ ရတဲ့ အနားယူမှု တစ်ခု ဖြစ်ကြောင်း ဂျာမန်သားက ပြောဆိုဖူးပြီး ဒါကပဲ သူ့ရဲ့ ဖိအားတွေကို လျှော့ချတဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

ပထဝီနဲ့ သချာၤမှာ အမှတ်ကောင်းတွေ ရ ထူးချွန်သူ

ငယ်ငယ်ရွယ်ရွယ်နဲ့ လီဗာကူဆင်အသင်း ပထမအသင်းကြီးမှာ ပါဝင်ခွင့်ရသူ ဖြစ်ပေမယ့် ကျောင်းစာတွေကို ဟာဗက်ဇ်က ပစ်ပယ်ခဲ့သူ မဟုတ်ပါဘူး။ သူက ကျောင်းမှာဆိုရင် ပထဝီနဲ့ သင်္ချာဘာသာရပ်တွေမှာ ထူးချွန်သူ ဖြစ်ပြီး အမြဲ အေ အဆင့် အမှတ်ကောင်းတွေ ရသူ ဖြစ်ပါတယ်။

စွန့်စားလေ့လာသူ

ဟာဗက်ဇ် က ခရီးတွေထွက် စွန့်စား လေ့လာရတာကို နှစ်သက်သူ ဖြစ်ပြီး ခရီးတွေ လှည့်ပတ်သွားလာတတ်သူ ဖြစ်ပါတယ်။ ကန္တာရတွေထဲလဲ သွားဖူးသလို ပင်လယ်ကမ်းစပ်မှာလည်း လှေတွေ ဂျက်စကီးတွေနဲ့ စီးပြီး သာယာတတ်သူ ဖြစ်ပါတယ်။ ပြီါ်ခဲ့တဲ့ နှစ်ကတော့ ဒူဘိုင်း သွားတာ တွေ့ရပြီး အခုလို ကာလမှာတော့ စိတ်တိုင်းကျ ခရီးသွားနိုင်ဦးမှာ မဟုတ်ပါဘူး။

ဟယ်ရီပေါ်တာနဲ့ တူသူ

ဟာဗက်ဇ် ကို မြင်မြင်ချင်းမှာ မသိသာပေမယ့် သူ့ကို သေချာကြည့်လိုက်ရင်တော့ ဟယ်ရီပေါ်တာ ဇာတ်ကောင် မင်းသားရုပ်နဲ့ ဆင်တူ သူပါ။ ဘောလုံးနဲ့တင် ခေါင်းနှစ်နေတာ မဟုတ်ဘဲ ဟာဗက်ဇ် က ပါတီတွေမှာလည်း ခပ်လန်းလန်း ဆင်ပြီး ပျော်တတ်သူ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းထံ ေရာက္ရွိလာတဲ့ ကြင္းလယ္ၾကယ္ပြင့္သစ္ ကိုင္ဟာဗက္ဇ္ ဟာ ကြင္းတြင္းက ေျခစြမ္းေကာင္း အရည္အခ်င္းေတြ အျပင္ ကြင္းျပင္မွာလည္း ထူးျခားတဲ့ အရည္အခ်င္းနဲ႕ ၀ါသနာေတြ ရွိေနသူ ျဖစ္ပါတယ္။

ကိုင္ဟာဗက္ဇ္ရဲ႕ ထူးျခားတဲ့ ၀ါသနာနဲ႕ အရည္အခ်င္းေတြကို Tribuna က အခုလို ေဖာ္ထုတ္သြားပါတယ္။

ပီယာနို ကစားသမားေလး

ကြင္းထဲမွာ ျပိဳင္ဘက္ခံစစ္သမားေတြကို အာရံုစိုက္ ထုိးေဖာက္လႈပ္ရွားေလ့ ရွိတဲ့ ကိုင္ဟာဗက္ဇ္ဟာ ကြင္းျပင္မွာေတာ့ ထူးထူးျခားျခား ထိုင္ျပီး ပီယာနို တီးေနတတ္သူ ျဖစ္ပါတယ္။ ေဘာလံုးပြဲနားခ်ိန္မွာ ပီယာနို တီးရတာက သူ႔အတြက္ စိတ္သက္သာ ရာ ရတဲ့ အနားယူမႈ တစ္ခု ျဖစ္ေၾကာင္း ဂ်ာမန္သားက ေျပာဆိုဖူးျပီး ဒါကပဲ သူ႔ရဲ႕ ဖိအားေတြကို ေလွ်ာ့ခ်တဲ့ နည္းလမ္း တစ္ခုလည္း ျဖစ္ပါတယ္။

ပထ၀ီနဲ႕ သခ်ာၤမွာ အမွတ္ေကာင္းေတြ ရ ထူးခၽြန္သူ

ငယ္ငယ္ရြယ္ရြယ္နဲ႕ လီဗာကူဆင္အသင္း ပထမအသင္းၾကီးမွာ ပါ၀င္ခြင့္ရသူ ျဖစ္ေပမယ့္ ေက်ာင္းစာေတြကို ဟာဗက္ဇ္က ပစ္ပယ္ခဲ့သူ မဟုတ္ပါဘူး။ သူက ေက်ာင္းမွာဆိုရင္ ပထ၀ီနဲ႕ သခ်ၤာဘာသာရပ္ေတြမွာ ထူးခၽြန္သူ ျဖစ္ျပီး အျမဲ ေအ အဆင့္ အမွတ္ေကာင္းေတြ ရသူ ျဖစ္ပါတယ္။

စြန္႔စားေလ့လာသူ

ဟာဗက္ဇ္ က ခရီီးေတြထြက္ စြန္႕စား ေလ့လာရတာကို နွစ္သက္သူ ျဖစ္ျပီး ခရီးေတြ လွည့္ပတ္သြားလာတတ္သူ ျဖစ္ပါတယ္။ ကႏၱာရေတြထဲလဲ သြားဖူးသလို ပင္လယ္ကမ္းစပ္မွာလည္း ေလွေတြ ဂ်က္စကီးေတြနဲ႕ စီးျပီး သာယာတတ္သူ ျဖစ္ပါတယ္။ ျပီၚခဲ့တဲ့ နွစ္ကေတာ့ ဒူဘိုင္း သြားတာ ေတြ႔ရျပီး အခုလို ကာလမွာေတာ့ စိတ္တိုင္းက် ခရီးသြားနိုင္ဦးမွာ မဟုတ္ပါဘူး။

ဟယ္ရီေပၚတာနဲ႕ တူသူ

ဟာဗက္ဇ္ ကို ျမင္ျမင္ခ်င္းမွာ မသိသာေပမယ့္ သူ႔ကို ေသခ်ာၾကည့္လိုက္ရင္ေတာ့ ဟယ္ရီေပၚတာ ဇာတ္ေကာင္ မင္းသားရုပ္နဲ႕ ဆင္တူ သူပါ။ ေဘာလံုးနဲ႕တင္ ေခါင္းနွစ္ေနတာ မဟုတ္ဘဲ ဟာဗက္ဇ္ က ပါတီေတြမွာလည္း ခပ္လန္းလန္း ဆင္ျပီး ေပ်ာ္တတ္သူ ျဖစ္ပါတယ္။