ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (05/09/20)

ဗန်ဒါဘိခ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ တွဲဖက်လာမယ့် ယူနိုက်တက် ကွင်းလယ် အခင်းအကျင်းကို မြင်ရဖို့ စိတ်လှုပ်ရှားနေကြောင်း ဖာဒီနန်က ဆိုလိုက်ပြီး ဟော်လန်သားဟာ အသင်းအတွက် ဘောလုံးဦးနှောက်ကောင်းကောင်းနဲ့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ ယူဆောင်ပေးလာမယ်လို့ ဖာဒီနန်က သုံးသပ်လိုက်ပါတယ်။

ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချိုကတော့ ယူနိုက်တက် နဲ့ အပြောင်းအရွှေ့ သတင်းများဟာ မီဒီယာတွေက ပုံပြင်တွေ ဖန်တီးနေတာ သက်သက်ပဲလို့ တုန့်ပြန်လိုက်ပြီး သူ့အနေနဲ့ လက်ရှိ ကစားရမယ့် ပွဲနဲ့ အသင်းအပေါ်မှာသာ အာရုံစိုက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး မေဆန် ဂရင်းဝုဒ်ဟာ အဆုံးသတ်ကောင်းမွန်ပြီး မယုံနိုင်စရာ ထူးချွန်လွန်းတဲ့ ကစားသမားလေး ဖြစ်ကြောင်း အင်္ဂလန်အသင်း ထရိန်နင်မှာ ဆုံပြီးနောက် ဟယ်ရီကိန်းက ချီးကျူးစကား ဆိုလိုက်ပါတယ်။

ယူနိုက်တက်နဲ့ ထရိန်နင် ပထမရက် အပြီးမှာပဲ အသင်းကနေ ခွာချင်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တဲ့ ဆန်းချက်ရဲ့ စိတ်ဓာတ်ပိုင်း က ကြောက်စရာပဲလို့ ရေးပါလာက ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီ အစောပိုင်း ရာသီဝက်မှာ ယူနိုက်တက်နဲ့ ၃ ပွဲသာ ကစားခွင့် ရခဲ့တဲ့ ခံစစ်မှူး ရိုဂျိုကို ခေါ်ယူဖို့ လာဇီယို အသင်းက စိတ်ဝင်စားနေပြီး ၎င်း အငှားထွက်ကစားခဲ့တဲ့ ဇာတိမြေကလပ် Estudiantes ကလည်း အပြီး ခေါ်ယူလိုနေပါတယ်။

မန်ချက်စတာကလပ်မှာ ခြေစွမ်းတွေ မှေးမှိန်နေခဲ့ပေမယ့် ဒန်နီရယ် ဂျိမ်းစ်ဟာ ဝေးစ် လက်ရွေးစင်အသင်းနဲ့ အတူ ဖင်လန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားကာခြေစွမ်းပြခဲ့ပါတယ်။

Zawgyi – ဗန္ဒါဘိခ္နဲ႕ ဘရူနို ဖာနန္ဒက္စ္တို႔ တြဲဖက္လာမယ့္ ယူနိုက္တက္ ကြင္းလယ္ အခင္းအက်င္းကို ျမင္ရဖို႔ စိတ္လႈပ္ရွားေနေၾကာင္း ဖာဒီနန္က ဆိုလိုက္ျပီး ေဟာ္လန္သားဟာ အသင္းအတြက္ ေဘာလံုးဦးေနွာက္ေကာင္းေကာင္းနဲ႕ သြင္းဂိုးေတြ၊ ဖန္တီးမႈေတြ ယူေဆာင္ေပးလာမယ္လို႔ ဖာဒီနန္က သံုးသပ္လိုက္ပါတယ္။

ေဒါ့မြန္ ၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳကေတာ့ ယူနိုက္တက္ နဲ႕ အေျပာင္းအေရႊ႕ သတင္းမ်ားဟာ မီဒီယာေတြက ပံုျပင္ေတြ ဖန္တီးေနတာ သက္သက္ပဲလို႔ တုန္႔ျပန္လိုက္ျပီး သူ႔အေနနဲ႕ လက္ရွိ ကစားရမယ့္ ပြဲနဲ႕ အသင္းအေပၚမွာသာ အာရံုစိုက္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ လူငယ္ၾကယ္ပြင့္ေလး ေမဆန္ ဂရင္း၀ုဒ္ဟာ အဆံုးသတ္ေကာင္းမြန္ျပီး မယံုနုိင္စရာ ထူးခၽြန္လြန္းတဲ့ ကစားသမားေလး ျဖစ္ေၾကာင္း အဂၤလန္အသင္း ထရိန္နင္မွာ ဆံုျပီးေနာက္ ဟယ္ရီကိန္းက ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။

ယူနိုက္တက္နဲ႕ ထရိန္နင္ ပထမရက္ အျပီးမွာပဲ အသင္းကေန ခြာခ်င္ခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တဲ့ ဆန္းခ်က္ရဲ႕ စိတ္ဓာတ္ပိုင္း က ေၾကာက္စရာပဲလို႔ ေရးပါလာက ေ၀ဖန္လိုက္ပါတယ္။

ျပီးခဲ့တဲ့ရာသီ အေစာပိုင္း ရာသီ၀က္မွာ ယူနိုက္တက္နဲ႕ ၃ ပြဲသာ ကစားခြင့္ ရခဲ့တဲ့ ခံစစ္မွဴး ရိုဂ်ိဳကို ေခၚယူဖို႔ လာဇီယို အသင္းက စိတ္၀င္စားေနျပီး ၄င္း အငွားထြက္ကစားခဲ့တဲ့ ဇာတိေျမကလပ္ Estudiantes ကလည္း အျပီး ေခၚယူလိုေနပါတယ္။

မန္ခ်က္စတာကလပ္မွာ ေျခစြမ္းေတြ ေမွးမွိန္ေနခဲ့ေပမယ့္ ဒန္နီရယ္ ဂ်ိမ္းစ္ဟာ ေ၀းစ္ လက္ေရြးစင္အသင္းနဲ႕ အတူ ဖင္လန္ကို အနုိင္ရခဲ့တဲ့ပြဲမွာ ပါ၀င္ကစားကာေျခစြမ္းျပခဲ့ပါတယ္။