မိုဆာလာ ကို သက်တမ်းတိုးမလား၊ ရာသီကုန်မှာ နည်းပြသစ် ဖြစ်လာမယ့် အာနယ်စလော့နဲ့ ဆွေးနွေးမယ့် ကိစ္စများ

လီဗာပူးအသင်းဟာ ဒီရာသီကုန်မှာတော့ မိုဆာလာရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ စကားပြောကြဖို့ ပြင်ဆင်ထားကြောင်း တယ်လီဂရပ်ဖ်သတင်းဌာန က ဖော်ပြပါတယ်။

တစ်ပတ် လုပ်ခ ပေါင် ၃ သိန်းခွဲရနေတဲ့ ဆာလာရဲ့ စာချုပ်ဟာ ၂၀၂၅ နွေမှာ စာချုပ်ကုန်မှာပါ။ လီဗာပူး အားကစား ဒါရိုက်တာသစ် ရစ်ချက်ဟုချ်၊ FSG စီးအီးအို မိုက်ကယ်အတ်ဝပ်တို့ဟာ ဒီနွေမှာ ဆာလာနဲ့ ဆွေးနွေးစကားပြောကာ သက်တမ်းတိုးရေး ကိစ္စကို ဆုံးဖြတ်ကြမယ် လို့ သိရပါတယ်။

ဗန်ဒိုက်နဲ့ ထရန့်တို့ရဲ့ စာချုပ်ကိစ္စတွေကိုလည်း စကားပြောမှာဖြစ်ပြီး လက်တလောမှာ နည်းပြသစ်ကိစ္စ လုံးပန်းနေတာကြောင့် ကစားသမားတွေနဲ့ ညိနှိုင်းမှု မရှိသေးပါဘူး။

အာနယ် စလော့နဲ့တကွ နည်းပြအဖွဲ့ကိစ္စ ဖြေရှင်းပြီးရင် ဇွန်မှာ အသက် ၃၀ ပြည့်တော့မယ့် ဆာလာကို စာချုပ်သစ် ပေးသင့်လား? လက်ကျန် ၁ နှစ်ကို ဆက်ထိန်းပြီး အလွတ်နဲ့ထွက်ခွင့်ပေးမလား? ဆိုတာကို စတင် သုံးသပ်ကြမှာဖြစ်ပါတယ်။

နောက်ရာသီ မတိုင်ခင် စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရသေးရင်တောင် မိုဆာလာဟာ ဒီနွေမှာတော့ လီဗာပူးကနေ ထွက်ခွာသွားဖွယ် မရှိဘူးလို့ သိထားရပါတယ်။

လီဗာပူးအသင်းဟာ ကလပ်ရဲ့ အကျော်အမော်တွေကို စာချုပ်ကုန်တဲ့ထိ အသင်းမှာ ဆက်ထိန်းထားခဲ့ဖူးပြီး ဝိုက်နယ်ဒမ်၊ လယ်လာနာတို့ဟာ သူတို့ စာချုပ် နောက်ဆုံးကာလထိ အသင်းမှာ ဆက်ရှိနေခဲ့ပြီးမှ အလွတ်နဲ့ ထွက်သွားကြပါတယ်။ သီယေဂိုလည်း အလားတူ ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာတော့ လီဗာပူးခေတ်သစ်မှာ ဆက်လက် ပါဝင်ဖို့ ဆာလာကို ဆက်ထိန်းသွားဖို့ပဲ လီဗာပူး အသင်းဘက်က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။