ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (06-09-20)

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေမှာ ကစားသမားများစွာနဲ့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောကိုသာ ခေါ်ယူနိုင်ခဲ့သေးတာဖြစ်သလို နောက်ရာသီမှာ ဆုဖလားအတွက် စိန်ခေါ်နိုင်ဖို့ မျှော်လင့်ချက်ရှိချင်ရင် နောက်ထပ် တိုက်စစ်မှူးတစ်ယောက်ခေါ်ယူဖို့လိုတယ်လို့ ယူနိုက်တက် လက်ထောက်နည်းပြဟောင်း မူလန်စတင်းက ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာမှာ ဂရစ်ဇ်မန်းရဲ့ အနာဂတ်က သံသယရှိစရာဖြစ်နေသလို ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ မက်ဆီ ထွက်ခွာတော့မယ်လို့ ပြောခဲ့စဉ်က ဂရစ်ဇ်မန်းဟာ နောက်ရာသီ ဘာကာရဲ့အဓိက တိုက်စစ်မှူး ဖြစ်လာနိုင်ခဲ့ပေမယ့် အခု မက်ဆီ ဆက်ရှိနေမှာဖြစ်လို့ သူဟာ ဒီနွေမှာ ရောင်းထုတ်ခံရဖွယ် ရှိလာတာပါ။

လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်တို့က သီယာဂို အယ်ကန်တာရာကို စိတ်ဝင်စားနေပေမယ့်လဲ ဘိုင်ယန်မြူးနစ်အသင်းဘက်ကတော့ ၎င်းတို့ ကွင်းလယ်လူဟာ ကလပ်ကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ဆိုပြီး အပြောင်းအရွှေ့သတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ရာသီ ပရီးမီးယားလိဂ်ဖလားအောင်မြင်ဖို့ လီဗာပူးနဲ့ ယူနိုက်တက်က ရေပန်းစားနေကြောင်း ဂျင်မီကာရေဂါက ပြောဆိုခဲ့ပေမယ့် ဂျေဒန်ဆန်ချိုကို ခေါ်ယူတာက နောက်ရာသီမှာ ယူနိုက်တက်ကို အင်အားကောင်းတဲ့ စိန်ခေါ်သူတွေ အဖြစ် ပြောင်းလဲပေးနိုင်တယ်လို့ အကြံပေးခဲ့ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာက စပိန်အသင်းဖော် ဆာဂျီယို ရက်ဂွီလွန်နဲ့ပုံကို အင်စတာဂရမ်မှာတင်ခဲ့တဲ့နောက် ရီးရဲလ်မက်ဒရစ် နောက်ခံလူ အသက်၂၂နှစ် အရွယ် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာနိုင်တယ်ဆိုတဲ့ထင်ကြေးပေးမှုတွေ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ ၂၀၁၈ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နိုင်ငံအသင်းနည်းပြ ဒက်ချမ့်ရဲ့ခေါ်ယူခြင်းခံခဲ့ရပြီး စနေနေ့ က ဆွီဒင်ကို ၁-ဝနဲ့ နိုင်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ အနိုင်ဂိုးသွင်းရှင် အမ်ဘတ်ပီနေရာမှာ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီနွေမှာ ဆန်ချိုရဲ့တန်ကြေး ပေါင်၁၀၈သန်းထက် ပိုပေးကာ ခေါ်ယူဖို့ ကြိုးစားသင့်ပြီး မဟုတ်ရင် လီဗာပူးက နောက်နှစ်မှာ အင်္ဂလန်ကြယ်ပွင့်အတွက် သူတို့ကို ပြိုင်ဆိုင်လာလိမ့်မယ်လို့ လီဗာပူးဂန္တဝင် ဂျင်မီကာရေဂါက သတိပေးပြောဆိုခဲ့ပါတယ်။

ပေါလ်ပေါ့ဘာဟာ နောက်နွေရာသီမှာ သူ့အတွက် ဂျူဗင်တပ်က ခေါ်ယူဖို့ ကြိုးစားလာမလားဆိုတာကို သိရဖို့ စောင့်နေတာဖြစ်သလို မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကိစ္စကို အချိန်ဆွဲနေတာဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီေႏြမွာ ကစားသမားမ်ားစြာနဲ႔ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ ကြင္းလယ္လူ ဗန္ဒီဘိခ္တစ္ေယာကိုသာ ေခၚယူႏိုင္ခဲ့ေသးတာျဖစ္သလို ေနာက္ရာသီမွာ ဆုဖလားအတြက္ စိန္ေခၚႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိခ်င္ရင္ ေနာက္ထပ္ တိုက္စစ္မႉးတစ္ေယာက္ေခၚယူဖို႔လိုတယ္လို႔ ယူႏိုက္တက္ လက္ေထာက္နည္းျပေဟာင္း မူလန္စတင္းက ေျပာဆိုခဲ့ပါတယ္။

ဘာစီလိုနာမွာ ဂရစ္ဇ္မန္းရဲ႕ အနာဂတ္က သံသယရွိစရာျဖစ္ေနသလို ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ဟာ သူ႔ရဲ႕အေျခအေနကို ေစာင့္ၾကည့္ေနၾကပါတယ္။ မက္ဆီ ထြက္ခြာေတာ့မယ္လို႔ ေျပာခဲ့စဥ္က ဂရစ္ဇ္မန္းဟာ ေနာက္ရာသီ ဘာကာရဲ႕အဓိက တိုက္စစ္မႉး ျဖစ္လာႏိုင္ခဲ့ေပမယ့္ အခု မက္ဆီ ဆက္ရွိေနမွာျဖစ္လို႔ သူဟာ ဒီေႏြမွာ ေရာင္းထုတ္ခံရဖြယ္ ရွိလာတာပါ။

လီဗာပူးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔က သီယာဂို အယ္ကန္တာရာကို စိတ္ဝင္စားေနေပမယ့္လဲ ဘိုင္ယန္ျမဴးနစ္အသင္းဘက္ကေတာ့ ၄င္းတို႔ ကြင္းလယ္လူဟာ ကလပ္ကေန ထြက္ခြာမွာ မဟုတ္ဘူးလို႔ ဆိုၿပီး အေျပာင္းအေ႐ႊ႕သတင္းေတြကို ျငင္းဆိုခဲ့ပါတယ္။

၂၀၂၀-၂၀၂၁ရာသီ ပရီးမီးယားလိဂ္ဖလားေအာင္ျမင္ဖို႔ လီဗာပူးနဲ႔ ယူႏိုက္တက္က ေရပန္းစားေနေၾကာင္း ဂ်င္မီကာေရဂါက ေျပာဆိုခဲ့ေပမယ့္ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူတာက ေနာက္ရာသီမွာ ယူႏိုက္တက္ကို အင္အားေကာင္းတဲ့ စိန္ေခၚသူေတြ အျဖစ္ ေျပာင္းလဲေပးႏိုင္တယ္လို႔ အႀကံေပးခဲ့ပါတယ္။

ယူႏိုက္တက္ ဂိုးသမား ေဒးဗစ္ဒီဂီယာက စပိန္အသင္းေဖာ္ ဆာဂ်ီယို ရက္ဂြီလြန္နဲ႔ပုံကို အင္စတာဂရမ္မွာတင္ခဲ့တဲ့ေနာက္ ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ အသက္၂၂ႏွစ္ အ႐ြယ္ ကစားသမားဟာ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္ရွိလာႏိုင္တယ္ဆိုတဲ့ထင္ေၾကးေပးမႈေတြ ပိုမိုက်ယ္ျပန႔္လာခဲ့ပါတယ္။

ယူႏိုက္တက္ တိုက္စစ္မႉး အန္သိုနီမာရွယ္ဟာ ၂၀၁၈ ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ ျပင္သစ္ႏိုင္ငံအသင္းနည္းျပ ဒက္ခ်မ့္ရဲ႕ေခၚယူျခင္းခံခဲ့ရၿပီး စေနေန႔ က ဆြီဒင္ကို ၁-၀နဲ႔ နိုင္ခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ အႏိုင္ဂိုးသြင္းရွင္ အမ္ဘတ္ပီေနရာမွာ လူစားဝင္ကစားခြင့္ရရွိခဲ့ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဒီေႏြမွာ ဆန္ခ်ိဳရဲ႕တန္ေၾကး ေပါင္၁၀၈သန္းထက္ ပိုေပးကာ ေခၚယူဖို႔ ႀကိဳးစားသင့္ၿပီး မဟုတ္ရင္ လီဗာပူးက ေနာက္ႏွစ္မွာ အဂၤလန္ၾကယ္ပြင့္အတြက္ သူတို႔ကို ၿပိဳင္ဆိုင္လာလိမ့္မယ္လို႔ လီဗာပူးဂႏၲဝင္ ဂ်င္မီကာေရဂါက သတိေပးေျပာဆိုခဲ့ပါတယ္။

ေပါလ္ေပါ့ဘာဟာ ေနာက္ေႏြရာသီမွာ သူ႔အတြက္ ဂ်ဴဗင္တပ္က ေခၚယူဖို႔ ႀကိဳးစားလာမလားဆိုတာကို သိရဖို႔ ေစာင့္ေနတာျဖစ္သလို မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ကိစၥကို အခ်ိန္ဆြဲေနတာျဖစ္ေၾကာင္း သံုးသပ္မႈေတြ ရွိေနပါတယ္။