ရာသီသိမ်းဖို့ ပွဲစဉ် ၂ ပွဲပဲ လိုတော့တဲ့ အချိန်မှာ အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်တဲ့ ကလပ် ၂ သင်းထဲက ၁ သင်းအဖြစ် မန်စီးတီးနဲ့အပြိုင် ရှိနေဆဲပါ။
အမှတ်ပေးဇယားမှာ မန်စီးတီးထက် ၁ ပွဲပိုကစား ၁ မှတ်အသာဖြင့် ထိပ်ဆုံးမှာ ရှိနေဆဲဖြစ်ပါတယ်။ စီးတီးလို့ လက်ကျန် တစ်ပွဲကို သရေကျတာနဲ့ ဂိုးကွာခြားချက် အသာဖြင့် အာဆင်နယ်က ဇယားထိပ်မှာ ဆက်ရှိနေမှာပါ။
အာဆင်နယ်က ရာသီသိမ်းပွဲ ၂ ပွဲအဖြစ် ယူနိုက်တက်၊ အဲဗာတန်တို့နဲ့ ယှဉ်ပြိုင်ရဖို့ ကျန်ရှိနေတယ်။ မန်စီးတီးကတော့ ဖူလ်ဟမ်၊ စပါး၊ ဝက်စ်ဟမ်းတို့တဲ့ လန်ဒန်ကလပ် ၃ သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ရာသီကုန် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်ဆိုရင် အောင်ပွဲခံမယ့် ရက်ကို အာဆင်နယ် တာဝန်ရှိသူတွေက လန်ဒန်မြို့ကောင်စီ တာဝန်ရှိသူတွေနဲ့ ညိနှိုင်းမှု ပြုလုပ်နေပါတယ်။
မေလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ညပိုင်း ၁၀ နာရီခွဲမှာ အမိုးဖွင့်ဘက်စ်ကားနဲ့အတူ အာဆင်နယ်အသင်းက လန်ဒန်မြို့တွင်း လှည့်လည်ဖို့ လျာထားပြီ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ် အချက်အလက်ကတော့ ဆက်လက် ညိနှိုင်းရမှာဖြစ်ပါတယ်။
လန်ဒန်မြို့တွင်း အောင်ပွဲခံရာမှာ လမ်းပိတ်ဆို့မှု မဖြစ်ရအောင် အခုလို ကြိုတင် စီစဉ်ရခြင်းလို့ သိရပါတယ်။