ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (06-09-20)

အာဆင်နယ်ဟာ မနေ့က ခြေစမ်းပွဲမှာ အက်စ်တွန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့နောက် ဂန်းနားပရိသတ်တွေကတော့ ဒေါသထွက်နေကြပါတယ်။ နိုင်ငံတကာ ပွဲတွေကြောင့်၂သင်းလုံးမှာ အဓိက ကစားသမားတွေ မပါဝင်ခဲ့ပေမယ့် အူဘာမီးယန်းက အာဆင်နယ်အတွက် ၂ဂိုးသွင်းယူပေးခဲ့သည့်တိုင် အဆုံးသတ်မှာ ဗီလာက ၃-၂နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အိုဇေးဟာ ဇွန်လမှာ ရာသီပြန်စပြီးထဲက အာတီတာလက်အောက်မှာ နေရာမရခဲ့တဲ့နောက် အမ်းမရိတ်စ်ကို စွန့်ခွာဖို့ သတင်းကြီးနေပြီး ဆော်ဒီအာရေးဘီးယန်းကလပ်က တစ်နှစ် ပေါင်၁၅သန်းစာချုပ်နဲ့ကမ်းလှမ်းခဲ့ပေမယ့် အိုဇေးကတော့ ဒီနွေမှာ ထွက်ခွာမယ့်သတင်းတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကို ဒုတိယအကြိမ် အငှားနဲ့ပြန်ရောက်လာခဲ့တဲ့ ဆီဘယ်လော့ဟာ မနှစ်က ဂန်းနားတွေနဲ့အတူ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့မှာ အောင်မြင်ခဲ့တဲ့နောက် သူတို့ အနေနဲ့ ဒီအောင်မြင်မှုတွေကို ခြေကုပ်ယူပြီး လာမယ့်ရာသီမှာ ထိပ်ဆုံးလေးသင်းထဲ ပြန်ရောက်အောင် အာတီတာက ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

နယူးကာဆယ်ဟာ အာဆင်နယ်တိုက်စစ်မှူး အက်ဒီ အန်ကတ်တီရာရဲ့အပြောင်းအရွှေ့အတွက် ချိတ်ဆက်နေခဲ့ပြီး ဒီနွေမှာအငှားခေါ်ယူဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ အန်ကတ်တီရာ ဟာ အာဆင်နယ်အသင်းကြီးအတွက် သူ့ကို အာတီတာက ဘယ်လောက် အလိုရှိလဲ ဆိုတဲ့ အပေါ်မူတည်ပြီး အပြောင်းအရွှေ့ကိစ္စကို စဉ်းစားသွားမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ကလပ်များစွာဆီ ဂွမ်ဒူဇီကို ရောင်းချဖို့ ကြိုးစားခဲ့ပေမယ့် တီကို၊ ပီအက်စ်ဂျီတို့က ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ သူတို့ဟာ ကစားသမားအလဲအလှယ်ဖို့ အလိုရှိခဲ့ပေမယ့် သဘောတူညီမှု မရခဲ့တဲ့ အပြင် ဘယ်ကလပ်ကမှ ဂွမ်ဒူဇီအတွက် ယူရိုသန်း၄၀ မပေးချင်ကြတာလဲဖြစ်ပါတယ်။

အေစီမီလန်တိုက်စစ်မှူး အမ်မေ ရိုဘက်ခ်က သူဟာ ပေါင်၁.၅သန်းဝန်းကျင်နဲ့ မီလန်ကိုမပြောင်းရွှေ့ခင် အာဆင်နယ်ကိုသွားဖို့ ပိုအလိုရှိခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ တစ်နှစ်က အေစီမီလန်အပြင် အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်တို့ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် အမ်းမရိတ်စ်ကို သွားချင်ခဲ့တာကြောင့် မီလန်ကို ငြင်းပယ်ခဲ့ဖူးတယ်လို့ ဟမ်မာဘီ ကစားသမားဟောင်းက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ် ဂိုးသမား လီနိုဟာ ဆွစ်ဇာလန်နဲ့ တွေ့ဆုံရမယ့်ပွဲမှာ ဂျာမနီအတွက် ကစားပေးရနိုင်ဖွယ်ရှိနေပါတယ်။ ဂျာမန်သားဟာ ဇွန်လမှာ ရခဲ့တဲ့ဒဏ်ရာကြောင် အမ်းမရိတ်စ်မှာ ဒုတိယ ဦးစားပေးဂိုးသမား အမ်မီလီယာနို မာတီနက်ကို နံပါတ်တစ်နေရာ လွှဲပေးခဲ့ရပေမယ့် နိုင်ငံအသင်းအတွက် အခွင့်အရေးရချိန်မှာတော့ သူ့အရည်အချင်းကို အာတီတာ မြင်တွေ့စေဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လိုင်ယွန်ကွင်းလယ်လူ အေအူရာအတွက် ကစားသမား+ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တာကို လိုင်ယွန်က ပယ်ချခဲ့ပါတယ်။ ဂန်းနားတွေက ဂွမ်ဒူဇီကို အလိုက်ပေးကာ ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် လိုင်ယွန်ကတော့ ဒီနွေမှာ ကွင်းလယ်ပိုင်း အားဖြည့်ဖို့ မလိုအပ်ဘူးလို့ယုံကြည်တာကြောင့် သူတို့ကို ငြင်းပယ်ခဲ့တာလဲ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ဟာ မေန႔က ေျခစမ္းပြဲမွာ အက္စ္တြန္ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ေနာက္ ဂန္းနားပရိသတ္ေတြကေတာ့ ေဒါသထြက္ေနၾကပါတယ္။ ႏိုင္ငံတကာ ပြဲေတြေၾကာင့္၂သင္းလုံးမွာ အဓိက ကစားသမားေတြ မပါဝင္ခဲ့ေပမယ့္ အူဘာမီးယန္းက အာဆင္နယ္အတြက္ ၂ဂိုးသြင္းယူေပးခဲ့သည့္တိုင္ အဆုံးသတ္မွာ ဗီလာက ၃-၂နဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ကို ဒုတိယအႀကိမ္ အငွားနဲ႔ျပန္ေရာက္လာခဲ့တဲ့ ဆီဘယ္ေလာ့ဟာ မႏွစ္က ဂန္းနားေတြနဲ႔အတူ အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္းတို႔မွာ ေအာင္ျမင္ခဲ့တဲ့ေနာက္ သူတို႔ အေနနဲ႔ ဒီေအာင္ျမင္မႈေတြကို ေျခကုပ္ယူၿပီး လာမယ့္ရာသီမွာ ထိပ္ဆုံးေလးသင္းထဲ ျပန္ေရာက္ေအာင္ အာတီတာက ဦးေဆာင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

အိုေဇးဟာ ဇြန္လမွာ ရာသီျပန္စၿပီးထဲက အာတီတာလက္ေအာက္မွာ ေနရာမရခဲ့တဲ့ေနာက္ အမ္းမရိတ္စ္ကို စြန႔္ခြာဖို႔ သတင္းႀကီးေနၿပီး ေဆာ္ဒီအာေရးဘီးယန္းကလပ္က တစ္ႏွစ္ ေပါင္၁၅သန္းစာခ်ဳပ္နဲ႔ကမ္းလွမ္းခဲ့ေပမယ့္ အိုေဇးကေတာ့ ဒီေႏြမွာ ထြက္ခြာမယ့္သတင္းေတြကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ဟာ အာဆင္နယ္တိုက္စစ္မႉး အက္ဒီ အန္ကတ္တီရာရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ခ်ိတ္ဆက္ေနခဲ့ၿပီး ဒီေႏြမွာအငွားေခၚယူဖို႔ ႀကိဳးစားေနတယ္လို႔သိရပါတယ္။ အန္ကတ္တီရာ ဟာ အာဆင္နယ္အသင္းႀကီးအတြက္ သူ႔ကို အာတီတာက ဘယ္ေလာက္ အလိုရွိလဲ ဆိုတဲ့ အေပၚမူတည္ၿပီး အေျပာင္းအေ႐ႊ႕ကိစၥကို စဥ္းစားသြားမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ကလပ္မ်ားစြာဆီ ဂြမ္ဒူဇီကို ေရာင္းခ်ဖို႔ ႀကိဳးစားခဲ့ေပမယ့္ တီကို၊ ပီအက္စ္ဂ်ီတို႔က ျငင္းပယ္ခဲ့တယ္လို႔သိရပါတယ္။ သူတို႔ဟာ ကစားသမားအလဲအလွယ္ဖို႔ အလိုရွိခဲ့ေပမယ့္ သေဘာတူညီမႈ မရခဲ့တဲ့ အျပင္ ဘယ္ကလပ္ကမွ ဂြမ္ဒူဇီအတြက္ ယူ႐ိုသန္း၄၀ မေပးခ်င္ၾကတာလဲျဖစ္ပါတယ္။

ေအစီမီလန္တိုက္စစ္မႉး အမ္ေမ ႐ိုဘက္ခ္က သူဟာ ေပါင္၁.၅သန္းဝန္းက်င္နဲ႔ မီလန္ကိုမေျပာင္းေ႐ႊ႕ခင္ အာဆင္နယ္ကိုသြားဖို႔ ပိုအလိုရွိခဲ့ေၾကာင္းဝန္ခံခဲ့ပါတယ္။ သူဟာ လြန္ခဲ့တဲ့ တစ္ႏွစ္က ေအစီမီလန္အျပင္ အာဆင္နယ္၊ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕စိတ္ဝင္စားမႈကို ရရွိခဲ့ေပမယ့္ အမ္းမရိတ္စ္ကို သြားခ်င္ခဲ့တာေၾကာင့္ မီလန္ကို ျငင္းပယ္ခဲ့ဖူးတယ္လို႔ ဟမ္မာဘီ ကစားသမားေဟာင္းက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

အာဆင္နယ္ ဂိုးသမား လီႏိုဟာ ဆြစ္ဇာလန္နဲ႔ ေတြ႕ဆုံရမယ့္ပြဲမွာ ဂ်ာမနီအတြက္ ကစားေပးရႏိုင္ဖြယ္ရွိေနပါတယ္။ ဂ်ာမန္သားဟာ ဇြန္လမွာ ရခဲ့တဲ့ဒဏ္ရာေၾကာင္ အမ္းမရိတ္စ္မွာ ဒုတိယ ဦးစားေပးဂိုးသမား အမ္မီလီယာႏို မာတီနက္ကို နံပါတ္တစ္ေနရာ လႊဲေပးခဲ့ရေပမယ့္ ႏိုင္ငံအသင္းအတြက္ အခြင့္အေရးရခ်ိန္မွာေတာ့ သူ႔အရည္အခ်င္းကို အာတီတာ ျမင္ေတြ႕ေစဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ လိုင္ယြန္ကြင္းလယ္လူ ေအအူရာအတြက္ ကစားသမား+ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကမ္းလွမ္းခဲ့တာကို လိုင္ယြန္က ပယ္ခ်ခဲ့ပါတယ္။ ဂန္းနားေတြက ဂြမ္ဒူဇီကို အလိုက္ေပးကာ ကမ္းလွမ္းမႈလုပ္ခဲ့ေပမယ့္ လိုင္ယြန္ကေတာ့ ဒီေႏြမွာ ကြင္းလယ္ပိုင္း အားျဖည့္ဖို႔ မလိုအပ္ဘူးလို႔ယုံၾကည္တာေၾကာင့္ သူတို႔ကို ျငင္းပယ္ခဲ့တာလဲ ျဖစ္ပါတယ္။