ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ချယ်ဆီးအတွက် ပါဝင်ကစားနိုင်မှာ မဟုတ်တဲ့ စူပါကစားသမားသစ် နှစ်ဦး

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ကစားသမားကောင်းတွေ အများအပြား ခေါ်ယူထားပြီး ရာသီသစ်အတွက် တက်ကြွစွာ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ခေါ်ယူထားတဲ့ ကစားသမား တွေထဲက စူပါနှစ်ဦးကတော့ စက်တင်ဘာလ ၁၄ ရက်နေ့ ချယ်ဆီးရဲ့ ဘရိုက်တန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။ ထိုနှစ်ဦးကတော့ ဒဏ်ရာ ကိုယ်စီ ရှိနေတဲ့ ဟာကင် ဇီယက်နဲ့ ဘန် ချေးဝဲလ်တို့ ဖြစ်ပါတယ်။

ဇီယက်က ပြီးခဲ့တဲ့ အပတ် ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာပဲ ဒူးမှာ ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး ချေးဝဲလ်က ပြီးခဲ့တဲ့လ လက်စတာအသင်းထံမှ ခေါ်ယူစဉ်တည်းက ဖနောင့် ဒဏ်ရာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အဖွင့်ပွဲမှာ မိုရိုကိုသား တိုက်စစ်သမား ဇီယက်ကတော့ မပါဝင်နိုင်ဖို့ သေချာသလောက် ရှိနေပြီး သူ့ ဒဏ်ရာကနေ ဘယ်တော့ ပြန်လည် ကောင်းမွန်လာမလဲ ဆိုတာလည်း အတိအကျ မသိရသေးပါဘူး။ ချေးဝဲလ်က ထရိန်နင်မှာ ပြန်လည် ပါဝင်နေပြီ ဖြစ်ပေမယ့် ဘရိုက်တန်နဲ့ ကစားရမယ့် အဝေးကွင်းပွဲကို လိုက်ပါရဖို့ မသေချာသေးဘဲ ရှိနေတာပါ။

ချေးဝဲလ်က ဒီတစ်ပတ်ထဲ ကော့ဘ်ဟန်း ထရိန်နင် ကွင်းမှာ လေ့ကျင့်နေပြီ ဖြစ်ပေမယ့် ဝန်မပိအောင် တစ်ယောက်တည်း သီးခြားလေ့ကျင့်နေစေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲ နဲ့လည်း မဝေးဘဲ ကြံ့ခိုင်မှု ရှိနေအောင် ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။

၎င်းတို့ နှစ်ဦး အပြင် ပွဲဦးထွက်မှာ ပါဝင်ဖို့ မသေချာသေးတာက အစွန်ခံစစ်မှူး ရီစီ ဂျိမ်းစ်လည်း ရှိနေပြီး ဂျိမ်းစ်က ဒီတပတ်ထဲမှာ ဒဏ်ရာကြောင့် အင်္ဂလန် U21 လူစာရင်းကနေ ပြန်လာခဲ့ရပါတယ်။

ပူလီဆစ်ကတော့ တံကောက်ကြော ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာနေပြီ ဖြစ်ပြီး ဘရိုက်တန်နဲ့ ပွဲ အတွက်တော့ မသေချာသေးပါဘူး။ ကိုဗာဆစ်ကတော့ ပွဲပယ် ရှိနေပါတယ်။ ချယ်ဆီးရဲ့ အခြား ကစားသမားသစ်တွေ ဖြစ်တဲ့ တီမိုဗာနာ၊ ဟာဗက်ဇ်နဲ့ သီယေဂို ဆေးလ်ဗားတို့ကတော့ ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ ကစားသမားေကာင္းေတြ အမ်ားအျပား ေခၚယူထားျပီး ရာသီသစ္အတြက္ တက္ၾကြစြာ ျပင္ဆင္ေနပါတယ္။ ဒါေပမယ့္ ေခၚယူထားတဲ့ ကစားသမား ေတြထဲက စူပါနွစ္ဦးကေတာ့ စက္တင္ဘာလ ၁၄ ရက္ေန႔ ခ်ယ္ဆီးရဲ႕ ဘရိုက္တန္နဲ႕ ကစားရမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ပါ၀င္ဖို႔ မေသခ်ာဘူး ျဖစ္ေနပါတယ္။ ထိုနွစ္ဦးကေတာ့ ဒဏ္ရာ ကိုယ္စီ ရွိေနတဲ့ ဟာကင္ ဇီယက္နဲ႕ ဘန္ ေခ်း၀ဲလ္တို႔ ျဖစ္ပါတယ္။

ဇီယက္က ျပီးခဲ့တဲ့ အပတ္ ဘရိုက္တန္နဲ႕ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာပဲ ဒူးမွာ ဒဏ္ရာ ရခဲ့တာ ျဖစ္ျပီး ေခ်း၀ဲလ္က ျပီးခဲ့တဲ့လ လက္စတာအသင္းထံမွ ေခၚယူစဥ္တည္းက ဖေနာင့္ ဒဏ္ရာ ရွိေနခဲ့တာ ျဖစ္ပါတယ္။

အဖြင့္ပြဲမွာ မိုရိုကိုသား တိုက္စစ္သမား ဇီယက္ကေတာ့ မပါ၀င္နုိင္ဖို႔ ေသခ်ာသေလာက္ ရွိေနျပီး သူ႔ ဒဏ္ရာကေန ဘယ္ေတာ့ ျပန္လည္ ေကာင္းမြန္လာမလဲ ဆိုတာလည္း အတိအက် မသိရေသးပါဘူး။ ေခ်း၀ဲလ္က ထရိန္နင္မွာ ျပန္လည္ ပါ၀င္ေနျပီ ျဖစ္ေပမယ့္ ဘရိုက္တန္နဲ႕ ကစားရမယ့္ အေ၀းကြင္းပြဲကို လိုက္ပါရဖို႔ မေသခ်ာေသးဘဲ ရွိေနတာပါ။

ေခ်း၀ဲလ္က ဒီတစ္ပတ္ထဲ ေကာ့ဘ္ဟန္း ထရိန္နင္ ကြင္းမွာ ေလ့က်င့္ေနျပီ ျဖစ္ေပမယ့္ ၀န္မပိေအာင္ တစ္ေယာက္တည္း သီးျခားေလ့က်င့္ေနေစတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပြဲ နဲ႕လည္း မေ၀းဘဲ ၾကံ႕ခိုင္မႈ ရွိေနေအာင္ ထိန္းသိမ္းေနတာ ျဖစ္ပါတယ္။

၄င္းတို႔ နွစ္ဦး အျပင္ ပြဲဦးထြက္မွာ ပါ၀င္ဖို႔ မေသခ်ာေသးတာက အစြန္ခံစစ္မွဴး ရီစီ ဂ်ိမ္းစ္လည္း ရွိေနျပီး ဂ်ိမ္းစ္က ဒီတပတ္ထဲမွာ ဒဏ္ရာေၾကာင့္ အဂၤလန္ U21 လူစာရင္းကေန ျပန္လာခဲ့ရပါတယ္။

ပူလီဆစ္ကေတာ့ တံေကာက္ေၾကာ ဒဏ္ရာကေန ျပန္လည္ ေကာင္းမြန္လာေနျပီ ျဖစ္ျပီး ဘရိုက္တန္နဲ႕ ပြဲ အတြက္ေတာ့ မေသခ်ာေသးပါဘူး။ ကိုဗာဆစ္ကေတာ့ ပြဲပယ္ ရွိေနပါတယ္။ ခ်ယ္ဆီးရဲ႕ အျခား ကစားသမားသစ္ေတြ ျဖစ္တဲ့ တီမိုဗာနာ၊ ဟာဗက္ဇ္နဲ႕ သီေယဂို ေဆးလ္ဗားတို႔ကေတာ့ ပါ၀င္ကစားနိုင္မွာ ျဖစ္ပါတယ္။