ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (06/09/20)

နိုင်ငံလက်ရွေးစင် အသင်းဖော် ဘာ့ချ်ဝင်းရဲ့ စည်းရုံးမှုကြောင်း ၎င်း ကစားနေတဲ့ စပါးအသင်းထံ သွားရောက်ဖို့ စိတ်ဝင်စားခဲ့သေးကြောင်း ယူနိုက်တက် ကွင်းလယ်သစ် ဗန်ဒီဘိခ်က ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနိုကို နောက်နှစ် ဇွန်လမှ ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဇူလိုင်ကမှ လိုက်ပ်ဇစ်နဲ့ သက်တမ်းတိုးထားတဲ့ ပြင်သစ် သား စာချုပ်ရဲ့ ဖျက်သိမ်းမှုဟာ နောက်နှစ်မှ အသက်ဝင်မှာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဒီနွေအတွက် သူ့ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်တဲ့ ဆန်ချို ကို ခေါ်ယူဖို့ ရအောင် ညှိနှိုင်းပေးရန် အသင်းအကြီးအကဲ အက်ဝုဒ်ဝပ် အား တောင်းဆို တိုက်တွန်းထားပါတယ်။

အင်္ဂလန်အသင်းရဲ့ ထရိန်နင်မှာတော့ အပြိုင်အဆိုင် လေ့ကျင့်ကြရင်း ဆန်ချိုကို တားဆီးဖို့ ကြိုးစားတဲ့ မက်ဂွဲရားဟာ မြေပေါ်သို့ လဲကျသွားတာကြောင့် ထိခိုက်မှုကြီးသလား ဒေါ့မွန်ကြယ်ပွင့်မှာ ရှော့ခ် ရသွားခဲ့တယ်လို့ ထရိန်နင် အပြီးမှ ရယ်ရယ်မောမော ဖွင့်ဟခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဝေးစ်တောင်ပံကြယ်ပွင့် ဂါရတ်ဘေးလ်ကို လာလီဂါကလပ်က ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာခွင့် ပြုဖွယ် ရှိနေပြီး ပရီးမီးယားလိဂ် သွားလိုနေတဲ့ ဘေးလ်ဟာ ယူနိုက်တက် ဒါမှမဟုတ် စပါးသို့ ရောက်ရှိနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

အလားအလာ ရှိတဲ့ ကစားသမားတွေ ကို အငှားစေလွှတ်တာက မှန်ကန်တဲ့ စနစ် တစ်ခုဆိုတာ ဒင်း ဟန်ဒါဆန်က သက်သေပြနေကြောင်း မန်ချက်စတာယူနိုက်တက်ရဲ့ အသင်း ဝဘ်ဆိုဒ်က သုံးသပ် ဖော်ပြထားပါတယ်။

Zawgyi – နိုင္ငံလက္ေရြးစင္ အသင္းေဖာ္ ဘာ့ခ်္၀င္းရဲ႕ စည္းရံုးမႈေၾကာင္း ၄င္း ကစားေနတဲ့ စပါးအသင္းထံ သြားေရာက္ဖို႔ စိတ္၀င္စားခဲ့ေသးေၾကာင္း ယူနိုက္တက္ ကြင္းလယ္သစ္ ဗန္ဒီဘိခ္က ထုတ္ေဖာ္ ၀န္ခံလိုက္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာနိုကို ေနာက္နွစ္ ဇြန္လမွ ေခၚယူဖို႔ ထပ္မံ ၾကိဳးပမ္းမွာ ျဖစ္ပါတယ္။ ဇူလိုင္ကမွ လိုက္ပ္ဇစ္နဲ႕ သက္တမ္းတိုးထားတဲ့ ျပင္သစ္ သား စာခ်ဳပ္ရဲ႕ ဖ်က္သိမ္းမႈဟာ ေနာက္နွစ္မွ အသက္၀င္မွာ ျဖစ္ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ဒီေႏြအတြက္ သူ႔ရဲ႕ ဦးစားေပး ပစ္မွတ္ ျဖစ္တဲ့ ဆန္ခ်ိဳ ကို ေခၚယူဖို႔ ရေအာင္ ညွိနိႈင္းေပးရန္ အသင္းအၾကီးအကဲ အက္၀ုဒ္၀ပ္ အား ေတာင္းဆို တိုက္တြန္းထားပါတယ္။

အဂၤလန္အသင္းရဲ႕ ထရိန္နင္မွာေတာ့ အျပိဳင္အဆိုင္ ေလ့က်င့္ၾကရင္း ဆန္ခ်ိဳကို တားဆီးဖို႔ ၾကိဳးစားတဲ့ မက္ဂြဲရားဟာ ေျမေပၚသို႔ လဲက်သြားတာေၾကာင့္ ထိခိုက္မႈၾကီးသလား ေဒါ့မြန္ၾကယ္ပြင့္မွာ ေရွာ့ခ္ ရသြားခဲ့တယ္လို႔ ထရိန္နင္ အျပီးမွ ရယ္ရယ္ေမာေမာ ဖြင့္ဟခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ ေ၀းစ္ေတာင္ပံၾကယ္ပြင့္ ဂါရတ္ေဘးလ္ကို လာလီဂါကလပ္က ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္ခြာခြင့္ ျပဳဖြယ္ ရွိေနျပီး ပရီးမီးယားလိဂ္ သြားလိုေနတဲ့ ေဘးလ္ဟာ ယူနိုက္တက္ ဒါမွမဟုတ္ စပါးသို႔ ေရာက္ရွိနိုင္ေၾကာင္း သံုးသပ္မႈေတြ ရွိေနပါတယ္။

အလားအလာ ရွိတဲ့ ကစားသမားေတြ ကို အငွားေစလႊတ္တာက မွန္ကန္တဲ့ စနစ္ တစ္ခုဆိုတာ ဒင္း ဟန္ဒါဆန္က သက္ေသျပေနေၾကာင္း မန္ခ်က္စတာယူနိုက္တက္ရဲ႕ အသင္း ၀ဘ္ဆိုဒ္က သံုးသပ္ ေဖာ္ျပထားပါတယ္။