မန်စီးတီး ခြေချော်လိုက်တာနဲ့ ဖလားသိမ်း အောင်ပွဲခံဖို့ ရယ်ဒီဖြစ်သွားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့နောက် ဇယားထိပ်ကို ပြန်တက်သွားခဲ့ကာ ရာသီသိမ်းပွဲစဉ် မတိုင်ခင် မန်စီးတီးကို ၁ မှတ်ဖြတ်ထားခဲ့ပါပြီ။

အာဆင်နယ်ဘက်က တောင့်တင်းတဲ့ လူစာရင်းနဲ့ ထွက်လာခဲ့ကာ ယူနိုက်တက်ကတော့ အသင်းခေါင်းဆောင် ဘရူနိုနဲ့ တိုက်စစ်သမား ရက်ဖိုဒ့်တို့ မပါဝင်နိုင်ခဲ့ပါဘူး။

ပိုကောင်းတဲ့အသင်းက အနိုင်ရခဲ့ခြင်းဖြစ်ကာ အာဆင်နယ်က ပွဲကို အရမ်း အကောင်းကြီး ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ပေမယ့် ယူနိုက်တက်က အတော်လေးကို လိုအပ်ချက်များတဲ့ အသင်းတစ်သင်း ဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်က သူတို့ ဘာလုပ်ဖို့ လိုအပ်မယ်ဆိုတာကို သိထားခဲ့ပြီး သေချာပေါက် အနိုင် ၃ မှတ်ကို အရယူသွားခဲ့တာ ဖြစ်ပါတယ်။ နိုင်ရမယ့်ပွဲမှာ ထရော့ဇတ်ရဲ့ သွင်းဂိုးကပဲ ဧည့်သည်းအသင်းကို စိတ်ကျေနပ်စရာ ရလဒ် ထွက်စေခဲ့ပါတယ်။

မန်စီးတီးက ဖူလ်ဟမ်ကို အနိုင်ရခဲ့ပေမယ့် ဒီကြားရက် စပါးနဲ့ အဝေးကွင်းပွဲကို ရလဒ် မကောင်းလိုက်တာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို လက်လွတ်ရတော့မှာပါ။

အခုချိန်ထိတော့ ဖလားရနိုင်ချေက မန်စီးတီး လက်ထဲမှာပဲ ရှိနေသေးကာ သူတို့ရဲ့ ဖိုင်နယ် ၂ ပွဲကို အနိုင်ရမယ်ဆိုရင် ၄ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်လာပါလိမ့်မယ်။

ဒါပေမယ့် အာဆင်နယ်အသင်း နိုင်ပွဲရခဲ့တာကြောင့် စပါးနဲ့ မန်စီးတီးပွဲ ဘယ်လိုရလဒ် ထွက်ထွက် ဖလားလုပွဲကတော့ ပွဲစဉ် ၃၈ ထိရောက်သွားမှာ သေချာခဲ့ပြီ ဖြစ်ပါတယ်။