အပြောင်းအရွှေ့အတွက် ငါးစာကြီးကြီးကို အင်စတာဂရမ်မှာ ချပြသွားတဲ့ လမ်းပတ်

UNICODE – ချယ်ဆီးမန်နေဂျာ လမ်းပတ်ရဲ့ အင်စတာဂရမ်မှာ နောက်ဆုံး လုပ်ဆောင်ခဲ့မှုက ချယ်ဆီးပရိသတ်တွေကို စိတ်လှုပ်ရှားစရာ ဖြစ်သွားစေနိုင်ပါတယ်။

နွေအပြောင်းအရွှေ့မှာ ချယ်ဆီးက ခေါ်ယူမယ်လို့ နာမည်ကြီးနေတဲ့ ဒရိုင်းမာတင်ကို မန်နေဂျာလမ်းပတ်က အင်စတာဂရမ်ကနေ follow လုပ်ခဲ့တယ်။ လမ်းပတ်ဟာ အခြားသော ကစားသမား အကောင့်တွေကိုလည်း follow လုပ်ပေမယ့်လို့ လက်တလောမှာ သတင်းကြီးနေတာက မာတင်ဖြစ်ကာ ဝါရင့်တိုက်စစ်သမားကို လမ်းပတ်က အထူး နှစ်သက်တယ်လို့ သိထားရတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဘယ်ဂျီယံသား တိုက်စစ်သမားဟာ ဒီရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားပြီး ကိုယ်တိုင် ၁၂ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၆ ကြိမ် လုပ်ထားနိုင်သူဖြစ်တယ်။ သူဟာ စီးရီးအေမှာ ပုံမှန် ဂိုးသွင်းနိုင်စွမ်းရှိသူဖြစ်ပြီး ဖန်တီးမှုကောင်းတဲ့ တိုက်စစ်သမားအဖြစ်လည်း ထင်ရှားပါတယ်။

၂၀၁၃ ခုနှစ်မှာ ပီအက်ဗီကနေ ပြောင်းရွှေ့လာကတည်းက ဒရိုင်းမာတင်ဟာ နာပိုလီရဲ့ အတောက်ပဆုံး တိုက်စစ်သမား ဖြစ်လာခဲ့ပါတယ်။ ချယ်ဆီးမန်နေဂျာ ဖရန့်လမ်းပတ်ဟာ တိုက်စစ်သမား ဒရိုင်းမာတင် လန်ဒန်ကို ပြောင်းလာဖို့ နေ့တိုင်းနီးပါး ဖုန်းဆက် တိုက်တွန်းပါကြောင်းလည်း အီတလီ သတင်းထောက်ကြီး Vincenzo Morabito က ဖွင့်ချထားခဲ့ပါသေးတယ်။

ချယ်ဆီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့တည်းက မာတင်ကို ချိတ်ဆက်ခဲ့ပေမယ့် တရားဝင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘူး။ တိုက်စစ်သမားတွေဖြစ်တဲ့ အေဘရာဟမ်၊ ဘတ်ရှုဝါရီတို့ရဲ့ ကိစ္စတွေကို စီမံရဦးမှာ ဖြစ်ပေမယ့် လူငယ်တွေများနေတဲ့ တိုက်စစ်ပိုင်းအတွက် မာတင်ကို ကြိုးစားမှုကတော့ မန်နေဂျာလမ်းပတ်ရဲ့ ဦးစားပေး ဖြစ်လာနေခဲ့ပါပြီ။

ZAWGYI – ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္ရဲ႕ အင္စတာဂရမ္မွာ ေနာက္ဆံုး လုပ္ေဆာင္ခဲ့မႈက ခ်ယ္ဆီးပရိသတ္ေတြကို စိတ္လႈပ္ရွားစရာ ျဖစ္သြားေစႏုိင္ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ ခ်ယ္ဆီးက ေခၚယူမယ္လို႔ နာမည္ၾကီးေနတဲ့ ဒရိုင္းမာတင္ကို မန္ေနဂ်ာလမ္းပတ္က အင္စတာဂရမ္ကေန follow လုပ္ခဲ့တယ္။ လမ္းပတ္ဟာ အျခားေသာ ကစားသမား အေကာင့္ေတြကိုလည္း follow လုပ္ေပမယ့္လို႔ လက္တေလာမွာ သတင္းၾကီးေနတာက မာတင္ျဖစ္ကာ ဝါရင့္တိုက္စစ္သမားကို လမ္းပတ္က အထူး ႏွစ္သက္တယ္လို႔ သိထားရတယ္။

အသက္ ၃၃ ႏွစ္ရွိျပီျဖစ္တဲ့ ဘယ္ဂ်ီယံသား တိုက္စစ္သမားဟာ ဒီရာသီမွာ နာပိုလီအတြက္ ျပိဳင္ပြဲစံု ၂၉ ပြဲ ကစားျပီး ကိုယ္တိုင္ ၁၂ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၆ ၾကိမ္ လုပ္ထားႏုိင္သူျဖစ္တယ္။ သူဟာ စီးရီးေအမွာ ပံုမွန္ ဂိုးသြင္းႏုိင္စြမ္းရွိသူျဖစ္ျပီး ဖန္တီးမႈေကာင္းတဲ့ တိုက္စစ္သမားအျဖစ္လည္း ထင္ရွားပါတယ္။

၂၀၁၃ ခုႏွစ္မွာ ပီအက္ဗီကေန ေျပာင္းေရႊ႔လာကတည္းက ဒရိုင္းမာတင္ဟာ နာပိုလီရဲ႕ အေတာက္ပဆံုး တိုက္စစ္သမား ျဖစ္လာခဲ့ပါတယ္။ ခ်ယ္ဆီးမန္ေနဂ်ာ ဖရန္႔လမ္းပတ္ဟာ တိုက္စစ္သမား ဒရိုင္းမာတင္ လန္ဒန္ကို ေျပာင္းလာဖို႔ ေန႔တိုင္းနီးပါး ဖုန္းဆက္ တိုက္တြန္းပါေၾကာင္းလည္း အီတလီ သတင္းေထာက္ၾကီး Vincenzo Morabito က ဖြင့္ခ်ထားခဲ့ပါေသးတယ္။

ခ်ယ္ဆီးဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔တည္းက မာတင္ကို ခ်ိတ္ဆက္ခဲ့ေပမယ့္ တရားဝင္ လုပ္ေဆာင္ႏုိင္ခဲ့ျခင္း မရွိဘူး။ တိုက္စစ္သမားေတြျဖစ္တဲ့ ေအဘရာဟမ္၊ ဘတ္ရႈဝါရီတို႔ရဲ႕ ကိစၥေတြကို စီမံရဦးမွာ ျဖစ္ေပမယ့္ လူငယ္ေတြမ်ားေနတဲ့ တိုက္စစ္ပိုင္းအတြက္ မာတင္ကို ၾကိဳးစားမႈကေတာ့ မန္ေနဂ်ာလမ္းပတ္ရဲ႕ ဦးစားေပး ျဖစ္လာေနခဲ့ပါျပီ။