ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (07-09-20)

ချယ်ဆီးအသင်းဟာ ဘာတန် အယ်ဘီယွန်ကနေ ဂိုးသမား တက်ဒီ ရှာမန်လိုဝီကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အသက် ၁၇နှစ် အရွယ် ကစားသမားဟာ ကီပါကို စိန်ခေါ်နိုင်ဦးမှာ မဟုတ်သေးတာကြောင့် ဒီရာသီအတွက် လိဂ်ဝမ်း ကလပ်မှာပဲ ဆက်နေပြီး တိုးတက်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဘတ်ရှူဝါရီဟာ ချယ်ဆီး ကနေ ဝက်စ်ဘရွန်းထံ အငှားနဲ့ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုရှိခဲ့ပါတယ်။ ချယ်ဆီးက သူ့ကို နောက်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မထွက်ခွာစေချင်တာကြောင့် စာချုပ်သစ် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။

ချယ်ဆီးနည်းပြလမ်းပတ်ဟာ ဒီနွေမှာ ဂိုးသမားနေရာအတွက် နစ်ပုပ်၊ မိုက်မစ်နန်တို့ အပါအဝင် ဂိုးသမားများစွာကို ပစ်မှတ်ထားခဲ့ပေမယ့် အီဒူရတ် မန်ဒီကိုခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ ရန်းနက်စ်ဂိုးသမားဟာ ယခု ချယ်ဆီးဂိုးနည်းပြဖြစ်တဲ့ ခရစ္စတိုဖီ လိုလီချွန်နဲ့ ယခင်က အတူ တွဲလုပ်ခဲ့ဖူးပါတယ်။

အေစီမီလန်ဟာ ချယ်ဆီးကွင်းလယ်လူဘာကာယိုကိုကို ခေါ်ယူနိုင်ဖို့နီးစပ်နေပြီလို့သိရပါတယ်။ သူဟာ စတန်းဖို့ဒ်ဘရစ်ခ်ျက လိုအပ်ချက်တွေ အတွက် လူပိုဖြစ်နေပေမယ့် ချယ်ဆီးက ဒီအပြောင်းအရွှေ့ကိုခွင့်ပြုပေးဖို့ ဝန်လေးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာကာယိုကိုကတော့ အပြောင်းအရွှေ့ဖြစ်မြောက်အောင် ကြိုးစားသွားဖို့ရှိနေတာပါ။

ချယ်ဆီးဟာ ရော့စ်ဘာကလေနဲ့ ဂျော်ဂျင်ဟိုကို ဒီနွေမှာ ထွက်ခွာခွင့်ပေးဖို့ ဖြစ်နိုင်ခြေရှိနေပါတယ်။ အခုအသင်းဟာ နေရာများစွာမှာ အင်အား တောင့်တင်းနေတာ ဖြစ်သလို လမ်းပတ်က လာမယ့်အပတ်တွေအတွင်း ကစားသမားအချို့ကိုရောင်းချဖို့ အလိုရှိနေပြီး အီမာဆန်၊ ဂျော်ဂျင်ဟိုနဲ့ ဘာကလေတို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

အတ္တလန္တာဟာ ရိုးမား ညာနောက်ခံလူ ကားဒေါ့စ်ကို ခေါ်ယူနိုင်ဖို့နီးစပ်ခဲ့ပေမယ့် အရှုပ်အထွေးတွေကြောင့် အပြောင်းအရွှေ့ မအောင်မြင်ခဲ့တဲ့ နောက် တခြားပစ်မှတ်ကို ချိန်ရွယ်နေပြီး ဘာဂါမိုကို အငှားပြန်သွားနိုင်ခြေရှိတဲ့ ဇာပါကော်စတာအတွက် ချယ်ဆီးထံ စုံစမ်းမေးမြန်းမှုတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်ဟာ ဒီနွေမှာ ချယ်ဆီးကွင်းလယ်လူ အန်ဂိုလို ကန်တေကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် ချယ်ဆီးက အနည်းဆုံး ပေါင်သန်း၆၀ ကမ်းလှမ်းမှုနဲ့မှ လက်ခံမှာဖြစ်တာကြောင့် အင်တာ အနေနဲ့ ကစားသမားရောင်းကာ ငွေရှာဖွေဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဘာတန္ အယ္ဘီယြန္ကေန ဂိုးသမား တက္ဒီ ရွာမန္လိုဝီကို ေခၚယူခဲ့ပါတယ္။ ဒါေပမယ့္ အသက္ ၁၇ႏွစ္ အ႐ြယ္ ကစားသမားဟာ ကီပါကို စိန္ေခၚႏိုင္ဦးမွာ မဟုတ္ေသးတာေၾကာင့္ ဒီရာသီအတြက္ လိဂ္ဝမ္း ကလပ္မွာပဲ ဆက္ေနၿပီး တိုးတက္ေအာင္ ၾကိဳးစားရမွာပဲ ျဖစ္ပါတယ္။

တိုက္စစ္မႉး ဘတ္ရႉဝါရီဟာ ခ်ယ္ဆီး ကေန ဝက္စ္ဘ႐ြန္းထံ အငွားနဲ႔ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္မႈရွိခဲ့ပါတယ္။ ခ်ယ္ဆီးက သူ႔ကို ေနာက္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ မထြက္ခြာေစခ်င္တာေၾကာင့္ စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ စီစဥ္ေနပါတယ္။

ခ်ယ္ဆီးနည္းျပလမ္းပတ္ဟာ ဒီေႏြမွာ ဂိုးသမားေနရာအတြက္ နစ္ပုပ္၊ မိုက္မစ္နန္တို႔ အပါအဝင္ ဂိုးသမားမ်ားစြာကို ပစ္မွတ္ထားခဲ့ေပမယ့္ အီဒူရတ္ မန္ဒီကိုေခၚယူဖို႔ စိတ္အားထက္သန္ေနပါတယ္။ ရန္းနက္စ္ဂိုးသမားဟာ ယခု ခ်ယ္ဆီးဂိုးနည္းျပျဖစ္တဲ့ ခရစၥတိုဖီ လိုလီခြၽန္နဲ႔ ယခင္က အတူ တြဲလုပ္ခဲ့ဖူးပါတယ္။

ေအစီမီလန္ဟာ ခ်ယ္ဆီးကြင္းလယ္လူဘာကာယိုကိုကို ေခၚယူႏိုင္ဖို႔နီးစပ္ေနၿပီလို႔သိရပါတယ္။ သူဟာ စတန္းဖို႔ဒ္ဘရစ္ခ္်က လိုအပ္ခ်က္ေတြ အတြက္ လူပိုျဖစ္ေနေပမယ့္ ခ်ယ္ဆီးက ဒီအေျပာင္းအေ႐ႊ႕ကိုခြင့္ျပဳေပးဖို႔ ဝန္ေလးေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဘာကာယိုကိုကေတာ့ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ေအာင္ ႀကိဳးစားသြားဖို႔ရွိေနတာပါ။

ခ်ယ္ဆီးဟာ ေရာ့စ္ဘာကေလနဲ႔ ေဂ်ာ္ဂ်င္ဟိုကို ဒီေႏြမွာ ထြက္ခြာခြင့္ေပးဖို႔ ျဖစ္ႏိုင္ေျခရွိေနပါတယ္။ အခုအသင္းဟာ ေနရာမ်ားစြာမွာ အင္အား ေတာင့္တင္းေနတာ ျဖစ္သလို လမ္းပတ္က လာမယ့္အပတ္ေတြအတြင္း ကစားသမားအခ်ိဳ႕ကိုေရာင္းခ်ဖို႔ အလိုရွိေနၿပီး အီမာဆန္၊ ေဂ်ာ္ဂ်င္ဟိုနဲ႔ ဘာကေလတို႔ ျဖစ္ႏိုင္ဖြယ္ရွိပါတယ္။

အတၱလႏၲာဟာ ႐ိုးမား ညာေနာက္ခံလူ ကားေဒါ့စ္ကို ေခၚယူႏိုင္ဖို႔နီးစပ္ခဲ့ေပမယ့္ အရႈပ္အေထြးေတြေၾကာင့္ အေျပာင္းအေ႐ႊ႕ မေအာင္ျမင္ခဲ့တဲ့ ေနာက္ တျခားပစ္မွတ္ကို ခ်ိန္႐ြယ္ေနၿပီး ဘာဂါမိုကို အငွားျပန္သြားႏိုင္ေျခရွိတဲ့ ဇာပါေကာ္စတာအတြက္ ခ်ယ္ဆီးထံ စုံစမ္းေမးျမန္းမႈေတြ လုပ္လာခဲ့တာျဖစ္ပါတယ္။

အင္တာမီလန္ဟာ ဒီေႏြမွာ ခ်ယ္ဆီးကြင္းလယ္လူ အန္ဂိုလို ကန္ေတကို ေခၚယူဖို႔ ဆႏၵရွိေနေပမယ့္ ခ်ယ္ဆီးက အနည္းဆုံး ေပါင္သန္း၆၀ ကမ္းလွမ္းမႈနဲ႔မွ လက္ခံမွာျဖစ္တာေၾကာင့္ အင္တာ အေနနဲ႔ ကစားသမားေရာင္းကာ ေငြရွာေဖြဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။