ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (07-09-20)

အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရင် အမှား လုပ်မိသလို ဖြစ်လိမ့်မယ်လို့ ဂျွန်ဘန်းစ်က သတိပေးပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဗန်ဒီဘိခ်ကို ခေါ်ယူခဲ့ပြီး ဖြစ်သလို ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာတို့ ရှိသေးတဲ့ ကွင်းလယ်မှာ ဂရီးလစ်ရှ်အတွက် နေရာ ရမှာမဟုတ်ဘူးလို့ ဘန်းစ်က ယုံကြည်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် နောက်ခံလူ တင်မိုသီ ဖိုဆူမန်ဆာက နိုင်ငံအသင်းနဲ့ ပွဲဦးထွက်ခွင့်ရခဲ့တဲ့ အူပါမီကာနို ကို ဆိုရှယ်မီဒီယာပေါ်မှာ ဂုဏ်ပြု စကား ဆိုခဲ့ပါတယ်။ ယူနိုက်တက်က ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အူပါမီကာနိုဟာ စနေနေ့ညက ဆွီဒင်ကို ၁-ဝနဲ့နိုင်ခဲ့တဲ့ပွဲမှာ နယ်သာလန် လက်ရွေး အသင်းအတွက် ပထမဆုံး စီနီယာပွဲ ကစားပေးခဲ့တာလဲ ဖြစ်ပါတယ်။

ရီးဒင်းဟာ စနေနေ့က ကိုလ်ချက်စတာကို အနိုင်ရပြီးနောက် ကာရာဘောင်းဖလား ဒုတိယ အဆင့်ကို ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၄ မှာ လူတန်တောင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့ဒီ့အဆင့်မှာ အနိုင်ရရှိတဲ့အသင်းဟာ နောက်တစ်ပတ် တတိယအဆင့်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

လိဒ် ယူနိုက်တက် အကယ်ဒမီထွက် အလန်စမစ်က သူဟာ ငယ်ငယ်တုန်းက ယူနိုက်တက်ကိုမုန်းတီးခဲ့တာကြောင့် အဲရစ်ကန်တိုနာ တစ်ယောက် ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့တဲ့နောက် အသင်း ဘတ်စ်ကားကို ခဲနဲ့ပေါက်ဖို့ ကြံရွယ်ခဲ့ဖူးကြောင်း ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသက်၁၈နှစ်အရွယ်ကစားသမား ကာရာမိုကို ကို ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုဖို့ လူတွေ့ စစ်ဆေးမှု လုပ်ခဲ့ ပေမယ့် တောင်ပံ ကစားသမားဟာ ကြံ့ခိုင်မှု အားနည်းပြီး ခံစစ်အထောက်အပံ့ပေးနိုင်မှု မလုံလောက်တာကို တွေ့ခဲ့ရတာကြောင့် ခေါ်ယူဖို့ မလုပ်တော့ဘူးလို့ သိရပါတယ်။

မန်စီးတီးဟာ ကူလီဘာလီနဲ့ ကာလရှည်ကြာချိတ်ဆက်နေခဲ့ပေမယ့် အခုချိန်ထိ စာချုပ်ချုပ်နိုင်ဖို့ နီးစပ်မှု မရှိသေးတာဖြစ်သလို မန်ချက်စတာ ယူနိုက်တက်က နာပိုလီနဲ့ စီးတီးရဲ့ အချိန်ယူနေရတဲ့ ညှိနှိုင်းမှုအပေါ်အခွင့်အရေးယူပြီး ကူလီဘာလီကို ကြားဖြတ်ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂျေဒန်ဆန်ချိုကို ခေါ်ယူမယ့်ကိစ္စကို အာရုံစိုက်ချင်တာကြောင့် ချယ်ဆီး ကစားသမားသစ်ဖြစ်လာတဲ့ လေဗာကူဆင် ကြယ်ပွင့် ကိုင်ဟားဗတ်ကို ပေါင် ၈၉ သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – အက္စ္တြန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ရွ္အေနနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ကို ေျပာင္းရင္ အမွား လုပ္မိသလို ျဖစ္လိမ့္မယ္လို႔ ဂြၽန္ဘန္းစ္က သတိေပးေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ဗန္ဒီဘိခ္ကို ေခၚယူခဲ့ၿပီး ျဖစ္သလို ဘ႐ူႏိုဖာနန္ဒက္စ္၊ ေပါ့ဘာတို႔ ရွိေသးတဲ့ ကြင္းလယ္မွာ ဂရီးလစ္ရွ္အတြက္ ေနရာ ရမွာမဟုတ္ဘူးလို႔ ဘန္းစ္က ယုံၾကည္ေနတာ ျဖစ္ပါတယ္။

ရီးဒင္းဟာ စေနေန႔က ကိုလ္ခ်က္စတာကို အႏိုင္ရၿပီးေနာက္ ကာရာေဘာင္းဖလား ဒုတိယ အဆင့္ကို ေရာက္ရွိခဲ့ၿပီး စက္တင္ဘာ ၁၄ မွာ လူတန္ေတာင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ အဲ့ဒီ့အဆင့္မွာ အႏိုင္ရရွိတဲ့အသင္းဟာ ေနာက္တစ္ပတ္ တတိယအဆင့္မွာ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ေတြ႕ဆုံဖို႔ရွိေနပါတယ္။

လိဒ္ ယူႏိုက္တက္ အကယ္ဒမီထြက္ အလန္စမစ္က သူဟာ ငယ္ငယ္တုန္းက ယူႏိုက္တက္ကိုမုန္းတီးခဲ့တာေၾကာင့္ အဲရစ္ကန္တိုနာ တစ္ေယာက္ ယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕ခဲ့တဲ့ေနာက္ အသင္း ဘတ္စ္ကားကို ခဲနဲ႔ေပါက္ဖို႔ ၾကံ႐ြယ္ခဲ့ဖူးေၾကာင္း ျပန္ေျပာင္း ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အသက္၁၈ႏွစ္အ႐ြယ္ကစားသမား ကာရာမိုကို ကို ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ လူေတြ႕ စစ္ေဆးမႈ လုပ္ခဲ့ ေပမယ့္ ေတာင္ပံ ကစားသမားဟာ ႀကံ့ခိုင္မႈ အားနည္းၿပီး ခံစစ္အေထာက္အပံ့ေပးႏိုင္မႈ မလုံေလာက္တာကို ေတြ႕ခဲ့ရတာေၾကာင့္ ေခၚယူဖို႔ မလုပ္ေတာ့ဘူးလို႔ သိရပါတယ္။

ယူႏိုက္တက္ ေနာက္ခံလူ တင္မိုသီ ဖိုဆူမန္ဆာက ႏိုင္ငံအသင္းနဲ႔ ပြဲဦးထြက္ခြင့္ရခဲ့တဲ့ အူပါမီကာႏို ကို ဆိုရွယ္မီဒီယာေပၚမွာ ဂုဏ္ျပဳ စကား ဆိုခဲ့ပါတယ္။ ယူႏိုက္တက္က ေခၚယူဖို႔စိတ္ဝင္စားေနတဲ့ အူပါမီကာႏိုဟာ စေနေန႔ညက ဆြီဒင္ကို ၁-၀နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ နယ္သာလန္ လက္ေရြး အသင္းအတြက္ ပထမဆုံး စီနီယာပြဲ ကစားေပးခဲ့တာလဲ ျဖစ္ပါတယ္။

မန္စီးတီးဟာ ကူလီဘာလီနဲ႔ ကာလရွည္ၾကာခ်ိတ္ဆက္ေနခဲ့ေပမယ့္ အခုခ်ိန္ထိ စာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔ နီးစပ္မႈ မရွိေသးတာျဖစ္သလို မန္ခ်က္စတာ ယူႏိုက္တက္က နာပိုလီနဲ႔ စီးတီးရဲ႕ အခ်ိန္ယူေနရတဲ့ ညႇိႏႈိင္းမႈအေပၚအခြင့္အေရးယူၿပီး ကူလီဘာလီကို ၾကားျဖတ္ေခၚယူႏိုင္ဖြယ္ ရွိေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ဟာ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူမယ့္ကိစၥကို အာ႐ုံစိုက္ခ်င္တာေၾကာင့္ ခ်ယ္ဆီး ကစားသမားသစ္ျဖစ္လာတဲ့ ေလဗာကူဆင္ ၾကယ္ပြင့္ ကိုင္ဟားဗတ္ကို ေပါင္ ၈၉ သန္းနဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။