တစ်ပွဲကျန် နှစ်မှတ်အကွာ အနေအထားမှာ ဘယ်လိုတွေ ဖြစ်ရင် အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မလဲ

မနေ့ညက လန်ဒန်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးက တော့တင်ဟမ် စပါးအသင်းကို ၂-၀ ဖြင့် အနိုင်ယူခဲ့တာကြောင့် အမှတ်ပေးဇယားမှာ အာဆင်နယ်ကို ၂ မှတ်ဖြတ်ကာ ဇယားထိပ် နေရာယူကို ရယူသွားခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ရာသီသိမ်းပွဲမှာ အာဆင်နယ်က မာဆေးဆိုဒ်ကလပ် အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ကာ မန်စီးတီးကတော့ လန်ဒန်ကလပ် ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကလပ် ၂ သင်းကြားမှာ ရမှတ် ၂ မှတ် ကွာဟနေတာဖြစ်ကာ ဂိုးပေါင်းမှာတော့ အာဆင်နယ်က ၁ ဂိုး အသာရနေတာဖြစ်ပါတယ်။ ထိပ်တိုက် တွေ့ဆုံမှုတွေအတွက်တော့ အာဆင်နယ်က မန်စီးတီးကို အသာစီးရထားပါတယ်။

ဒီတော့ နောက်ဆုံးပွဲစဉ်မှာ ဘယ်လို အခြေအနေတွေ ဖြစ်သွားရင် အာဆင်နယ် ဘယ်လိုရလဒ်ထွက်ရင် ချန်ပီယံ ဖြစ်မလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

  • အကယ်လို့ ရာသီသိမ်းပွဲမှာ မန်စီးတီးက အနိုင်ရခဲ့ရင် မန်စီးတီးပဲ ချန်ပီယံဖြစ်ပါမယ်။ အာဆင်နယ်က ဒုတိယပဲ ရပါမယ်။
  • မန်စီးတီးက သရေကျခဲ့မယ်ဆိုရင် တဖက်မှာ အာဆင်နယ်က အဲဗာတန်ကို အနိုင်ရပါက အာဆင်နယ် ချန်ပီယံဖြစ်ပါမယ်။
  • မန်စီးတီး ရှုံးခဲ့မယ်ဆိုရင် အာဆင်နယ် နိုင်ပွဲယူနိုင်ပါက ချန်ပီယံဖြစ်ပါမယ်။

ဒါကြောင့် ချန်ပီယံ ဖြစ်ဖို့ ဆိုရင် အာဆင်နယ်အသင်းဟာ ပွဲစဉ် ၃၈ ကို သေချာပေါက် အနိုင်ရလဒ် ရယူနိုင်ရမှာဖြစ်ကာ ပြိုင်ဘက် မန်စီးတီးအသင်း ခြေချော်ဖို့ကိုလည်း ဆုတောင်းနေရမှာ ဖြစ်ပါတယ်။