လာမယ့် ဘောလုံးရာသီ အပြောင်းအရွှေ့ ကာလနှစ်ခု အတွက် အရေးကြီး နေ့ရက်တွေကို ပရီးမီးယားလိဂ် သတ်မှတ် ကြေညာ

ပရီးမီးယားလိဂ် ကတော့ လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ နွေအပြောင်းအရွှေ့နဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ တွေ အတွက် အရေးကြီး နေ့ရက်တွေ ဖြစ်တဲ့ ပိတ်ရက်၊ ဖွင့်ရက်တွေကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ပထမဆုံးသော အပြောင်းအရွှေ့ ဈေးကွက်ကိုတော့ ဇွန်လ ၁၄ ရက်နေ့မှာ ဖွင့်မှာဖြစ်ကာ ဩဂုတ်လ ၃၀ ရက် သောကြာနေ့ ည ၁၁ နာရီမှာ ပိတ်သွားဖို့ စီစဉ်ထားပါတယ်။

ယခင်နှစ်တွေတုန်းကတော့ စက်တင်ဘာလ ၁ ရက်နေ့ထိ အရောင်းအဝယ် လုပ်ခွင့်ရှိပေမယ့် လာမယ့်ဘောလုံးရာသီမှာ ဈေးကွက်ပိတ်ရက်ကို ရှေ့တိုးလိုက်ပြီ ဖြစ်ပါတယ်။

ဆောင်းရာသီ ဈေးကွက်ကို နှစ်သစ်ကူးနေ့မှာ စတင်ဖွင့်မှာဖြစ်ကာ နောက် နည်းနည်းဆုတ်ပေးထားကာ ဖေဖော်ဝါရီလ ၃ ရက် တနင်္လာနေ့မှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

လာမယ့်နွေဈေးကွက် ဖွင့်တာနဲ့ ကစားသမား ခေါ်ယူမှု ရောင်းချမှုတွေ လုပ်ဖို့ ကလပ်အသင်းတွေကတော့ အခုတည်းက ကနဦး ဆွေးနွေးမှု၊ ချဉ်းကပ်မှုတွေ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။