ရာသီကုန်ခါနီးလေ ခြေတွေ့လေ ဖြစ်နေတဲ့ ချယ်ဆီးအသင်း ဘုန်းမောက်ကို ဘယ်နှဂိုး သွင်းမလဲ ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်

ရာသီကုန်ခါနီးလေ ခြေတွေ့လေ ဖြစ်နေတဲ့ ချယ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈၊ နောက်ဆုံးပွဲမှာ ဘုန်းမောက် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ တနင်္ဂနွေည ၉နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ ချယ်ဆီး – ဘုန်းမောက် ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” ဒီပွဲမှာ ဘယ်လိုရလဒ်ပဲ ထွက်ပါစေ ဘုန်းမောက်အတွက်က ဘောလုံးရာသီကောင်း တစ်ခု ဖြစ်နေမှာပါ။

ချယ်ဆီးကလည်း ၄ ပွဲဆက်တိုက် အနိုင်ရတာကြောင့် အဆင့် ၅ နေရာက စပါးကို တကယ်ကိုပဲ ခြိမ်းခြောက်နေပါပြီ။ အဆင့် ၅ နေရာ ဝင်ယူနိုင်ရင် ချယ်ဆီးအတွက် အမှတ်ရစေမယ့် ဘောလုံးရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကျနော်ကတော့ ချယ်ဆီးတို့ အနိုင်ရသွားမယ် ထင်ပါတယ်။ ပါလ်မာကလည်း ဂိုးသွင်းနိုင်ပါလိမ့်မယ်။ ချယ်ဆီးက ပုံစံကောင်းရနေတာဖြစ်ပြီး သူတို့ ကစားနေပုံအရ ဒီပွဲကို အနိုင်ရနိုင်ခြေ ရှိပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၃-၁ ဘုန်းမောက် ဖြစ်ပါတယ်။