ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (07-09-20)

အာဆင်နယ်ဟာ ဒီနွေမှာ ဘာစီလိုနာကြယ်ပွင့် အမ်တီတီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ အဖိုးတန် ကစားသမားဖြစ်ပေမယ့် အမ်တီတီဟာ ပြင်သစ်နောက်ခံလူဟာ ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရသူ ဖြစ်ပြီး နည်းပြသစ် ကိုးမန်းဟာ သူ့အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်နေတာကြောင့် အမ်တီတီကို အလွတ် ထွက်ခွာခွင့်ပေးနိုင်ကြောင်း စပိန်သတင်းတွေက ဖော်ပြထားပါတယ်။

အာဆင်နယ်ဟာ ဝါရင့် နောက်ခံလူ ဟက်တာဘယ်လာရင်ကို ထွက်ခွာခွင့် ပေးတော့မှာဖြစ်သလို ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စား ပါတယ်။ ဒါ့အပြင် ကိုင်ဟားဗတ်ကို ရောင်းချခဲ့ရတဲ့ လေဗာကူဆင်ကလဲ ဘယ်လာရင်ကို ခေါ်ယူချင်နေပါတယ်။

လက်စတာစီးတီးဟာ စက်တင်ဘာ ၂၃ မှာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲအဖြစ် အာဆင်နယ်ကို ကင်းပါဝါကွင်းမှာ လက်ခံ ကစားရမှာဖြစ်ပါတယ်။ ဒါဟာ လိဂ်ဖလားမှာ ဒီနှစ်သင်းတွေ့ဆုံမှု တတိယအကြိမ်ဖြစ်ပြီး ၁၉၇၄တုန်းကတော့ လက်စတာက ပြန်ကန်ပွဲမှာ အနိုင်ရခဲ့ကာ ၁၉၉၁ ပြန်ကန်ပွဲမှာတော့ အာဆင်နယ်က အနိုင်ရခဲ့ဖူးပါတယ်။

နယူးကာဆယ်က ဂန်းနား တိုက်စစ်မှူး အန်ကတ်တီရာကို စိန့် ဂျိမ်းစ်ပက်ခ်ထံ အငှားခေါ်ယူဖို့ စိတ်အားထက်သန်နေသလို အသက် ၂၁နှစ် အရွယ် ကစားသမားဟာ အသင်းကြီး ပုံမှန်ကစားခွင့်ရဖို့အတွက် အာဆင်နယ်ကနေ ယာယီထွက်ခွာနိုင်ဖွယ် ရှိနေပါတယ်။

စီးရီးအေ ကလပ် ဆမ်ဒိုးရီးယားဟာ အာဆင်နယ်ကစားသမား မိုဟာမက် အယ်နီနီကို အငှားခေါ်ယူဖို့စိတ်အားထက်သန်နေပါတယ်။ အီဂျစ် ကစားသမား ဟာ မနှစ်က အငှား ကစားခဲ့တဲ့ ဘီဆစ်တက်ကို ပြန်ဖို့ထင်ကြေးပေးခံခဲ့ရပေမယ့် အီတလီကလပ်က တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပြီး ၎င်းရဲ့စာချုပ်က အာဆင်နယ်မှာ ၂၀၂၂ မတိုင်ခင်အထိ ရှိနေတာပဲဖြစ်ပါတယ်။

အာဆင်နယ်ဟာ ကွင်းလယ်လူ သောမတ်စ် ပါတေးအတွက် အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးဖို့ ပြီးခဲ့တဲ့လက အက်သလက်တီကိုနဲ့ တွေ့ဆုံမှု လုပ်ခဲ့ပါတယ်။ ဂန်းနားတွေဟာ အက်သလက်တီကိုရဲ့ ခေါ်ဈေး ပေါင်၄၅သန်းကို မပေးနိုင်တာကြောင် ဂွမ်ဒူဇီ၊ လာကာဇက်တို့ကို အလိုက်ပေးပြီး ကမ်းလှမ်းနိုင်ဖွယ် ရှိနေပါတယ်။

အာဆင်နယ်ဟာ လိုင်လီကနေ ဂေဘရီရယ် မက်ဂါးလက်စ်ကို ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် ဗဟို နောက်ခံလူအ သစ်တစ်ယောက်တော့ ခေါ်ယူလိုနေဆဲ ဖြစ်ပြီး ဂျူဗင်တပ် ဗဟိုနောက်ခံလူ ဒီမီရယ်က ပစ်မှတ်ထားနေကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက သတင်းပေးခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ လူးကပ်စ်တော်ရဲရားဟာ စီးရီးအေကိုပြန်ဖို့ ချိတ်ဆက်မှုတွေ ရှိနေပြီး ဖီအိုရင်တီးနားနဲ့ တိုရီနိုတို့က စိတ်ဝင်စား နေပါတယ်။ အာဆင်နယ်က တော်ရဲရားကို ထွက်ခွာခွင့်ပေးဖို့ အဆင်သင့်ဖြစ်နေပြီး လာဇီယို အသင်းထံ ပြောင်းဖို့ သတင်းထွက်ခဲ့ပေမယ့် လာဇီယိုဘက်က ငြင်းပယ်ထားပါတယ်။

Zawgyi – အာဆင္နယ္ဟာ ဒီေႏြမွာ ဘာစီလိုနာၾကယ္ပြင့္ အမ္တီတီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။ အဖိုးတန္ ကစားသမားျဖစ္ေပမယ့္ အမ္တီတီဟာ ျပင္သစ္ေနာက္ခံလူဟာ ဒဏ္ရာနဲ႔ ႐ုန္းကန္ခဲ့ရသူ ျဖစ္ျပီး နည္းျပသစ္ ကိုးမန္းဟာ သူ႔အသင္းကို ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ခ်င္ေနတာေၾကာင့္ အမ္တီတီကို အလြတ္ ထြက္ခြာခြင့္ေပးႏိုင္ေၾကာင္း စပိန္သတင္းေတြက ေဖာ္ျပထားပါတယ္။

အာဆင္နယ္ဟာ ဝါရင့္ ေနာက္ခံလူ ဟက္တာဘယ္လာရင္ကို ထြက္ခြာခြင့္ ေပးေတာ့မွာျဖစ္သလို ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ အသင္းတို႔က စိတ္၀င္စား ပါတယ္။ ဒါ့အျပင္ ကိုင္ဟားဗတ္ကို ေရာင္းခ်ခဲ့ရတဲ့ ေလဗာကူဆင္ကလဲ ဘယ္လာရင္ကို ေခၚယူခ်င္ေနပါတယ္။

လက္စတာစီးတီးဟာ စက္တင္ဘာ ၂၃ မွာ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲအျဖစ္ အာဆင္နယ္ကို ကင္းပါဝါကြင္းမွာ လက္ခံ ကစားရမွာျဖစ္ပါတယ္။ ဒါဟာ လိဂ္ဖလားမွာ ဒီႏွစ္သင္းေတြ႕ဆုံမႈ တတိယအႀကိမ္ျဖစ္ၿပီး ၁၉၇၄တုန္းကေတာ့ လက္စတာက ျပန္ကန္ပြဲမွာ အႏိုင္ရခဲ့ကာ ၁၉၉၁ ျပန္ကန္ပြဲမွာေတာ့ အာဆင္နယ္က အႏိုင္ရခဲ့ဖူးပါတယ္။

နယူးကာဆယ္က ဂန္းနား တိုက္စစ္မႉး အန္ကတ္တီရာကို စိန္႔ ဂ်ိမ္းစ္ပက္ခ္ထံ အငွားေခၚယူဖို႔ စိတ္အားထက္သန္ေနသလို အသက္ ၂၁ႏွစ္ အ႐ြယ္ ကစားသမားဟာ အသင္းႀကီး ပုံမွန္ကစားခြင့္ရဖို႔အတြက္ အာဆင္နယ္ကေန ယာယီထြက္ခြာႏိုင္ဖြယ္ ရွိေနပါတယ္။

စီးရီးေအ ကလပ္ ဆမ္ဒိုးရီးယားဟာ အာဆင္နယ္ကစားသမား မိုဟာမက္ အယ္နီနီကို အငွားေခၚယူဖို႔စိတ္အားထက္သန္ေနပါတယ္။ အီဂ်စ္ ကစားသမား ဟာ မႏွစ္က အငွား ကစားခဲ့တဲ့ ဘီဆစ္တက္ကို ျပန္ဖို႔ထင္ေၾကးေပးခံခဲ့ရေပမယ့္ အီတလီကလပ္က တစ္ရာသီ အငွားနဲ႔ ေခၚယူႏိုင္ဖြယ္ရွိေနၿပီး ၎ရဲ႕စာခ်ဳပ္က အာဆင္နယ္မွာ ၂၀၂၂ မတိုင္ခင္အထိ ရွိေနတာပဲျဖစ္ပါတယ္။

အာဆင္နယ္ဟာ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအတြက္ အေျပာင္းအေ႐ႊ႕ကိစၥကို ေဆြးေႏြးဖို႔ ၿပီးခဲ့တဲ့လက အက္သလက္တီကိုနဲ႔ ေတြ႕ဆုံမႈ လုပ္ခဲ့ပါတယ္။ ဂန္းနားေတြဟာ အက္သလက္တီကိုရဲ႕ ေခၚေဈး ေပါင္၄၅သန္းကို မေပးႏိုင္တာေၾကာင္ ဂြမ္ဒူဇီ၊ လာကာဇက္တို႔ကို အလိုက္ေပးၿပီး ကမ္းလွမ္းႏိုင္ဖြယ္ ရွိေနပါတယ္။

အာဆင္နယ္ဟာ လိုင္လီကေန ေဂဘရီရယ္ မက္ဂါးလက္စ္ကို ေခၚယူခဲ့ၿပီးျဖစ္ေပမယ့္ ဗဟို ေနာက္ခံလူအ သစ္တစ္ေယာက္ေတာ့ ေခၚယူလိုေနဆဲ ျဖစ္ၿပီး ဂ်ဴဗင္တပ္ ဗဟိုေနာက္ခံလူ ဒီမီရယ္က ပစ္မွတ္ထားေနေၾကာင္း အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏိုက သတင္းေပးခဲ့ပါတယ္။

အာဆင္နယ္ ကြင္းလယ္လူ လူးကပ္စ္ေတာ္ရဲရားဟာ စီးရီးေအကိုျပန္ဖို႔ ခ်ိတ္ဆက္မႈေတြ ရွိေနၿပီး ဖီအိုရင္တီးနားနဲ႔ တိုရီႏိုတို႔က စိတ္ဝင္စား ေနပါတယ္။ အာဆင္နယ္က ေတာ္ရဲရားကို ထြက္ခြာခြင့္ေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီး လာဇီယို အသင္းထံ ေျပာင္းဖို႔ သတင္းထြက္ခဲ့ေပမယ့္ လာဇီယိုဘက္က ျငင္းပယ္ထားပါတယ္။