ချယ်ဆီးအသင်းဟာ ဒီတပတ်ထဲမှာ ပိုချက်တီနိုနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီး အနာဂတ် အတွက် ဆုံးဖြတ်မယ်လို့ သိရပါတယ်။ ချယ်ဆီးဟာ ပိုချက်တီနို ကို ဆက်ထားဖို့ မသေချာသေးဘဲ ထုတ်ပယ်ဖွယ် ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ဂန္တဝင် ကစားသမားကြီး တိုနီခရူးစ် ကတော့ ဂျာမနီအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ပြီးရင် ဘောလုံး ကစားခြင်းကနေ အနားယူတော့မယ်လို့ ရုတ်တရက် ကြေညာလိုက်ပါတယ်။
မန်စီးတီး ဂိုးသမား အီဒါဆန်က ဒီနွေမှာ ကမ်းလှမ်းမှုကောင်းတွေ ရရှိရင် လက်ခံစဉ်းစားပြီး အသင်းပြောင်းဖွယ် ရှိနေပါတယ်။ အီဒါဆန်ကို ဆော်ဒီပရိုလိဂ် ကလပ်တွေဘက်ကလည်း စိတ်ဝင်စားမှု ရှိနေပါတယ်။
တိုက်စစ်အင်အားဖြည့်ဖို့ စဉ်းစားနေတဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ် ပစ်မှတ် စာရင်းမှာ ဘရန့်ဖို့ဒ်မှ တိုနေး၊ နယူးကာဆယ်ရဲ့ အိုင်ဆက်နဲ့ အေဂျက်ရဲ့ ဘရိုင်ယန် ဘရော့ဘီတို့ကို ထည့်သွင်းထားကြောင်း The Independent သတင်းက ဆိုပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပစ်မှတ်ဟောင်း ဖြစ်တဲ့ ကွင်းလယ် ကစားသမား ရာဘီရော့ဘ်ကို အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်နေပါတယ်။
လီဗာပူးအသင်းဟာ နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုး ကို စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် နဲ့ ဂျူဗင်တပ် အသင်းတို့ စိတ်ဝင်စားနေတဲ့ နည်းပြ သီယာဂို မော့တာ ကို စီးရီးအေကလပ် ဘိုလော့ညာကတော့ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားပါတယ်။