ဂန္တဝင်ကြီး တိုနီခရူးစ် နေရာ အစားထိုးဖို့ လီဗာပူး ကစားသမား အပါအဝင် ရီးရဲလ်မက်ဒရစ် ချိန်ရွယ်နေတဲ့ ပစ်မှတ်များ

ရီးရဲလ်မက်ဒရစ် အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီး ဘောလုံးကစားခြင်းကနေ အနားယူတော့မယ့် ကွင်းလယ်လူ တိုနီခရူးစ် နေရာ အစားထိုးဖို့ ကစားသမား ရှာဖွေမှု စတင်နေပြီဖြစ်ပါတယ်။

အင်္ဂါနေ့ကပဲ တိုနီခရူးစ်က ဒီရာသီဟာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ နောက်ဆုံး ဘောလုံးရာသီဖြစ်ကြောင်း ကြေညာခဲ့တာပါ။ သူ့ကို ဆော်ဒီနဲ့ မေဂျာလိဂ်တွေဘက်က သဘောကျမှုရှိပေမယ့် ကစားသမားကတော့ အနားယူဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

အသက် ၂၀ အရွယ်တည်းက ရီးရဲလ်ကို ပြောင်းလာခဲ့တဲ့ တိုနီခရူးစ်ဟာ မက်ဒရစ်ကလပ်အတွက် ဆယ်စုနှစ်ကြာ ကစားပေးခဲ့ပါတယ်။ သူ့နေရာ အစားထိုးဖို့က ခက်ခဲပေမယ့် ရီးရဲလ်မက်ဒရစ်က ပစ်မှတ် ၂ ဦးကို ချိန်ရွယ်လာပါတယ်။

ပထမတစ်ဦးကတော့ ၂၀၂၅ ခုနှစ်မှာ လေဗာကူဆင်ကနေ ထွက်ခွာခွင့်ရဖွယ်ရှိတဲ့ ဂျာမနီကွင်းလယ်လူ ဝက်ဇ်ပဲ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကြယ်ပွင့်ဟာ ဒီရာသီမှာ အထူး ခြေစွမ်းပြနေပြီး ဘွန်ဒက်လီဂါမှာ ကိုယ်တိုင် ၁၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်ထားနိုင်ပါတယ်။

နောက်ထပ်တစ်ဦးကတော့ လီဗာပူးမှ ကွင်းလယ်လူ မက်ကယ်လစ္စတာဖြစ်ပါတယ်။ တောင်အမေရိကသား တစ်ယောက်ဖြစ်တာမို့ စပိန်မြေမှာ အခြေကျဖို့ဆိုတာ မခက်ခဲပါဘူး။ သူ့ကို လီဗာပူးဘက်က ခပ်လွယ်လွယ် ထွက်ခွင့်မပေးမှာကပဲ မက်ဒရစ်အတွက် ပြဿနာဖြစ်ပါတယ်။

ရီးရဲလ် မက်ဒရစ်ကတော့ ခရူးစ် နေရာ အစားထိုးဖို့ကို ဒီနွေမှာထက် ၂၀၂၅ နွေမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။