ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (07/09/20)

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အသည်းအသန် ကြိုးစားနေတဲ့ ဆန်ချို ထက် ဗဟိုခံစစ်မှူး တစ်ဦးကိုသာ မဖြစ်မနေ ခေါ်ယူသင့်ကြောင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က နည်းပြ ဆိုးရှားအား တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဗန်ဒီဘိခ် အနေနဲ့ မန်ချက်စတာယူနိုက်တက်ဟာ စပိန်မှာ ကစားတာထက် သူ့အတွက် ပိုမိုသင့်တော်တဲ့ နေရာ ဖြစ်ကြောင်း ဟော်လန် လက်ရွေးစင်ဟောင်း ရှနိုက်ဒါလင်က ထောက်ခံလိုက်ပါတယ်။

ပေါ်တိုအသင်းမှ ဘယ်စွန်ခံစစ်မှူး တဲလက်စ်ဟာ ရုတ်တရက် မန်ချက်စတာယူနိုက်တက်ထံ ပြောင်းရွှေ့လာဖို့ သတင်းကြီးလာပြီး ၎င်းရဲ့ အေးဂျင့် ဖြစ်သူကလည်း အပြောင်းအရွှေ့ အတွက် ညှိနှိုင်းဖို့ မန်ချက်စတာ သို့ ရောက်ရှိနေကြောင်း သိရပါတယ်။

ရှက်ဖီးယူနိုက်တက်နဲ့ အတူ နှစ်ရာသီကြာ အငှားကစားပြီး ပြန်လာတဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးရဲ့ ဖိအားဒဏ်တွေကို ရင်ဆိုင်ဖို့ အသင်း အနေအထား ရှိနေပြီ ဖြစ်ကြောင်း ခရစ္စဘာတန်က သုံးသပ်သွားပါတယ်။

ယူနိုက်တက် လူငယ် ဂရင်းဝုဒ်နဲ့ စီးတီးလူငယ် ဖိုဒန်တို့ဟာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ရှိစဉ် အသင်းဟိုတယ်သို့ မိန်းကလေး အခန်းထဲ ခေါ်ယူခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှု ခံယူရတော့မှာ ဖြစ်ပြီး အင်္ဂလန်လေ့ကျင့်ရေးကနေ ထုတ်ပယ်ခံရဖွယ်ပါ ရှိနေပါတယ်။

ဂရင်းဝုဒ်ရဲ့ အဆိုပါ လုပ်ရပ်အပေါ် မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကလည်း စိတ်ပျက်နေပြီး ကလပ်အသင်းအနေနဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ စစ်ဆေးကာ အရေးယူ အပြစ်ပေးဖို့ ရှိနေကြောင်း မန်ချက်စတာ သတင်းမှာ ဖော်ပြထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ အေနနဲ႕ အသည္းအသန္ ၾကိဳးစားေနတဲ့ ဆန္ခ်ိဳ ထက္ ဗဟိုခံစစ္မွဴး တစ္ဦးကိုသာ မျဖစ္မေန ေခၚယူသင့္ေၾကာင္း တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က နည္းျပ ဆိုးရွားအား တိုက္တြန္း ေျပာဆိုလိုက္ပါတယ္။

ဗန္ဒီဘိခ္ အေနနဲ႕ မန္ခ်က္စတာယူနိုက္တက္ဟာ စပိန္မွာ ကစားတာထက္ သူ႔အတြက္ ပိုမိုသင့္ေတာ္တဲ့ ေနရာ ျဖစ္ေၾကာင္း ေဟာ္လန္ လက္ေရြးစင္ေဟာင္း ရွနိုက္ဒါလင္က ေထာက္ခံလုိက္ပါတယ္။

ေပၚတိုအသင္းမွ ဘယ္စြန္ခံစစ္မွဴး တဲလက္စ္ဟာ ရုတ္တရက္ မန္ခ်က္စတာယူနိုက္တက္ထံ ေျပာင္းေရႊ႕လာဖို႔ သတင္းၾကီးလာျပီး ၄င္းရဲ႕ ေအးဂ်င့္ ျဖစ္သူကလည္း အေျပာင္းအေရႊ႕ အတြက္ ညွိနိႈင္းဖို႔ မန္ခ်က္စတာ သို႔ ေရာက္ရွိေနေၾကာင္း သိရပါတယ္။

ရွက္ဖီးယူနိုက္တက္နဲ႕ အတူ နွစ္ရာသီၾကာ အငွားကစားျပီး ျပန္လာတဲ့ ဂိုးသမား ဒင္းဟန္ဒါဆန္ဟာ မန္ခ်က္စတာ ယူနိုက္တက္လို အသင္းၾကီးရဲ႕ ဖိအားဒဏ္ေတြကို ရင္ဆိုင္ဖို႔ အသင္း အေနအထား ရွိေနျပီ ျဖစ္ေၾကာင္း ခရစၥဘာတန္က သံုးသပ္သြားပါတယ္။

ယူနိုက္တက္ လူငယ္ ဂရင္း၀ုဒ္နဲ႕ စီးတီးလူငယ္ ဖိုဒန္တို႕ဟာ အဂၤလန္ လက္ေရြးစင္ အသင္းနဲ႕ အတူ ရွိစဥ္ အသင္းဟိုတယ္သို႔ မိန္းကေလး အခန္းထဲ ေခၚယူခဲ့တာေၾကာင့္ စံုစမ္းစစ္ေဆးမႈ ခံယူရေတာ့မွာ ျဖစ္ျပီး အဂၤလန္ေလ့က်င့္ေရးကေန ထုတ္ပယ္ခံရဖြယ္ပါ ရွိေနပါတယ္။

ဂရင္း၀ုဒ္ရဲ႕ အဆိုပါ လုပ္ရပ္အေပၚ မန္ခ်က္စတာ ယူနုိက္တက္ အသင္းဘက္ကလည္း စိတ္ပ်က္ေနျပီး ကလပ္အသင္းအေနနဲ႕ စည္းကမ္းထိန္းသိမ္းေရးနဲ႕ စစ္ေဆးကာ အေရးယူ အျပစ္ေပးဖို႔ ရွိေနေၾကာင္း မန္ခ်က္စတာ သတင္းမွာ ေဖာ္ျပထားပါတယ္။