အာဆင်နယ် နည်းပြ အာတီတာကတော့ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရပ်ဖို့ဒ်ကို ခေါ်ယူရေး အတွက် ကိုယ်တိုင် ကစားသမားနဲ့ ဒီသီတင်းပတ်တွေ အတွင်း ဆက်သွယ် စကားပြောထားကြောင်း အံ့အားသင့်ဖွယ် သတင်း ထွက်လာပါတယ်။
ရပ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ခက်ခဲတဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့ရပြီး ခြေစွမ်းပိုင်း ကျဆင်းသလို သရဲနီ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ များစွာလည်း ခံယူခဲ့ရပါတယ်။ ဒါ့အပြင် ဒီနွေမှာ ပြုလုပ်မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန် အသင်းကနေပါ ချန်လှပ်ခံခဲ့ရတာပါ။
နာမည်ကြီး အာဆင်နယ် ဘလော့ဂါ တစ်ဦး ဖြစ်တဲ့ AFCAMDEN က ” ဒီတလော သီတင်းပတွေ အတွင်းမှာပဲ အာတီတာက ရက်ဖို့ဒ်နဲ့ စကားပြောဆိုထားတယ်လို့ သတင်းရထားပါတယ်။ ” လို့ တွစ်တာကနေ ဖော်ထုတ်လာခဲ့ပါတယ်။
” နှစ်ဦးနှစ်ဘက်လုံးကတော့ ဒီအပြောင်းအရွှေ့ကို စိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ကျွန်တော်တို့ဆီကို ရက်ဖို့ဒ် ရောင်းချင်ပါ့မလား ကြည့်ရဦးမှာပါ။ ကျွန်တော့် တကိုယ်ရည် အမြင်အရကတော့ ဖြစ်လာဖို့ ခက်လိမ့်မယ်။ ဒါပေမယ့် သူ့ကိုသာ အာဆင်နယ်ရမယ်ဆိုရင် သိပ်လိုချင်တာပေါ့ဗျာ။ ” လို့ ၎င်းကပဲ ဆက်လက် ရေးသားထားခဲ့ပါတယ်။
အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းကြား ကစားသမား ရောင်းဝယ်မှုက သိပ်တော့ မြင်ရလေ့ မရှိဘဲ ပြီးခဲ့တဲ့ ဆယ်နှစ်တာ အတွင်းမှာ ဝဲလ်ဘက်၊ မီခီတာရန်တို့ ယူနိုက်တက်ကနေ အာဆင်နယ်သို့ သွားဖူးတာနဲ့ ပြောင်းပြန် အနေအထား အဖြစ် ဗန်ပါစီ၊ ဆန်းချက်တို့ ယူနိုက်တက်ထံ ပြောင်းခဲ့ဖူးတာသာ ရှိပါတယ်။